လှေစီးဒုက္ခသည်များကိစ္စ ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံအပေါ် မှန်ကန်မျှတစွာ ပြောဆိုပြုမူ ဆောင်ရွက်ပေးပါရန် မစ္စတာဘန်ကီမွန်းထံ သူရဦးရွှေမန်း သ၀ဏ်လွှာပို့

လှေစီးဒုက္ခသည်များကိစ္စ ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံအပေါ် မှန်ကန်မျှတစွာ ပြောဆိုပြုမူ ဆောင်ရွက်ပေးပါရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဇွန် ၃ ရက်တွင် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

ဒသမအကြိမ်မြောက် လွှတ်တော်အစည်းအဝေးအတွင်း ကိုယ်စားလှယ်များက ယခင်ထက် မေးခွန်းများ ပိုမိုမေးမြန်းခဲ့ပြီး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အဓိကထား မေးမြန်း

ဒသမအကြိမ်မြောက် လွှတ်တော်အစည်းအဝေးအတွင်း ကိုယ်စားလှယ်များက အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် မေးခွန်းများကို အဓိကထား မေးမြန်းခဲ့ကြောင်း  လွှတ်တော်စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်သည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (OMI) က ဇွန် ၂ ရက်က ထုတ်ပြန်သော မြန်မာ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြု ချဉ်းကပ်လေ့လာချက် အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။

ဒသမပုံမှန် လွှတ်တော်အစည်းအဝေး ကာလများအတွင်း လွှတ်တော်များတွင် မေးခွန်းမေးမြန်းခဲ့မှုများသည် ယခင်ပုံမှန်အစည်းအဝေး ကျင်းပမှုများထက် ပိုမိုမေးမြန်းလာခဲ့ကြသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

World News Media Congress တွင် WAN-IFRA မှ နှစ်စဉ်ပေးအပ်သော ရွှေကလောင်ဆုကို တာဝန်ထမ်းဆောင်ရင်း အသတ်ခံရသော ဂျာနယ်လစ်များသို့ ပေးအပ်ချီးမြှင့်

အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့၌ ကျင်းပသည့် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများအဖွဲ့ (WAN-IFRA) ၏ (၆၇) ကြိမ်မြောက် ကမ္ဘာ့သတင်းမီဒီယာ ညီလာခံ (World News Media Congress) ဖွင့်ပွဲ၌ WAN-IFRA မှ နှစ်စဉ်ချီးမြှင့်သော ရွှေကလောင်ဆု (The Golden Pen of Freedom) ကို ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာတစ်ဝန်းမှ တာဝန်ထမ်းဆောင်ရင်း အသတ်ခံရသော ဂျာနယ်လစ်များသို့ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လက်ပံတောင်းပြည်သူ ဒေါ်ခင်ဝင်းသေဆုံးမှုအား လမ်းလျှောက်ဆန္ဒပြခဲ့သည့် အသက် ၆၉ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ ဦးဘမြင့်အား ကျောက်တံတားတရားရုံးတွင် ရုံးထုတ်

လက်ပံတောင်းပြည်သူ ဒေါ်ခင်ဝင်းသေဆုံးမှုအား ကျောက်တံတားမြို့နယ်မှ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့သည့် တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် အသက် (၆၉)နှစ်အရွယ်ရှိ ဦးဘမြင့်အား ဇွန် ၃ ရက် နံနက်ပိုင်းက ကျောက်တံတားမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ယင်းတရားရုံးတွင် ရဲသက်သေဖြစ်သူအား စစ်ဆေးခဲ့ကြောင်း သိရပြီး ရုံးချိန်းအား ဇွန် ၁၀ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။
    

ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စအပေါ် သမ္မတအိုဘားမား၏ ပြောဆိုမှုအား မြန်မာပြည်သူလူထု၏ ဆန့်ကျင်မှု မြင့်တက်နေချိန်တွင် ဘင်္ဂါလီ ရိုဟင်ဂျာများအား နိုင်ငံသားကဲ့သို့ ဆက်ဆံပေးရန် အမေရိကန် ထပ်မံတိုက်တွန်း

ဇွန် ၁ ရက်တွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများကို ခွဲခြားဆက်ဆံမှု ရပ်တန့်ရန် လိုအပ်ကြောင်း ပြောကြားချက်အပေါ် ပြည်တွင်း၌ ဝေဖန်မှု များပြားနေချိန်တွင် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Anne Richard က ရိုဟင်ဂျာများကို နိုင်ငံသားကဲ့သို့ ဆက်ဆံပေးရန် ဇွန် ၃ ရက်က ထပ်မံတောင်းဆိုခဲ့သည်။

