ဘူးသီးတောင်မြို့တွင် အကြမ်းဖက်သင်တန်း တက်ရောက်ပြီးသူများ ရောက်ရှိနေကြောင်း သတင်းအရ မသင်္ကာသူ ၄၉ ဦးကို စစ်ဆေးရာ ၂၃ ဦးမှာ အကြမ်းဖက်အဖွဲ့များနှင့် ပတ်သက်နေကြောင်း စစ်ဆေးတွေ့ရှိ

ဘူးသီးတောင်မြို့တွင် အကြမ်းဖက်သင်တန်း တက်ရောက်ပြီးသူများ ရောက်ရှိနေကြောင်း သတင်းအရ မသင်္ကာသူ ၄၉ ဦးကို စစ်ဆေးရာ ၂၃ ဦးမှာ အကြမ်းဖက်အဖွဲ့များနှင့် ပတ်သက်နေကြောင်း စစ်ဆေးတွေ့ရှိ
Published 19 August 2017

နယ်မြေ (၁၁) ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာ အုပ်စုတွင် အကြမ်းဖက်သင်တန်း တက်ရောက်ပြီးသူများ ရောက်ရှိနေကြောင်း သတင်းအရ သြဂုတ် ၁၅ ရက် နံနက် ၅ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က လှည့်ကင်းဆောင်ရွက်ရာ ဦးလှဖေ(မြောက်)ကျေးရွာနေ မသင်္ကာဖွယ် တွေ့ရှိသူ ရော်ကိန်း(ခ)ဖူဟမ်း (၂၇)နှစ်ပါ အမျိုးသား ၄၉ ဦးအား ညောင်ချောင်းနယ်မြေရုံးသို့ ခေါ်ဆောင်စစ်ဆေးခဲ့ရာ ၂၃ ဦးမှာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သက်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူရန် စီစဉ်လျက်ရှိကြောင်းနှင့် ကျန် ၁၄ ဦးအား ဆက်လက်စစ်ဆေးနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သြဂုတ် ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေ (၁၁)ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာ အုပ်စုတွင် အကြမ်းဖက်သင်တန်း တက်ရောက်ပြီးသူများ ရောက်ရှိနေကြောင်း သတင်းအရ သြဂုတ် ၁၅ ရက် နံနက် ၅ နာရီခွဲတွင် လှည့်ကင်းဆောင်ရွက်ခဲ့ရာ ဦးလှဖေ(မြောက်)ကျေးရွာနေ မသင်္ကာဖွယ်တွေ့ရှိသူ ရော်ကိန်း (ခ) ဖူဟမ်း (၂၇)နှစ်ပါ အမျိုးသား ၄၉ ဦးအား ညောင်ချောင်းနယ်မြေရုံးသို့ ခေါ်ဆောင် စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးပြီးနောက် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်မှု မရှိသည့်အပြင် အိမ်ထောင်စုစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာတွင်လည်း BD ပြေးစာရင်းတွင် ပါဝင်မှု မရှိကြောင်း စစ်ဆေးသိရှိရသည့် ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာနေ ဟာဘီအူလာ(၅၅)နှစ်ပါ အမျိုးသား ၁၂ ဦးအား သြဂုတ် ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။ ခေါ်ယူစစ်ဆေးခဲ့သည့် အမျိုးသား ၄၉ ဦးအနက်မှ အမျိုးသား ၂၃ ဦးသည် အကြမ်းဖက် အဖွဲ့များနှင့် ပါဝင်ပတ်သက်ကြောင်း စစ်ဆေးသိရှိရ၍ ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူရန် စီစဉ်လျက်ရှိကြောင်းနှင့် ကျန် ၁၄ ဦးအား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း အစွန်းရောက်အကြမ်းဖက်များက အကြမ်းဖက် သတ်ဖြတ်မှုများ တိုးမြှင့်ဆောင်ရွက်လာခဲ့ပြီး သြဂုတ် ၉ ရက်အထိ အကြမ်းဖက် သတ်ဖြတ်ခံရသဖြင့် သေဆုံးသူ ၅၉ ဦး၊ ပျောက်ဆုံးနေသူ ၃၃ ဦးအထိ ရှိခဲ့ကြောင်း သြဂုတ် ၁၁ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတိထား၍ ဆောင်ရွက်နေသည်ကို အခွင့်ကောင်းယူကာ ဤသို့ အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်ဆောင်ရွက်လာခြင်းကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် နှိမ်နင်းသွားမည်ဖြစ်ကြောင်းနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများကို အကာအကွယ် ပေးနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်သလို အစွန်းရောက် အကြမ်းဖက်များ၊ အစွန်းရောက် အားပေးကူညီသူများ အားလုံးကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရ အနေဖြင့် ဒေသတွင်း တိုးမြင့်လာသည့် အကြမ်းဖက်မှုဖြစ်စဉ်များ ရပ်တန့်ချုပ်ငြိမ်းရေးနှင့် လုံခြုံတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့်ဒေသများတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ မေယုတောင်ပေါ်တွင် တပ်မတော်နှင့် နယ်ခြားစောင့်လုံခြုံရေး တပ်ဖွဲ့ဝင်များ အပြည့်ဆောင်ရွက်ထားပြီးဖြစ်သည်။

Most Read

Most Recent