လေးကြိမ်မြောက် အိမ်ရှင် စင်ကာပူနဲ့ မြန်မာတို့ရဲ့ အလားအလာ

၂၀၁၃ ခုနှစ်ကတည်းက စင်ကာပူတို့ အိမ်ရှင်ပြုလုပ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အားကစားကွင်းတွေ အချိန်မီမပြီးစီးခဲ့တာကြောင့် ၂၀၁၅ ခုနှစ်မှ ကျင်းပခဲ့တာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံအနေနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲကို လေးကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပတာဖြစ်ပြီး အောင်မြင်မှုတွေရရှိဖို့နဲ့ ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးဖို့ အချိန်ယူပြင်ဆင်ထားပါတယ်။
 

ငါ ကြီးလာရင် . . .

(၁)
 
သစ်သားမြင်းရုပ်ကလေးကို “ကလုပ်တက်” “ကတက်လုပ်” နဲ့ စီးနေတယ်။ ရခါစကတော့ တော်တော်ပျော်ပါတယ်။ ကြာလာတော့ သိပ်မပျော်တော့ဘူး။ ဟုတ်တယ်လေ။ ဖင်နာတာပဲရှိတယ်။ ဟိုတစ်ခါကြည့်ဖူးခဲ့တဲ့ ကောင်းဘွိုင်ကားထဲကလို မြင်းကြီးပေါ်လွှား ခနဲခုန်တက်ပြီး ဒုန်းစိုင်းပစ်ချင်လိုက်တာ။ 
 
အင်း . . . ငါ ကြီးလာရင်။
 
(၂)
 
“တစ်ယောက် အကြော်တစ်ခုယူ။မရွေးရဘူး၊ ကျတာယူ။ ထမင်းကို ကုန်ရုံထည့်စား။ ပန်းကန်ထဲမှာ မကျန်စေနဲ့”
 

ဆီးသီးဗန်းများ ကိစ္စ

နေရာအနှံ့ ယာဉ်ကြောပိတ်ဆို့တတ်မှုကို အကြောင်းပြု၍ တော်ရုံတန်ရုံ အရေးကိစ္စမရှိဘဲ ဘယ်ကိုမျှ မသွားဖြစ်တာကြာပြီ။ လမ်းထဲက ထွက်လိုက်လျှင် ရှည်လျားသော ကားတန်းကြီးကို မြင်ရသည်။ နံနက်စောစောပိုင်းနှင့် ညဥ့်နက်ပိုင်းချိန်များကလွဲပြီး ဒီမီးပွိုင့်မှာ ကားတွေရှည်လျားစွာ တန်းစီနေကြစမြဲ။ တာမွေငါးလမ်းဆုံမီးပွိုင့်ဟု ယခုခေါ်တွင်နေသော နေရာသည် လွန်ခဲ့သည့် (၂၇) နှစ်တုန်းကတော့ အ၀ိုင်းကြီးတစ်ခုသာ ရှိသည်။ ထို့ကြောင့် ဒီနေရာကို တာမွေအ၀ိုင်းဟု ခေါ်ခဲ့ကြသည်။ ယခုခေတ် လူငယ်တွေကတော့ ဒါကိုသိနိုင်တော့မည် မဟုတ်။ ဟိုတုန်းက ဦးချစ်မောင်လမ်းသည် သာမန်လမ်းကျဉ်းတစ်ခုသာ ဖြစ်ခဲ့သလို ကျိုက္ကဆံလမ်းကလည်း သာမန်လမ်းကလေးတစ်ခုပဲ ဖြစ်ခဲ့သည်။ ဒီ

မြန်မာစာပျက်ရင် မြန်မာတွေပျက်မယ် မြန်မာစာပျောက်ရင် . .

ရဟန်းတို့ ...သာသနာကွယ်ကြောင်း နှစ်ပါးရှိတယ်။ အဲဒါက ပါဠိသတ်ပုံ မှားယွင်းခြင်းနဲ့ အနက်မြန်မာပြန်ပုံ မှားယွင်းခြင်းတို့ပဲ။
(အင်္ဂုတ္တိုရ်၊ ဒုကနိပါတ်ပါဠိတော်)

သာသနာတော်ရဲ့ ရေသောက်မြစ်ဟာ ပရိယတ္တိပါ။ ပရိယတ္တိကို ပါဠိစာပေနဲ့ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ ပါဠိသတ်ပုံပျက်ရင် သာသနာပျက်မှာပါ၊ သာသနာကွယ်မှာပါ။ ဒါကြောင့် ပါဠိသတ်ပုံကို မမှားစေဖို့၊ မပျက်စေဖို့ ဘုရားအထူးမှာကြားခဲ့တာပါ။

