နီပေါငလျင်ကြောင့် သေဆုံးသူဦးရေ ၂၅၀၀ ကျော်အထိ မြင့်တက်လာ

နီပေါနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးသူဦးရေမှာ ဧပြီ ၂၆ ရက်တွင် ၂၅၀၀ ကျော်သွားခဲ့ပြီး ကယ်ဆယ်ရေးလုပ်သားများသည်လည်း မြို့တော်ခတ္တမန္ဒူရှိ အပျက်အစီးများကြား၌ အသက်ရှင်ကျန်ရစ်သူများကို အပြင်းအထန် ရှာဖွေနေကြသည်။ ဧပြီ ၂၆ ရက်နေ့တွင် ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိ နောက်ဆက်တွဲ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။

မလေးရှား အာဆီယံထိပ်သီး ဆွေးနွေးပွဲ ပထမနေ့၌ တောင်တရုတ်ပင်လယ်အရေးသာ လွှမ်းမိုးခဲ့

(၂၆) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများအတွက် ပထမနေ့ရက်ဖြစ်သော ဧပြီ ၂၆ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၏ တောင်းဆိုမှု၊ မလေးရှားနိုင်ငံ၏ ရပ်တည်ချက်နှင့် တောင်တရုတ်ပင်လယ်အရေးသာ လွှမ်းမိုးမှုရှိသော အကြောင်းအရာများ ဖြစ်ခဲ့သည်။

ဧပြီ ၂၆ ရက် ညနေပိုင်းက ပြုလုပ်သော မလေးရှားနိုင်ငံခြားရေးဝန်ကြီး အာနီဖာအာမင်၏ သတင်းစာရှင်းလင်းပွဲတွင်လည်း တောင်တရုတ်ပင်လယ် အရေးကိုသာ သတင်းထောက်များက မေးမြန်းခဲ့ကြသည်။

အမြန်လမ်း မိုင်တိုင် ၂၃၈/၇ နှင့် ၂၃၉ အကြား လမ်းချော်သွားသော ဟိုင်းလတ်ယာဉ်အား မန္တလာမင်း ခရီးသည်တင်ယာဉ်က နောက်မှဝင်တိုက်ရာ ရှစ်ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၃၈/၇ နှင့် ၂၃၉ အကြား လမ်းချော်သွားသော ဟိုင်းလတ်ယာဉ်အား မန္တလာမင်း ခရီးသည်တင်ယာဉ်က နောက်မှဝင်တိုက်မိရာ ရှစ်ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဘုရားတောင်ရဲစခန်းမှ သိရသည်။

ဧပြီ ၂၆ ရက် နံနက် ၁၂ နာရီခွဲခန့်က အမြန်လမ်းမကြီး မိုင်တိုင် ၂၃၈/၇ နှင့် ၂၃၉ အကြား (တပ်ကုန်းမြို့နယ်အတွင်း) တွင် မန္တလေးဘက်မှ မောင်းနှင်လာသော ဟိုင်းလတ်ယာဉ်သည် လမ်းချော်သွားရာမှတစ်ဆင့် အနောက်မှ မောင်းနှင်လာသော မန္တလာမင်းယာဉ်က ၀င်တိုက်မိခဲ့ခြင်းကြောင့် ယင်းကဲ့သို့ လူသေဆုံးမှုများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

ဘရိုင်ယန်ကို အမှတ်ဖြင့် အနိုင်ယူပြီး ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်များကို ကလစ်ရှ်ကို ကာကွယ်

WBA (စူပါ)၊ IBF၊ WBO နှင့် IBO ဟဲဗီးဝိတ်တန်း လက်ဝှေ့စိန်ခေါ်ပွဲကို ဧပြီ ၂၅ ရက်က အမေရိကန်နိုင်ငံ၌ ကျင်းပခဲ့ရာ လက်ရှိချန်ပီယံ ယူကရိန်းလက်ဝှေ့သမား ၀လာဒီမာကလစ်ရှ်ကိုက စိန်ခေါ်သူ အိမ်ရှင်နိုင်ငံသား ဘရိုင်ယန်ဂျန်နင်းစ်ကို အမှတ်ဖြင့် အနိုင်ယူပြီး ချန်ပီယံခါးပတ်များ ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။

နှစ် ၅၀ ကြာပြီးနောက် ကွန်ဂို၌ ချေဂွေဗားရား၏ ကျဆုံးမှုကို ခြေရာခံကြည့်ခြင်း

လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ က ကွန်ဂိုသို့ သွားရောက်ကာ တော်လှန်ရေးစစ်ပွဲ ဆင်နွှဲခဲ့ပြီးနောက် မာ့က်စ်ဝါဒီပြောက်ကျားခေါင်းဆောင် အာနက်စတိုချေဂွေဗားရားက သူ၏ဂျာနယ်တွင် “ဒါဟာ ကျဆုံးမှုတစ်ရပ် အကြောင်းပါ” ဟု ရေးသားခဲ့သည်။

ယနေ့ခေတ်၌ ဒီအာကွန်ဂိုဟု သိကြသော နိုင်ငံမှ သူပုန်များနှင့် ပူးပေါင်းရန် ၁၉၆၅ ခုနှစ် ဧပြီ ၂၄ ရက်တွင် ချေသည် အာဖရိကမျိုးနွယ် လူမည်း ကျူးဘားတိုက်ခိုက်ရေးသမား တစ်ဒါဇင်ကို ခေါင်းဆောင်လျက် လျှို့ဝှက်စွာ ရောက်ရှိလာခဲ့သည်။

