ဆင်းရဲချမ်းသာကွာဟမှု သို့မဟုတ် နိုင်ငံတွေ ဘာကြောင့် ဆုံးရှုံးလာကြရတာလဲ

စာရေးသူရဲ့ တစ်ခုတည်းသော ဆန္ဒက စာရေးသူတို့ မြန်မာနိုင်ငံမှာ လတ်တလော ကြုံတွေ့နေရတဲ့ ဆင်းရဲချမ်းသာ ကွာဟမှုကို ကျဉ်းမြောင်းစေလိုတာ ဖြစ်ပါတယ်။ မိမိနိုင်ငံ တိုးတက်၊ မိမိနိုင်ငံသားတွေ ကမ္ဘာ့အလယ်မှာ ဘ၀အရည်အသွေး မြင့်မားစွာနဲ့ နေထိုင်နိုင်စေဖို့ပါ။ စာရေးသူရဲ့ စာဖတ်အားနဲ့ နိုင်ငံတိုးတက်လာစေဖို့ အာဏာပိုင်အစိုးရတွေကို အဆိုပြုလွှာ ပေးပို့ဖူးတယ်။ ဘာတုံ့ပြန်မှုကိုသော်မှ မရရှိခဲ့ပါ။ ၁၉၉၇ ခုနှစ်မှာ စာရေးသူတို့နိုင်ငံက အရှေ့တောင်အာရှ ၁၀ နိုင်ငံမှာ အဖွဲ့ဝင်နိုင်ငံအဖြစ် စတင်ဝင်ရောက်စဉ်က ၂၀၁၅ မှာ AFTA လို့ခေါ်တဲ့ ASEAN Free Trade Area ကို လုပ်ဆောင်မယ်ဆိုတာ ကြေညာခဲ့တယ်။ အဲဒီမှာ စာရေးသူက ဒါဆိုရင် မိမိနိုင်ငံက ထုတ်ကုန်ပ

လူကြီးတွေ လူကောင်းဖြစ်ခဲ့သော်

တော်လှန်ရေးကောင်စီ၊ လမ်းစဉ်ပါတီတို့မှာလည်း လူတော်တွေ ရှိခဲ့ကြပါတယ်၊။ ယခုလည်း လူတတ်လူတော်တွေ မြောက်မြားစွာရှိပါတယ်။ ဒါပေမဲ့လည်း အဲဒီလူတတ် လူတော်ဆိုသူတွေဟာ တိုင်းပြည်ကို တကယ်ကောင်းအောင်တော့ မစွမ်းဆောင်နိုင်ကြပါဘူး။ ထိုသို့သောအခါ...။
 
လူ
 

ပြောရဲတဲ့သူ၊ နာခံတတ်တဲ့သူ

“ပြောတာကို နားထောင်ခြင်း၊ နားမထောင်ခြင်းက တစ်ဖက်လူရဲ့အလုပ်ပါ။ပြောစရာရှိတာကို ပြောရမှာတော့ ကိုယ့်တာဝန်ပဲ” 
 

မြန်မာမှ ကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ ၏ ကိုယ်ရေးအချက်အလက်များ ဘင်္ဂလားဒေ့ရှ်သို့ ပေးပို့ထားသော်လည်း အချက်အလက် မပြည့်စုံဟုဆိုကာ ပြန်လည်ခေါ်ယူခြင်း မရှိသေး

မြန်မာမှ ကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ အား ပြန်လည်ခေါ်ယူရန်အတွက် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များအား ဘင်္ဂလားဒေ့ရှ်သို့ ပေးပို့ထားသော်လည်း အချက်အလက် မပြည့်စုံဟု ဆိုကာ ပြန်လည်ခေါ်ယူခြင်း မရှိသေးကြောင်း နှင့်ကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀ အား ဘင်္ဂလားဒေ့ရှ်နှင့် အနီးဆုံး တောင်ပြိုမြို့နယ်သို့ ပို့ဆောင်ထားပြီး အမြန်ဆုံး လွှဲပြောင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နယ်ခြားစောင့်ရဲမှ သိရသည်။

ပန်ဆန်းထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၏ ရည်မှန်းချက်နှင့် ပတ်သက်၍ ကွဲလွဲစွာရေးသားမှုကို တရားစွဲရန်ရှိဟု “၀” အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပြီးခဲ့သည့် မေ ၁ ရက်မှ ၆ ရက်အထိ ရှမ်းပြည်နယ် ‘၀’ ဒေသ ပန်ဆန်းမြို့၌ ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSP/UWSA) က ကြီးမှူးကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၂)ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ရည်မှန်းချက်နှင့် ပတ်သက်ပြီး ကွဲလွဲစွာရေးသားမှုကို တရားစွဲရန်ရှိသည်ဟု UWSP/UWSA ဗဟိုရုံးအတွင်းရေးမှူး ဦးအောင်မြင့်က မေ ၂၄ ရက်က ပြောကြားသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ‘၀’ အဖွဲ့၏ သဘောထားကို ပြောကြားရန် မေးမြန်းရာတွင် ဦးအောင်မြင့်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရသစ်၏ နောက်ဆုံးနှစ်တွင် ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၃၆၀၀ ကျော်အထိ စံချိန်တင် များခဲ့သော်လည်း ထပ်တိုးဘတ်ဂျက်များ ထပ်မံခွင့်ပြုဖွယ် ရှိနေရာ လိုငွေပမာဏ ပိုများနိုင်ပြီး ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူများ ခံစားရဖွယ်ရှိ

