Entertainment

MTV ရုပ်ရှင်ဆုပေးပွဲတွင် အမ်မီနမ်နှင့် ရီဟားနား တွဲဖက်ဖျော်ဖြေမည်

အမေရိကန် ရက်ပ်အဆိုတော် အမ်မီနမ်နှင့် R&B အဆိုတော် ရီဟားနားတို့သည် ဧပြီ ၁၃ ရက်တွင် ကျင်းပမည့် MTV ရုပ်ရှင်ဆုပေးပွဲ၌ The Monster သီချင်းဖြင့် သီဆိုဖျော်ဖြေမည်ဟု သိရသည်။

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်ရှိ နိုကီရာပြဇာတ်ရုံတွင် ပြုလုပ်မည့် MTV ရုပ်ရှင်ဆုပေးပွဲ ဖျော်ဖြေတင်ဆက်မှု အစီအစဉ်တွင် Ellie Goulding၊ Zedd နှင့် Twenty One Pilots တို့လည်း ပါဝင်မည်ဟု သိရသည်။

အမ်မီနမ်၏ The Marshall Mathers LP2 အယ်လ်ဘမ်တွင် ပါဝင်သည့် The Monster သီချင်းကို အမ်မီနမ်နှင့် ရီဟားနားတို့က စင်မြင့်ထက်၌ ပထမဆုံးအကြိမ် ဖျော်ဖြေတင်ဆက်မှုလည်း ဖြစ်သည်။

၁၁ ကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် (ရန်ကုန်) ကို သုဝဏ္ဏအားကစားကွင်း၌ ကျင်းပမည်

ရန်ကုန်မြို့တွင် နှစ်စဉ်ကျင်းပနေကျဖြစ်သည့် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ယခုနှစ်သင်္ကြန်တွင် ၁၁ ကြိမ်မြောက်အဖြစ် သုဝဏ္ဏအားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုနှစ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် (ရန်ကုန်) ကို ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနမှ ကြီးမှူးပြီး ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) နှင့် ရခိုင်လူမှုရေး အသင်းများမှ စီစဉ်ကျင်းပခြင်းဖြစ်သည်။     

ပြင်သစ်လူမျိုးများ သရုပ်ဆောင်ထားသည့် မြန်မာ့ခရီးသွားမှတ်တမ်း ဇာတ်လမ်းကို ပြင်သစ်ရုပ်သံလိုင်းမှ ဧပြီလကုန်ပိုင်း ပြသမည်

Written by: 
နန်းနှင်းဝေဖူး

ပြင်သစ်လူမျိုးများ သရုပ်ဆောင်ထားသော မြန်မာ့ခရီးသွားမှတ်တမ်း အစီအစဉ်ကို ပြင်သစ်နိုင်ငံ အခြေစိုက် TV Channel M 6 မှ ဧပြီလကုန်တွင် အပိုင်းလေးပိုင်းခွဲကာ နိုင်ငံတကာသို့ ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အစီအစဉ်ကို ဘယ်ဂျီယမ်နိုင်ငံ အခြေစိုက် Eccholine BVBA ရုပ်သံလိုင်းမှ စီစဉ်မှုဖြင့် Peking  Express ခရီးသွားမှတ်တမ်း ထုတ်လုပ်သူ Mr.philip  Henderickx တို့က မြန်မာနိုင်ငံအကြောင်းကို နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုသိရှိလာစေရန် ရည်ရွယ်ကာ ရိုက်ကူးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဓာတ်ပုံပွဲတော် ကျင်းပ

၂၀၁၄ ခုနှစ်အတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓာတ်ပုံပွဲတော်ကို မတ် ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ရန်ကုန်မြို့ ကမ်းနားလမ်းရှိ  The Strand Hotel ၌ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဓာတ်ပုံပွဲတော်ကို British Council နှင့် မြန်မာနိုင်ငံဓာတ်ပုံအသင်းတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဓာတ်ပုံပေါင်း ၃၀၀ ကျော်ကို ခင်းကျင်းပြသထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံမှ Amigos Band အဖွဲ့ရန်ကုန်၊ မန္တလေးမြို့များ၌ ဖျော်ဖြေရန် မတ် ၂၉ ရက်တွင် ရောက်ရှိမည်

အမေရိကန်နိုင်ငံမှ Amigos Band တီးဝိုင်းအဖွဲ့သည် ရန်ကုန်၊ မန္တလေးမြို့များ၌ ဖျော်ဖြေရန်အတွက် မတ် ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ အမေရိကန်တီးဝိုင်းသည် မတ် ၃၀ ရက်တွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ အခမဲ့ လာရောက်ဖျော်ဖြေရန် စီစဉ်ထားခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါဖျော်ဖြေပွဲကို ရန်ကုန်မြို့ ၀ဇီရာရုပ်ရှင်ရုံ၌ မတ် ၃၀ ရက်တွင် အခမဲ့ပြုလုပ်မည်ဖြစ်ပြီး မန္တလေးမြို့၌လည်း အခမဲ့ဖျော်ဖြေပွဲတစ်ခု ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါဖျော်ဖြေပွဲကို မြန်မာ-အမေရိကန် နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အဖြစ် ပြုလုပ်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံ ကိုယ်စားပြု ဂီတအဖွဲ့အဖြစ် Amig

