ဖျာပုံမြို့နယ် မြန်မာ့ပင်လယ်ရေပိုင်နက်အတွင်း လှေဖြင့် ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၀၀ ကျော်အား တပ်မတော် (ရေ) က ဖမ်းဆီးရမိ

ဖျာပုံမြို့နယ် သမိတ်တောကျေးရွာ ဒမင်းဆိပ်ကျေးရွာအနီးရှိ ရေတပ်စခန်းမှ ရေမိုင် ၃၀ ခန့်အကွာ မြန်မာ့ပင်လယ်ပြင်အတွင်း လှေတစ်စင်းဖြင့် တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၂၇ဦးကို မြန်မာ့ရေတပ်က မေ ၂၉ရက် နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
 

အနည်းဆုံးလုပ်ခလစာ အမြန်ဆုံးသတ်မှတ်ရန် ဇွန်လတတိယပတ်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများပါဝင်သည့် ဖိုရမ်ကျင်းပမည်ဟုဆို

အနည်းဆုံးလုပ်ခလစာအမြန်ဆုံးသတ်မှတ်ရန် ဇွန်လတတိယပတ်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများပါဝင်သည့် ဖိုရမ်တစ်ခုကျင်းပသွားမည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

မေ ၂၉ ရက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတွင်ပြုလုပ်သည့် မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သစ်တောဧက ၄၁ သန်းကျော်ကို ၀န်ထမ်း ၆၀၀၀ ကျော်ဖြင့် ထိန်းသိမ်းကာကွယ်နေရဟုဆို

မြန်မာနိုင်ငံတွင် သစ်တောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော စုစုပေါင်းပမာဏမှာ ဧက ၄၁ သန်းကျော်ကို ကာကွယ်ထိန်းသိမ်းနေရသူ ၀န်ထမ်းမှာ ၆၀၀၀ ကျော်သာရှိနေကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ပျမ်းမျှအားဖြင့် သစ်တောဝန်ထမ်းတစ်ဦးလျှင် ၆၆၅၅ ဧကကိုတာဝန်ယူကာ ကွယ်နေရသည့်အတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေသည်ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများမှ ပြောကြားသည်။

အွန်လိုင်းအသုံးပြုသူများအတွက် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသစ်ဖွဲ့စည်းလိုက်သည့် ဆိုက်ဘာလုံခြုံရေးဌာနက ကာကွယ်မှုများပြုလုပ်မည်

အင်တာနက်အသုံးပြုသူများ၏ သတင်းအချက်အလက်လုံခြုံရေးတို့အတွက် အသစ်ဖွဲ့စည်းထားသည့်  သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက ကြိုတင်ကာကွယ်ခြင်း၊ အသိပညာပေးခြင်းများကို နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ သိရသည်။

အဆိုပါဌာနအား ယခုနှစ် မေ ၁ ရက်မှ အမြဲတမ်းအတွင်းဝန်ရုံးနှင့်အတူ ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း သိရသည်။

UPWC ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့် NNCT၊ RCSS တို့ ထိုင်းနိုင်ငံ၌ သီးခြားစီတွေ့ဆုံဆွေးနွေး

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် မေ ၂၈ ရက်က ထိုင်းနိုင်ငံ၌တွေ့ဆုံခဲ့ကြောင်း UPWC ၏ အလုပ်အဖွဲ့ဖြစ်သည့် Myanmar Peace Center မှသိရသည်။

အိန္ဒိယသမုဒ္ဒရာအတွင်း ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသူများဆိုင်ရာ အထူးအစည်းအဝေး ထိုင်းနိုင်ငံတွင်ကျင်းပ၊ လှေစီးဒုက္ခသည်များအရေး မြန်မာအပေါ် လက်ညှိုးထိုးအပြစ်ပုံချခြင်းသည် အကျိုးထူးမည်မဟုတ်ကြောင်း မြန်မာတာဝန်ရှိသူပြောကြား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ မေ ၂၉ ရက်ကကျင်းပခဲ့သော လှေစီးဒုက္ခသည်များဆိုင်ရာ အစည်းအဝေးတွင် အရှေ့တောင်အာရှအတွင်း ကြုံတွေ့နေရသော လူကုန်ကူးမှုပြဿနာအတွက် မြန်မာနိုင်ငံကို လက်ညှိုးထိုး အပြစ်ပုံချခြင်းသည် အကျိုးထူးမည်မဟုတ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထင်လင်းက ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် နိုင်ငံအကျိုးရှိမည့် ကိစ္စများအား ပြင်ရန် ညှိနှိုင်းဆွေးနွေးဆဲဖြစ်ပြီး အခြေခံဥပဒေပါ ဇယားများကို ပြင်ဆင်ရန် သေချာကြောင်း ပါတီအတွင်းရေးမှူး ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် နိုင်ငံအကျိုးရှိမည့် ကိစ္စများအား ပြင်ရန် ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ပြီး အခြေခံဥပဒေပါ ဇယားများကို အဓိက ပြင်ဆင်ရန် သေချာကြောင်း အဆိုပါ ပါတီမှ အတွင်းရေးမှူး ဦးသိန်းဆွေက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါတီအသစ်၊ ပါတီခွဲထူထောင်ထားခြင်းမရှိကြောင်းနှင့် ပါတီကွဲစရာလည်းအကြောင်းမရှိဟု ပါတီအတွင်းရေးမှူးရှင်းလင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပါတီအသစ်၊ ပါတီခွဲထူထောင်ထားခြင်းမရှိကြောင်းနှင့် ပါတီကွဲစရာလည်း အကြောင်းမရှိကြောင်း အဆိုပါပါတီမှ အတွင်းရေးမှူးဦးသိန်းဆွေက ရှင်းလင်းပြောကြားသည်။

နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံဝင်းအတွင်း၌ မေ ၂၉ ရက် နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အခြားနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များတွေ့ဆုံခဲ့ပြီး တွေ့ဆုံပွဲအပြီးတွင် တက်ရောက်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မေ ၂၈ ရက်အထိ ၀ှိုက်ကတ်ကိုင်ဆောင်သူ လေးသိန်းတစ်သောင်းကျော် ပြန်လည်အပ်နှံထားပြီး နိုင်ငံသားစိစစ်မှု ခံယူရမည်ဆိုသည့် အစိမ်းနုရောင်ကတ် ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ၀န်ကြီးဦးခင်ရီ ပြောကြား

မေ ၂၈ ရက်အထိ ၀ှိုက်ကတ်ကိုင်ဆောင်ထားသူ လေးသိန်းတစ်သောင်းကျော် ပြန်လည်အပ်နှံထားပြီး နိုင်ငံသားစိစစ်မှု ခံယူရမည်ဆိုသည့် အစိမ်းနုရောင်ကတ်ပြားများ ပြန်လည်ထုတ်ပေးမည်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မေ ၂၉ ရက်တွင် မီဒီယာများအား ပြောကြားသည်။
 

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် ပုဒ်မအချို့ကိုသာ ပြင်ဆင်နိုင်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြား

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် ပုဒ်မအချို့ကိုသာ ပြင်ဆင်နိုင်မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

မေ ၂၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် သူရဦးရွှေမန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Pages

Subscribe to Eleven Media Group RSS