အစိုးရသစ် နောက်ဆုံးနှစ်ဖြစ်သည့် ယခုဘဏ္ဍာနှစ်၏ ဘတ်ဂျက်လိုငွေမှာ စံချိန်တင် များပြားခဲ့သော်လည်း အောက်တိုဘာ၊ နိုဝင်ဘာလခန့်တွင် နှစ်စဉ် သမ္မတ၏ ခွင့်ပြုချက်ဖြင့် ၀န်ကြီးဌာနများကို ထပ်မံပေးအပ်သည့် ထပ်တိုးဘတ်ဂျက်များ ထပ်မံခွင့်ပြုဖွယ် ရှိနေသည့်အတွက် ဘတ်ဂျက်လိုငွေ ပမာဏမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း ဘတ်ဂျက်ဆိုင်ရာ လေ့လာသုံးသပ်သူများက မြန်မာနိုင်ငံ၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်း နောက်ဆက်တွဲစကားဝိုင်း ဆွေးနွေးပွဲတွင် သုံးသပ်ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ မန်စီမြို့နယ်အတွင်း ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

တပ်မတော်နှင့် ကေအိုင်အေတို့ မန်စီမြို့နယ်အတွင်း ပြင်းထန်သောတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကချင်ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင်များက The Daily Eleven သတင်းစာသို့ မေ ၂၅ ရက်တွင် ပြောကြားသည်။

မေ ၂၄ ရက်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ နန့်လင်းပါကျေးရွာအနီးနှင့် မဂျယန်ကျေးရွာအနီးတွင် နံနက် ၉ နာရီခွဲ ၀န်းကျင်မှ ညနေ ၃ နာရီခွဲအထိ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတွင် ပါတီ၏ သမ္မတလောင်း ရွေးချယ်နိုင်ဖွယ် ရှိကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ ပြိုင်ဘက်ကင်းစွာ နိုင်မည်မထင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ပြောကြား

မေ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ပြုလုပ်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတွင် ပါတီ၏ သမ္မတလောင်း ရွေးချယ်မှု ပြုလုပ်ဖွယ်ရှိကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ ပြိုင်ဘက်ကင်းစွာ နိုင်မည်မထင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မေ ၂၅ ရက်တွင် မီဒီယာများအား ပြောကြားသည်။

နေပြည်တော် ရှစ်မြို့နယ်တွင် ကြေညာထားသော အခြေခံမဲဆန္ဒရှင်စာရင်းတွင် မဲပေးခွင့်ရှိသူ ခြောက်သိန်းကျော်ရှိ

နေပြည်တော် ရှစ်မြို့နယ်အတွက် အခြေခံမဲစာရင်းကို ယခုလ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး စာရင်းအရ မဲပေးခွင့်ရှိသူ ခြောက်သိန်းကျော်ရှိကြောင်း နေပြည်တော် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ထုတ်ပြန်ခဲ့သော အခြေခံမဲစာရင်းအရ တပ်ကုန်းမြို့နယ်တွင် ၁၅၀,၁၇၅ ဦး၊ ဇေယျာသီရိမြို့နယ်တွင် ၄၉,၈၁၀ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ၄၈,၀၂၄ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် ၃၇,၂၈၈ ဦး၊ ပျဉ်းမနားမြို့နယ်တွင် ၁၁၀,၉၄၁ ဦး၊ လယ်ဝေးမြို့နယ်တွင် ၁၈၅,၁၆၃ ဦး၊ ဇမ္ဗူသီရိမြို့နယ်တွင် ၁၆,၄၇၅ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် ၁၆,၄၅၀ ဦးရှိပြီး စုစုပေါင်း ၆၁၄,၃၂၆ ဦးရှိကြောင်း သိရသည်။

တောင်သူပိုင်မြေများအား အခြားနည်းအသုံးပြုခွင့် (လန-၃၉) မကျဘဲ စီမံကိန်းများ ဆောင်ရွက်နေသည်ကို ဥပဒေအရ အရေးယူရန် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေစုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

တောာင်သူပိုင်မြေများအား အခြားနည်းအသုံးပြုခွင့် (လန-၃၉) မကျဘဲ စီမံကိန်းများ ဆောင်ရွက်နေသည်ကို ဥပဒေအရ အရေးယူရန် ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွဋ်က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ၄၈ ရက်မြောက်နေ့ အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင်၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ဦးတင်ထွဋ်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Pages

Subscribe to Eleven Media Group RSS