သူတို့၏ ရည်ရွယ်ချက်မှာ အာဖရိက ဗဟိုချက်ကို ကိုလိုနီလက်သစ်ဝါဒနှင့် ယန်းကီးတို့၏ နယ်ချဲ့ဝါဒမှ အကာအကွယ်ပေးရန် ဖြစ်သည်။

ကျောက်တော်မြို့နယ်မှ တိုက်ပွဲရှောင် ဒုက္ခသည်များတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၀၀ ကျော် ပါဝင်ကြောင်း သိရ

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့၏ တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ်မှ တိုက်ပွဲရှောင် ဒုက္ခသည်များတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၀၀ ကျော် ပါဝင်ကြောင်း စားနပ်ရိက္ခာ သွားရောက်လှူဒါန်းခဲ့သူများက ပြောကြားသည်။

တိုက်ပွဲများကြောင့် တိမ်းရှောင်နေသော ကျေးရွာသုံးရွာရှိပြီး အောင်လံချောင်း၊ ပင်လုံနှင့် ကုလားချောင်းကျေးရွာတို့မှ ရွာသားများဖြစ်ကာ လက်ရှိအချိန်တွင် စပါးဆိပ်ကျေးရွာ၌ ခိုလှုံနေကြကြောင်း၊ ဒုက္ခသည်များအနက် အသက် ၁၈ နှစ်အောက် ကျား ၁၀၉ ဦး၊ မ ၁၀၈ ဦး၊ အသက် ၁၈ နှစ်အထက် ကျား ၁၀၈ ဦး၊ မ ၈၂  ဦး စုစုပေါင်း ၄၀၇ ဦးဖြစ်ကြောင်း သတင်းရရှိသည်။

ငို၍ရယ်၍မရသော မျက်နှာများနဲ့ ကြိုပွိုင့်ဝယ်မိသူများ

အရင် ကျပ်သိန်း ၁၀၀၀ ခေါ်ထားတဲ့အခန်းကို ကျပ်သိန်း ၇၀၀ လောက်နဲ့ ချရောင်းကြည့်တာတောင် ၀ယ်သူမရှိလို့ ငွေအမြန်ဖော်ချင်တာနဲ့ အဲ့တိုက်ခန်းကိုပဲ အတိုးနဲ့ပေါင်ပြီး ငွေပေါ်အောင် လုပ်နေရတာက ကန်ထရိုက်တိုက်လောကမှာ လက်တွေ့ကြုံလာကြရတဲ့ အခြေအနေမှန်တွေပေါ့။

ဘဏ်ကငွေချေးပြီး ကြိုပွိုင့်တွေလိုက်ရိုက်တဲ့ နှစ်ပင်လိမ်သုံးပင်လိမ် (ဈေးကွက်အခေါ်) သမားတွေလည်း ဘဏ်တိုးပါထပ်မိပြီး အခန်းတွေ ပိုက်မိလျက်သား ဖြစ်ကုန်တာလည်း လက်ရှိအိမ်ခြံမြေလောကရဲ့ အခြေအနေ မှန်တွေပါပဲ။

မလေးရှား အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း ရိုဟင်ဂျာ ဘင်္ဂါလီအရေး ဖိအားပေးမှုများ ရှိသော်လည်း ဆွေးနွေးရန် အကြောင်းမရှိဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး တုံ့ပြန်

မလေးရှားနိုင်ငံ၌ ပြုလုပ်နေသော ၂၆ ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေး ကာလအတွင်း ရိုဟင်ဂျာဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ဖိအားပေးမှုများ ရှိသော်လည်း ဆွေးနွေးရန် အကြောင်းမရှိဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တုံ့ပြန်ပြောကြားလိုက်သည်။

ဧပြီ ၂၆ ရက်က ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာ၌ ပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး The Daily Eleven နှင့် တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အစိုးရသစ် လက်ထက်အတွင်း ရန်ကုန်မြို့၌ ခုံးကျော်တံတားများ အလျင်အမြန် ဆောက်လုပ်နေမှု ရပ်တန့်သင့်ပြီလား

အစိုးရသစ်လက်ထက် ကာလအတွင်း ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ခုံးကျော်တံတား စီမံကိန်းများ စတင်ခဲ့သည်။ လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင်၊ မြေနီကုန်း စသည့်လမ်းဆုံများတွင် ခုံးကျော်တံတားလေးစင်း ဆောက်လုပ်ခဲ့ပြီး ဖြစ်သည်။

ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ရည်ရွယ်သည့် ခုံးကျော်တံတား စီမံကိန်းမှာ အမှန်တကယ်တွင် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

တိုင်းနှင့် ပြည်နယ်များတွင် ဥပဒေအချို့ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြန်လည်ပြဋ္ဌာန်းပေးရမည့် ကိစ္စများ ရှိနေ

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဥပဒေအချို့ကို ပူးပေါင်းကာ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြန်လည်ပြဋ္ဌာန်းပေးရမည့် ကိစ္စများ ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

လွှတ်တော်နာယက သူရဦးရွှေမန်းက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ရှိ ကနောင်ခန်းမ၌ ပြုလုပ်သည့် လှိုင်သာယာစက်မှုဇုန်ရှိ အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Pages

Subscribe to Eleven Media Group RSS