တစ်သက်လုံးဖုံးသမျှ

တကယ်တော့ ဖြစ်နိုင်ရင် တစ်သက်လုံးကို ဖုံးထားလိုက်ချင်တာဗျာ။

ဒါကြောင့် ဖုံးလည်းဖုံး၊ ဖိလည်းဖိ၊ ဖုံးဖုံးဖိဖိ လုပ်ကြလေရဲ့။ လုပ်ရက်လေရဲ့။

ဘယ်သူတွေများလဲဗျ။

နေပါဦး။ ဖုံးဖုံးဖိဖိ၊ ဖုံးတယ်ဖိတယ် ဆိုတဲ့စကားကို အနက်ဖွင့်ကြည့်သင့်ပါသေးတယ်။ အဘိဓာန်မှာ ပေးထားတဲ့ အနက်အဓိပ္ပာယ်တွေ ရှိပါတယ်ခင်ဗျ။

“ဖုံး” ကို ပေးထားတဲ့ အဓိပ္ပာယ်တစ်ခုက “အပေါ်မှ လွှမ်းအုပ်သည်” လို့ပေးပါတယ်။

“ဖိ” ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်တစ်ခုတော့ “တစ်စုံတစ်ခုကို မရွေ့၊ မကြွအောင် အပေါ်တွင် အခြားတစ်ခုခုကို တင်သည်” လို့ ပေးထားပါတယ်။

နီးလျက်နဲ့ မဝေးစေဖို့

No Wifi!

Talk to each other!

Call your Mom!

Pretend it’s 1993!

Live…

အင်တာနက်ပေါ်မှ အရည်အသွေးမြင့် ပညာဒါန

သင် ကမ္ဘာ့တက္ကသိုလ်ကြီးတွေမှာ ပညာသင်ခွင့်ရသူတွေကို အားကျဖူးပါသလား။ ကမ္ဘာ့အဆင့်မီ ပညာရေးကို လက်လှမ်းမီဖို့ စိတ်ကူးယဉ်ကြည့်ဖူးပါသလား။ အမေရိကန်နိုင်ငံလို နိုင်ငံကြီးတွေက နာမည်ကြီး တက္ကသိုလ်တစ်ခုခုမှာ အတန်းလေးတစ်ခုလောက်ကို တစ်ချိန်လေးပဲဖြစ်ဖြစ် တက်ကြည့်ချင်လိုက်တာလို့ တောင့်တမိဖူးပါသလား။

သင်က အတန်းပညာလည်း နည်းမယ်၊ အင်္ဂလိပ်စာလည်း မကျွမ်းကျင်လှသူ ဖြစ်မယ်၊ အရွယ်ကလည်း လွန်နေပြီဆိုတဲ့ အနေအထားမျိုး ရောက်နေပြီဆိုရင် အဲဒါတွေကို စိတ်ကူးမိတောင်မှ လက်လှမ်းမမီနိုင်တော့ဘူးလို့ ထင်မိကောင်း ထင်မိပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကာတာစင်တာတို့ MoU လက်မှတ်ရေးထိုး

၂၀၁၅  ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်တရားမျှတရေးအတွက် မြန်မာနိုင်ငံသို့ လာရောက်စောင့်ကြည့်လေ့လာရန် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်သည့်  ကာတာစင်တာနှင့်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ မေ ၂၆ ရက်က MoU လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
 
ထိုသို့ လာရောက်လေ့လာရာတွင် ရွေးကောက်ပွဲကျင်းပမည့်ရက် ကြေညာပြီးနောက်ပိုင်းမှစ၍ ရွေးကောက်ပွဲပြီးသည်အထိ ရက်ရှည်လေ့လာရေးနှင့် ရွေးကောက်ပွဲရက်ပိုင်းအတွင်း ရက်တိုလေ့လာရေးဟူ၍ နှစ်မျိုးနှစ်စား လေ့လာနိုင်ရန် စီစဉ်ထားသည်။
 

၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း မဲရုံလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် အင်အား မလုံလောက်သဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အထူးရဲအဖြစ် ယာယီခန့်အပ်မည်

၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း မဲရုံလုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား မလုံလောက်သဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ဆန္ဒရှိသူများအား အထူးရဲ ခန့်အပ်သွားမည်ဟု သိရသည်။
 

