IS တို့က စုန်းအတတ် စွပ်စွဲချက်ဖြင့် ဆီးရီးယားအမျိုးသမီး နှစ်ဦးကို ပထမဆုံးအကြိမ် ခေါင်းဖြတ်ကွပ်မျက်ခဲ့

IS စစ်သွေးကြွတို့သည် ဆီးရီးယားအ ရှေ့ပိုင်းရှိ ဒီယာအက်ဇော်ပြည်နယ်တွင် စုန်းအတတ်မှု စွပ်စွဲချက်ဖြင့် အမျိုးသမီးနှစ်ဦးကို ခေါင်းဖြတ်ကွပ်မျက်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ကွပ်မျက်မှုသည် IS တို့လက်ထက်တွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့ကြသည်။ ရက်စက်သော ကွပ်မျက်မှုများ၊ လူအစုပြုံလိုက် သတ်ဖြတ်မှုများ ဆောင်ရွက်ခြင်းတို့အတွက် နာမည်ဆိုးဖြင့် ကျော်ကြားလာနေသော IS တို့က အမျိုးသမီးနှစ်ဦးနှင့် ၎င်းတို့၏ ခင်ပွန်းများကို ကွပ်မျက်ခဲ့ကြောင်း လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို စိုးရိမ်နေသောကြောင့် ထိုင်းက တရားမ၀င် ငါးဖမ်းလုပ်ငန်းများကို တိုက်ဖျက်

တစ်နှစ်လျှင် ဒေါ်လာ ၁ ဘီလျံထိ ပို့ကုန်ဝင်ငွေ ရရှိနေသော ထိုင်းငါးဖမ်းလုပ်ငန်းကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူရန် ကြိုးပမ်းမှုများအား ရှောင်ရှားရန်အတွက် ထိုင်းနိုင်ငံက တရားမ၀င် ငါးဖမ်းလုပ်ငန်းများကို နှိမ်နင်းနေပြီ ဖြစ်သည်။

ထိုင်းသည် ကမ္ဘာတွင် တတိယအကြီးဆုံး ပင်လယ်စာ ထုတ်လုပ်သည့်နိုင်ငံ ဖြစ်သည်။ တရားမ၀င် ငါးဖမ်းလုပ်ငန်းကို ထိုင်းက အချိန်လွန်မှ နှိမ်နင်းမှုကြောင့် လိုင်စင်မရှိသော ငါးဖမ်းရေယာဉ်များ ကမ်းကပ်ထားရပြီး ထိုင်းငါးဖမ်းလုပ်ငန်း တုံ့ဆိုင်းသွားမည့် အန္တရာယ်ရှိနေသည်။

ပုဇွန်တောင်မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်များအား ဖောက်ထွင်းခိုးယူသည့် မျက်နှာဖုံးစွပ် ကျူးလွန်သူကို သာကေတမြိုနယ်၌ ဖမ်းဆီးရမိ

ပုဇွန်တောင်မြို့နယ်အတွင်း ရွှေဆိုင် တစ်ဆိုင်မှ ရွှေထည်များအား ဖောက်ထွင်းခိုးယူခဲ့သည့် မျက်နှာဖုံးစွပ် ကျူးလွန်သူကို သာကေတမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး မြင့်ထွေးထံမှ ဇူလိုင် ၁ ရက်တွင် စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့  ဖောက်ထွင်းကျူးလွန်သူမှာ သာကေတမြို့နယ်နေ ဇေလင်းထက် (ခေါ်) ဖားသိုး (၂၀) နှစ်ဆိုသူ ဖြစ်ကြောင်းသိရပြီး ယခင်က ပုဇွန်တောင်မြို့နယ်အတွင်း စည်ပင်နေ့စားဝန်ထမ်း လုပ်ခဲ့ဖူးကာ ခိုးမှုနှစ်ကြိမ် ကျူးလွန်ဖူးသူဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးချက်များ

၃၀-၆-၂၀၁၅ နေ့နှင့် ၁-၇-၂၀၁၅ နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဆွေးနွေးချက်များအား ပြန်လည်ကောက်နုတ် ဖော်ပြအပ်ပါသည်။

■ လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့် (၀က်လက်မဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်းဒေသကြီး)

ဖွဲ့စည်းပုံပြင်ဆင်ရေးအား ကျဉ်းထဲကျပ်ထဲရောက်မှ မပြင်ဆင်ပေးပါက မဖြစ်တော့သည့် အခြေအနေရောက်မှ ပြင်ဆင်ပေးခြင်းထက် ပြင်ဆင်ပေးသင့်သည့် အချိန်တွင် အချိန်ကိုက် ပြင်ဆင်ပေးခြင်းသည် အကျိုးရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဆွေးနွေး

ဖွဲ့စည်းပုံပြင်ဆင်ရေးအား ကျဉ်းထဲကျပ်ထဲရောက်မှ မပြင်ဆင်ပေးပါက မဖြစ်တော့သည့် အခြေအနေရောက်မှ ပြင်ဆင်ပေးခြင်းထက် ပြင်ဆင်ပေးသည့် အချိန်တွင် အချိန်ကိုက် ပြင်ဆင်ပေးခြင်းသည် အကျိုးရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးစံပြည့်က ဇူလိုင် ၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသည်။

လွှတ်တော်ကိုယ်စားလှယ်အား ဖြုတ်ချနိုင်သည့် အခွင့်အာဏာကို ပြည်သူကို ပေးအပ်ထားရန် လိုအပ်ကြောင်းနှင့် တစ်ရာခိုင်နှုန်းအစား ရာခိုင်နှုန်း ၂၀ ပြင်ဆင်ရန် NLD လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