မေလ ၂၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

လယ်ယာလုပ်ငန်းခွင် ပြဿနာများ

နွေအကုန် မိုးအကူး မုတ်သုံအကြိုမိုးများ ရွာသွန်းသည်နှင့် မိုးမျှော်နေသော ယာမြေလုပ်ငန်းခွင်အချို့ စတင်နေပြီဖြစ်သည်။ ထိုအထဲတွင် မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှား ဒေသတစ်ခုဖြစ်သော မကွေးတိုင်းဒေသကြီးသည်လည်း အပါအ၀င်ဖြစ်သည်။ ပြီးခဲ့သည့်ရက်များအတွင်းက ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေသောကြောင့် မြန်မာ့ကမ်းရိုးတန်း ဒေသများအပါအ၀င် မြန်မာနိုင်ငံ ဒေသအချို့၌ မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲ ငွေရတုအခမ်းအနား တက်ရောက်ရန် ပြည်တွင်း၊ ပြည်ပရှိ ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်များအပြင် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားမည်

၁၉၉၀ ရွေးကောက်ပွဲ ငွေရတုအခမ်းအနား တက်ရောက်ရန် ပြည်တွင်းပြည်ပရှိ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ဖိတ်ကြားထားကြောင်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ကြားမည်ဖြစ်ကြောင်း ငွေရတုကျင်းပရေး ကော်မတီအဖွဲ့ဝင် ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

လှေဖြင့်ရွှေ့ပြောင်းနေသည့် ဒုက္ခသည်များအရေး အပါအ၀င် ၂၀၁၅ ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး သမ္မတဦးသိန်းစိန်နှင့် အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီဘလင်ကန်တို့သည် မေ ၂၁ ရက်က နေပြည်တော်တွင် တစ်နာရီကျော် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လှေဖြင့်ရွှေ့ပြောင်းနေသည့် ဒုက္ခသည်များအရေး အပါအ၀င် ၂၀၁၅ ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာဘက်မှ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြန်ကြားရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများအပြင် သမ္မတရုံးပြည်ထောင်စု ၀န်ကြီးများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အဖြစ်မှ နတ္တလင်းမြို့နယ် တောင်သူလယ်သမား ၃၁ ဦး နုတ်ထွက်ပြီး ၉၀ ဦးခန့်က စိစစ်ဆဲပါတီဝင် လျှောက်လွှာများ ပြန်လည်တောင်းယူ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်အဖြစ်မှ ပဲခူးတိုင်းအနောက်ပိုင်း ဒေသကြီး သာယာဝတီခရိုင် နတ္တလင်းမြို့နယ် အတွင်းရှိ တောင်သူလယ်သမား ၃၁ ဦးနုတ်ထွက်ပြီး ၉၀ ဦးခန့်က စိစစ်ဆဲပါတီဝင် လျှောက်လွှာများ ပြန်လည်တောင်းယူခဲ့ ကြောင်း သတင်းရရှိသည်။

ဖုန်းခေါ်ဆိုခ ကြိုတင်ပေးသွင်းငွေထဲမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ဖြတ်တောက်မည့် ကိစ္စကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ကင်းလွတ်ခွင့်ပြုရန် အရေးကြီးအဆို လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်

ဖုန်းခေါ်ဆိုခ ကြိုတင်ပေးသွင်းငွေထဲမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ဖြတ်တောက်မည့်ကိစ္စကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ကင်းလွတ်ခွင့်ပြုရန် အရေးကြီး အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် မေ ၂၁ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲပြီးလျှင် တိုင်ကြားမှု များပြားနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မျှော်မှန်းထားပြီး တိုင်ကြားမှုများကို တိုင်းဒေသကြီးများတွင် ခုံရုံးဖွဲ့စစ်ဆေးရန် စီစဉ်ထားမှု ရှိနေသည်ဟုဆို

၂၀၁၅ ရွေးကောက်ပွဲပြီးလျှင် တိုင်ကြားမှု များပြားနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မျှော်မှန်းထားပြီး တိုင်ကြားမှုများကို တိုင်းဒေသကြီးများတွင် ခုံရုံးဖွဲ့စစ်ဆေးရန် စီစဉ်ထားမှုရှိနေသည်ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ မေ ၂၀ ရက်က ပြုလုပ်သော ဟင်္သာတခရိုင် အတွင်းရှိ မြို့နယ်ခြောက်ခုမှ ကော်မရှင်အဖွဲ့ ခွဲတာဝန်ရှိသူများ၊ ပါတီများ၊ မီဒီယာများနှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် ၎င်းကထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

Pages

Subscribe to Eleven Media Group RSS