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြုလုပ်မည့် K Pop ဖျော်ဖြေပွဲ လက်မှတ်ဈေးနှုန်းများအား ငွေကျပ်သုံးသောင်းကျော်မှ တစ်သိန်းကျော်အထိ သတ်မှတ်ရောင်းချမည်

Written by: 
လင်းလင်းခိုင်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် K Pop ဖျော်ဖြေပွဲ လက်မှတ်ဈေးနှုန်းများအား ငွေကျပ်သုံးသောင်းမှ ငွေကျပ်တစ်သိန်းကျော်အထိ သတ်မှတ်ရောင်းချသွားရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ K Pop အဆိုတော်များ၏ ဖျော်ဖြေပွဲကို ဧပြီ ၃၀ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ပြုလုပ်မည်ဖြစ်ပြီး K Pop အနုပညာရှင်များ ဖြစ်သည့် Girl's Day ၊Dal Shabet ၊Tint အမျိုးသမီး အဆိုတော်အဖွဲ့များနှင့် ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဇာတ်ကားမှ နောက်ခံတေးသီချင်းအဆိုတော် Jung II Young တို့ လာရောက်သီဆို ဖျော်ဖြေရန် စီစဉ်ထားခြင်းဖြစ်သည်။

နန်းခင်ဇေယျာ၏ မွေးနေ့ညစာစားပွဲအား ပရိသတ် ၁၀ ဦး ရွေးချယ်ကာ ကျင်းပ

Written by: 
ထက်ရှိုင်း

သရုပ်ဆောင်နန်းခင်ဇေယျာ၏ မွေးနေ့ ညစာစားပွဲအား မတ် ၁၂ ရက်ညပိုင်းက ရန်ကုန်မြို့ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၌ ပရိသတ် ၁၀ ဦးကို ရွေးချယ်ဖိတ်ခေါ်ကာ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မွေးနေ့ညစာစားပွဲတွင်ပရိသတ် ၁၀ ဦးနှင့်အတူ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ နန်းခင်ဇေယျာသည် ၎င်း၏ မွေးနေ့ပွဲသို့ တက်ရောက်ရန်အတွက် ပရိသတ်များကို အွန်လိုင်းမှတစ်ဆင့် မေးခွန်းများမေးမြန်းကာ ဖြေကြားစေခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ အဖြေမှန်သူ ၁၀ ဦးကို မွေးနေ့ပွဲသို့ ဖိတ်ကြားတက်ရောက်စေခဲ့ပြီး မွေးနေ့ရှင် နန်းခင်ဇေယျာက မွေးနေ့ဆုလက်ဆောင်များလည်း ချီးမြှင့်ခဲ့သည်။

နာမည်ကျော် မြန်မာကာတွန်းဇာတ်ကောင် ရွှေဂေါင်းပြောင်ဇာတ်လမ်းများကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးမည်

မြန်မာကာတွန်းလောကတွင် နာမည်ကျော်ကြားပြီး ထင်ရှားသည့် ကာတွန်းဇာတ်ကောင်များအနက် တစ်ချိန်က နာမည်ကျော် ကာတွန်းဇာတ်ကောင်ဖြစ်သည့် ကာတွန်း အောင်အောင်၏ ရွှေဂေါင်းပြောင် ကာတွန်းဇာတ်လမ်းများကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးတင်ဆက်သွားမည်ဟု သတင်းရရှိသည်။

ဦးကျော်သူဦးဆောင်သည့် နာရေးကူညီမှုအသင်း၏ သံချပ်အဖွဲ့ ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေမည်

ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း၏ သံချပ်အဖွဲ့သည် ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါသံချပ်အဖွဲ့သည်  ၂၀၁၃ ခုနှစ် သင်္ကြန်ကာလမှ စတင်ကာ ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သင်္ကြန်တွင်လည်း ထပ်မံလှည့်လည်ဖျော်ဖြေရန် စီစဉ်လာခြင်းဖြစ်သည်။

တစ်ခိုင်လုံးရွှေ အေးအေးမြင့် ယဉ်ကျေးမှုအနုပညာအဖွဲ့၏ ဖျော်ဖြေမှုများကို ထိုင်းရုပ်သံဌာနတွင် အပိုင်းလိုက် ထုတ်လွှင့်ပြသရန် ကမ်းလှမ်းခံရ

တစ်ခိုင်လုံးရွှေ အေးအေးမြင့် ယဉ်ကျေးမှုအနုပညာအဖွဲ့၏ ဖျော်ဖြေမှုများကို ထိုင်းရုပ်သံဌာနတွင် အပိုင်းလိုက် ထုတ်လွှင့်ပြသရန် ကမ်းလှမ်းထားကြောင်း သတင်းရရှိသည်။ အဆိုပါ ရိုက်ကူးတင်ဆက်မှုများအတွက် ထိုင်းနိုင်ငံ ဘန်ကောက်တွင် ပြုလုပ်လျက်ရှိသည့် Bangkok International   Wedding Fashion Show တွင် ပါဝင်ဖျော်ဖြေလျက်ရှိသော တစ်ခိုင်လုံးရွှေအေးအေးမြင့်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုများကို ရိုက်ကူးရန် စီစဉ်ထားခြင်းဖြစ်သည်။

Pages

Subscribe to RSS - Entertainment