လွှတ်တော်ကိုယ်စားလှယ်အား ဖြုတ်ချနိုင်သည့် အခွင့်အာဏာကို ပြည်သူသို့ ပေးအပ်ထားရန် လိုအပ်ကြောင်းနှင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းအစား ရာခိုင်နှုန်း ၂၀ အဖြစ် ပြင်ဆင်ရန် NLD လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးသည်။

နေပြည်တော်တွင် ဇူလိုင် ၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ) နှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရာတွင် NLD ကိုယ်စားလှယ်က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား သက်ဆိုင်ရာ လွှတ်တော်များမှ ခန့်အပ်ခြင်းသည် ဥပဒေပြုရေးမဏ္ဍိုင်က အုပ်ချုပ်ရေးမဏ္ဍိုင်အပေါ် လွှမ်းမိုးသည့်သဘော သက်ရောက်၍ မူလပြဋ္ဌာန်းချက်ကို ပြင်ဆင်ရန်မသင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား သက်ဆိုင်ရာ လွှတ်တော်များမှ ခန့်အပ်ခြင်းသည် ဥပဒေပြုရေး မဏ္ဍိုင်က အုပ်ချုပ်ရေးမဏ္ဍိုင်အပေါ် လွှမ်းမိုးသည့်သဘော သက်ရောက်သည့်အတွက် မူလပြဋ္ဌာန်းချက်အား ပြင်ဆင်ရန်မသင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ကျော်က ဆွေးနွေးပြောကြားသည်။

မြ၀တီမြို့တွင်​ ​လောင်း​ကစားဂိမ်းရုံဝင်​ဖမ်းစဉ်​ ပစ်​ခတ်​မှု ဖြစ်ပွားပြီး ရဲဒုတပ်ကြပ်တစ်ဦးနှင့် ပြည်သူတစ်ဦး ဒဏ်ရာရရှိ

မြ၀တီမြို့ အမှတ် ​၄ ရပ်​ကွက်​ ​အောင်​ချမ်းသာလမ်းရှိ ​လောင်းကစားဂိမ်းဆိုင် ​တစ်​ဆိုင်အား ရဲတပ်​ဖွဲ့ဝင်က ၀င်​​ရောက်​ဖမ်းဆီးခဲ့ရာ ပစ်​ခတ်​မှုဖြစ်​ပွားပြီး ရဲတပ်​ဖွဲ့ဝင်​တစ်​ဦးနှင့် ပြည်​သူတစ်​ဦး ဒဏ်​ရာရရှိခဲ့​ကြောင်း သတင်းရရှိသည်​။

ဇွန်​ ၃၀ ရက်​ ည ၈ နာရီ ၃၀ မိနစ် အချိန်ခန့်က မြ၀တီခရိုင်​ ရဲတပ်​ဖွဲ့ဝင်​များသည်​ သက်​​သေများနှင့်​အတူ အဆိုပါ ​လောင်းကစားဂိမ်းရုံသို့ ၀င်​​ရောက်​ဖမ်းမီစဉ်​ ဂိမ်းရုံအတွင်းမှ ပစ်ခတ်​မှု​​ကြောင့်​ မြ၀တီရဲစခန်းမှ ဒုတပ်ကြပ်​ ​ကျော်​​ကျော်​၀င်းနှင့်​​ မောင်​ဇော်​ဆိုသူ ပြည်​သူတစ်​ဦး​ သေနတ်​မှန်​ပြီး ဒဏ်​ရာရခဲ့သည်​။

ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက်တွင် မဲစာရင်းတွင် ပါဝင်သူ ကိုးထောင်ကျော်အနက် ငါးထောင်ကျော်မှာ မှားယွင်းနေမှုကြောင့် မြေပြင်အချက်အလက်များ ပြန်လည်ကောက်ယူမည်

ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက် အခြေခံမဲ စာရင်းတွင် မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ် ပြည့်ပြီးသူ ၉၈၃၂ ဦးရှိသည့်အနက် လူဦးရေ ငါးထောင်ကျော်မှာ မဲစာရင်း မှားယွင်းနေမှုကြောင့် ပြန်လည်ဖြည့်စွက် ပြင်ဆင်နိုင်ရန် ခက်ခဲနေခြင်းကြောင့် မြေပြင်အချက်အလက်များ ပြန်လည်ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(၅၂) ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ကြမ်းခင်းဈေး ယူရို ၆ သိန်းတန် ပတ္တမြားရိုင်းအား ယူရို ၈ သိန်းကျော်ဖြင့် ပြည်တွင်းကုန်သည်တစ်ဦးက ၀ယ်ယူခဲ့ပြီး ဈေးအမြင့်ဆုံး ရရှိခဲ့

နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် (၅၂) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကြမ်းခင်းဈေး ယူရို ၆ သိန်းဖြင့် သတ်မှတ်ထားသော ပတ္တမြားရိုင်းတုံး နှစ်တုံးအား ယူရို ၈ သိန်း ၁ သောင်းဖြင့် ပြည်တွင်းကုန်သည် တစ်ဦးက ၀ယ်ယူခဲ့ပြီး ကျောက်မျက်ရောင်းချမှုများအနက် ဈေးအမြင့်ဆုံး ရရှိခဲ့ကြောင်း သိရသည်။

“ပြည်တွင်းရတနာကုန်သည် တစ်ဦးက ၀ယ်ယူခဲ့တာပါ။ တင်ပြ အခြေခံဈေးက ယူရို ၆ သိန်းပါ၊ ရောင်းချရတဲ့ ဈေးနှုန်းကတော့ ၈၀၁,၀၀၀ ပါ။ ပတ္တမြားရိုင်း နှစ်ပွင့်ပါ” ဟု ကျောက်မျက်ရောင်းဝယ်ရေးဌာန၊ ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်က ပြောကြားသည်။

Pages

Subscribe to Eleven Media Group RSS