ရန်ကုန်စတော့အိတ်ချိန်းအား ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် စတင်နိုင်မည်ဟု ခန့်မှန်းထားပြီး ဦးဆုံးအနေဖြင့် Under Writer လိုင်စင်များကို ဇွန်လအတွင်း ချပေးသွားမည်ဟုဆို

ရန်ကုန်စတော့အိတ်ချိန်းအား ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် စတင်နိုင်မည်ဟု ခန့်မှန်းထားပြီး ပထမဦးဆုံးအဆင့်တွင် Under Writer  လိုင်စင်များကို လာမည့် ဇွန်လ အတွင်း ချပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း မေ ၂၆ ရက်က နေပြည်တော်ရှိ   ဘဏ္ဍာရေးဝန်ကြီးဌာန၊ အဆောက်အအုံတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင်  ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
 

မြစ်ခြေတိုက်နယ်ဆေးရုံတွင် ဆေးဓာတ်မတည့်မှုကြောင့် သေဆုံးခဲ့သည့် ကလေးနှင့်ပတ်သက်၍ ကလေးမိခင်က အဖြစ်မှန်ပေါ်လိုကြောင်း သတင်းစာရှင်းလင်း

ပခုက္ကူမြို့နယ် မြစ်ခြေတိုက်နယ်ဆေးရုံတွင် ဆေးဓာတ်မတည့်မှုကြောင့်  သေဆုံးခဲ့သည့်ကလေးနှင့် ပတ်သက်၍ ကလေးမိခင် ဒေါ်မော်မော်ဌေးမှ အဖြစ်မှန်ပေါ်လိုကြောင်း သတင်းစာရှင်းလင်းပွဲကို မေ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိမြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 

ကျောင်းသားသမဂ္ဂများကို ပျက်စီးအောင် ပြုလုပ်နေခြင်းမှာ ကျောင်းသားများ၏ စုစည်းမှုအား အာဏာရှင်အစိုးရအဆက်ဆက် ကြောက်နေခြင်းကြောင့်ဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် ပြောကြား

ကျောင်းသားသမဂ္ဂများကို ပျက်စီးအောင်ပြုလုပ်နေခြင်းမှာ ကျောင်းသားများ၏စုစည်းမှုကို အာဏာရှင်အစိုးရအဆက်ဆက် ကြောက်ရွံ့နေခြင်းကြောင့်ဖြစ်ကြောင်း မေ ၂၆ရက် နံနက်ပိုင်းမှာ ဖမ်းဆီးခံကျောင်းသားများနှင့် ၀န်းရံပြည်သူများရုံးထုတ်စဉ် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်က မီဒီယာများအား ပြောကြားသည်။
 

၂၀၁၄ ဒီဇင်ဘာ ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားကြွေးမြီပမာဏ ဒေါ်လာ ၉ ဒသမ ၁၂၉ ဘီလျံရှိနေပြီး ယင်းအနက် တရုတ်နိုင်ငံမှ ချေးသည့်ပမာဏ ၄ ဒသမ ၂ ဘီလျံ ရှိနေ

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားကြွေးမြီးပမာဏမှာ ဒေါ်လာ ၉ ဒသမ ၁၂၉ ဘီလျံရှိနေပြီး ယင်းအနက် တရုတ်နိုင်ငံမှ ချေးယူထားသည့်ပမာဏမှာ ဒေါ်လာ ၄ ဒသမ၂ ဘီလျံရှိနေကြောင်း နေပြည်တော်ရှိ ဘဏ္ဍာရေးဝန်ကြီးဌာနတွင် မေ၂၆ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်းက သတင်းထောက်များ၏ မေးမြန်းချက်ကိုပြန်လည်ဖြေကြားသည်။
 

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း လျာထားမှု ပယ်ဖျက်ပေးရန် သမ္မတမွေးရပ်မြေ ငပုတောမြို့နယ် ငရုတ်ကောင်းဒေသခံများ သမ္မတထံ လက်မှတ်ရေးထိုး တောင်းဆို

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ စီမံကိန်းလျာထားမှုကို ပယ်ဖျက်ပေးရန်  သမ္မတမွေးရပ်မြေ ငပုတောမြို့နယ် ငရုတ်ကောင်းဒေသခံ  ၈၆၀၀ ကျော် လက်မှတ်ရေးထိုး တောင်းဆိုထားသည့် စာကို နိုင်ငံတော်သမ္မတထံ မေ ၂၆ ရက်က ပေးပို့ ခဲ့ကြောင်း သတင်းရရှိသည်။
 

Pages

Subscribe to Eleven Media Group RSS