အရှေ့တောင်အာရှအတွင်း ကြုံတွေ့နေရသည့် ရွှေ့ပြောင်းနေထိုင်မှု ပြဿနာ၏ အဓိကရင်းမြစ်ကို ဖြေရှင်းရန်အတွက် မြန်မာအစိုးရ အနေဖြင့် ရိုဟင်ဂျာမွတ်စလင်များကို နိုင်ငံသားအဖြစ် ဆက်ဆံသင့်ကြောင်း အမေရိကန်အစိုးရ၏ တိုက်တွန်းချက်ကို Aljazeera သတင်းဌာနက တင်ပြထားသည်။

လှေစီးဘင်္ဂါလီ ဒုက္ခသည်များနှင့် ပတ်သက်၍ နိုင်ငံတကာမှ မြန်မာနိုင်ငံအား ဖိအားပေးနေမှုကို ကန့်ကွက်ကြောင်း ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူတစ်သောင်းကျော်ခန့် ဆန္ဒထုတ်ဖော်

လှေစီးဘင်္ဂါလီ ဒုက္ခသည်များနှင့် ပတ်သက်၍ နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် ဖိအားပေးနေမှုအပေါ် ကန့်ကွက်ကြောင်းနှင့် ခိုးဝင်ရောက်လာသော ဘင်္ဂါလီလှေစီး ဒုက္ခသည်များနှင့် ပက်သက်၍ ကုလသမဂ္ဂဆိုင်ရာ
အမေရိကန်သံတမန်နှင့် လုံခြုံရေးကောင်စီတို့၏ တံခါးပိတ် အစည်းအဝေး ဆုံးဖြတ်ချက်ကို လက်မခံကြောင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ သံဃာတော်များနှင့် ပြည်သူများစုပေါင်း၍ ရဟန်းသံဃာနှင့် ပြည်သူပေါင်း အင်အားတစ်သောင်းကျော်ခန့်သည် ပုသိမ်မြို့၌ ဇွန် ၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စုပေါင်းဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပါ လူဦးရေအတိုင်း မဲစာရင်းပြုစုမည်ဖြစ်ကြောင်း သမ္မတ ပြောကြား

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပါ လူဦးရေအတိုင်း မဲစာရင်းပြုစုမည်ဖြစ်ကြောင်း ဇွန် ၂ ရက်က ပြောကြားသည့် လစဉ်ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

Myanmar Post Global ဂျာနယ်ပါ လက်ပွားကိုယ်တော်များ ကိစ္စအပြင် လွှတ်တော်ကိုယ်စားလှယ်အချို့၏ လုပ်ဆောင်မှုများ မြင်မကောင်းအောင် ဂျာနယ်များတွင် ဖော်ပြခံခဲ့ရသဖြင့် မီဒီယာများအား ဘာသာပြန်အခန်းများသို့ဝင်ရောက်ခွင့် ကန့်သတ်ခဲ့ရခြင်းဖြစ်ကြောင်း သူရဦးရွှေမန်း ပြောကြား

Myanmar Post Global ဂျာနယ်ပါ လက်ပွားကိုယ်တော်များ ကိစ္စအပြင် လွှတ်တော်ကိုယ်စားလှယ်အချို့၏ လုပ်ဆောင်မှုများ မြင်မကောင်းအောင် ဂျာနယ်များတွင် ဖော်ပြခံရသဖြင့် မီဒီယာများအား ဘာသာပြန်အခန်းများသို့ ၀င်ရောက်ခွင့် ကန့်သတ်ခဲ့ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဇွန် ၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးရာတွင် တအာင်းနှင့် ကိုးကန့်အဖွဲ့များလည်း ပါဝင်သင့်ပြီး အဖွဲ့ဝင်အားလုံး ပါဝင်လက်မှတ်ထိုးရေးမူကို ဆက်လက်စွဲကိုင်သွားရန် KIO ဒုတိယဥက္ကဋ္ဌ တိုက်တွန်း

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (PSLF/TNLA) အဖွဲ့နှင့် ကိုးကန့်အဖွဲ့ (MNDAA) အဖွဲ့များလည်း ပါဝင်သင့်ပြီး အဖွဲ့ဝင်အားလုံး ပါဝင်လက်မှတ်ရေးထိုးရေးမူကို ဆက်လက်စွဲကိုင်သွားရန် ဇွန် ၃ ရက်က ကရင်ပြည်နယ် လော်ခီးလာဒေသတွင် ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ဒုတိယနေ့တွင် သဘာပတိတာဝန်ယူ ဆောင်ရွက်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းပြောကြားသည်။

ဇွန်လ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

နိုင်ငံသားဖြစ်ဖို့ဆိုရင် နိုင်ငံသားအရည်အချင်း သတ်မှတ်ချက် တိတိကျကျ ရှိပြီးသားပါ

Pages

Subscribe to Eleven Media Group RSS