People မဂ္ဂဇင်းက ဂျူလီယာရောဘတ်ကို ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် ရွေးချယ်

ဟောလိဝုဒ်မင်းသမီး ဂျူလီယာရောဘတ်သည် People မဂ္ဂဇင်း၏ ၂၀၁၇ ခုနှစ် အတွက် ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် ရွေးချယ်ခံခဲ့ရသည်။

ဂျူလီယာရောဘတ်သည် Pretty Woman ဇာတ်ကားဖြင့် အောင်မြင်မှုရရှိခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင် People မဂ္ဂဇင်း၏ ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် ရွေး ချယ်ခံခဲ့ရသည်။ ရောဘတ်သည် ၂၀၀၀ ပြည့်နှစ်၊ ၂၀၀၅ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်တွင်လည်း ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် ဖော်ပြခံခဲ့ရပြီး ယခုအကြိမ်သည် ငါးကြိမ်မြောက် ဖော်ပြခံခဲ့ရခြင်းဖြစ်သည်။

“ကျွန်မအရမ်းကို ၀မ်းသာမိတယ်။ လောလောဆယ် အမြင့်ဆုံးကို ရောက်နေတယ်လို့ ထင်မိတယ်” ဟု အသက် ၄၉ နှစ်အရွယ်ရှိ  ရောဘတ်က ပြောကြားခဲ့သည်။

Pretty Woman ဇာတ်ကားဖြင့် အောင်မြင်မှုရရှိခဲ့ပြီး တစ်နှစ်အကြာတွင်  Erin Brockovich ဇာတ်ကားဖြင့် ၂၀၀၁ ခုနှစ်တွင် အော်စကာဆု ရရှိခဲ့သည့် ရောဘတ်သည် ရုပ်ရှင်အတတ်ပညာရှင် ဒန်နီမို ဒါနှင့် လက်ထပ်ခဲ့ပြီး အိမ်ထောင်သက် ၁၄ နှစ်အတွင်း ကလေးသုံးဦး ရရှိခဲ့သည်။

Friends ဇာတ်လမ်းတွဲဖြင့် အောင်မြင်ခဲ့သည် သရုပ်ဆောင်ဂျနီဖာအဂ်နစ္စတန်သည် ၂၀၁၆ ခုနှစ်တွင် People မဂ္ဂဇင်း ၏ ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် ရွေးချယ်ခံခဲ့ရသည်။