Eleven Media Group ၏ နှစ်ပတ်လည် အခမ်းအနားတွင် ပြသခဲ့သော Eleven Media Group ၏ ၁၅ နှစ်တာဖြတ်သန်းမှု မှတ်တမ်းရုပ်ရှင်

ဇူလိုင် ၇ ရက်၊ ကျောင်းသားသမဂ္ဂနဲ့ ရင်တွင်းစကားများ

ဇူလိုင် ၇ ရက်၊ ကျောင်းသားသမဂ္ဂနဲ့ ရင်တွင်းစကားများ
 
 

သမိုင်းရသခါး တစ်စက်

လူဖြစ်လာလျှင် သမိုင်းဟူသည် ရှိတတ်စမြဲ။  လူသည် လှုပ်ရှားသွားလာ ပြုမူကျင့်ကြံနေထိုင်ပြောဆိုသည့် အမျိုးဖြစ်သောကြောင့် ယင်းမှ ပေါက်ဖွားလာသည့် အစဉ်အလာ မှတ်တမ်းအဖြစ်အပျက်တို့မှာ ကာလကြာမြင့်လာသည်နှင့်အမျှ သူ၏သမိုင်းဖြစ်သွားသည်။  လူနှင့် သမိုင်းအဆက်အစပ်၊ အနှောင်အဖွဲ့ရှိနေသကဲ့သို့ လူနှင့်နိုင်ငံရေးသည်လည်း တစ်ထပ်တည်းကျနေတတ်လေ့ရှိသည်။  လူသည် နိုင်ငံရေးမလုပ်ရ၊ ကျောင်းသားဖြစ်၍ နိုင်ငံရေးနှင့် မပတ်သက်ရဟု ပြောဆိုပညတ်ခြင်းသည် သဘာဝမကျသော ကန့်သတ်ချုပ်ချယ်မှုသာ ဖြစ်ပေသည်။  
 

လေပြင်းတိုက်ခတ်မှုကြောင့် ဗိုလ်တထောင်မြို့နယ်တွင် လမ်းဘေးကြော်ငြာဆိုင်းဘုတ်အချို့ ပြိုလဲကျပြီး ကားများ ထိခိုက်ပျက်စီး

ဇူလိုင် ၆ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လမ်းဘေးကြော်ငြာ ဆိုင်းဘုတ်များ ပြိုလဲကျကာ ကားများပေါ်သို့ပိခဲ့ပြီး အချို့မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၌ ကမ်းနားလမ်းနှင့် ဗိုလ်တထောင် ဘုရားလမ်းတွင်ရှိသည့် ကြော်ငြာဆိုင်းဘုတ်များမှာ ပြိုလဲကျမှုများဖြစ်ပေါ်ခဲ့ပြီး လမ်းပေါ်ရှိကားများပေါ် ပိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘီအီးဒီ ငါးနှစ်ဝင်ခွင့်အတွက် ဖြေလျှော့မှုများ ပြုလုပ်ပေးထားကြောင်း နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ပြောကြား

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘီအီးဒီ ငါးနှစ်သင်တန်း ၀င်ခွင့်လျှောက်လွှာပါ ကန့်သတ်ချက်များအား ဖြေလျှော့မှုများ ပြုလုပ်ထားကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်က ပြောကြားသည်။

ဇူလိုင် ၆ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၂ မှ ဦးဆလိုင်းခွဲယန်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ဘီအီးဒီ ငါးနှစ် သင်တန်းဝင်ခွင့် လျှောက်လွှာပါ ကန့်သတ်ချက်များအား ပြင်ဆင်သတ်မှတ် ပြောင်းလဲပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းချက်အပေါ်တွင် ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် အပြီးသတ်လက်မှတ် ထိုးနိုင်ရန် တရားဝင်ဆွေးနွေးပွဲကို မကြာမီ ကျင်းပပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမည်ဟု တိုင်းရင်းသားအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ထုတ်ပြန်

လက်ရှိအစိုးရ သက်တမ်းကာလအတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အပြီးသတ်လက်မှတ် ရေးထိုးနိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆိုင်ရာ ရေးဆွဲရေးတို့ကို ဦးတည်ကြိုးပမ်းသွားရန် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲမှ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီး ယင်းသို့ ရလဒ်ကောင်းများ ရရှိလာသည့်အပေါ် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တို့၏ တရားဝင်ဆွေးနွေးပွဲကို မကြာမီကျင်းပပြီး စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန်အတွက် ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က ဇူလိုင် ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ တရားစွဲဆိုခံရသည့် ဗကသ (အထက်မြန်မာပြည်) ဥက္ကဋ္ဌဟောင်း ကိုသန့်ဇင် အပါအ၀င် ကျောင်းသားပြည်သူ ရှစ်ဦးအား မြင်းခြံအကျဉ်းထောင်၌ ထောင်ဝင်စာတွေ့ခွင့် မရ

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ သပိတ်မှောက် ဆန္ဒပြခဲ့ကြသည့် ဗကသ (အထက်မြန်မာပြည်) ဥက္ကဌဟောင်း ကိုသန့်ဇင် အပါအ၀င် ကျောင်းသားပြည်သူ ရှစ်ဦးအား ယင်းတို့၏ မိသားစုဝင်များက မြင်းခြံအကျဉ်းထောင်သို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံရာတွင် တွေ့ဆုံခွင့် မရရှိခဲ့ကြကြောင်း သိရသည်။

ဇူလိုင် ၆ ရက်က ဖမ်းဆီးခံ ကျောင်းသားပြည်သူများ၏ မိသားစုဝင်များက မြင်းခြံအကျဉ်းထောင်သို့ သွားရောက်ပြီး စားသောက်ဖွယ်ရာများ သွားရောက်ပို့ဆောင်ခဲ့ရာ ထောင်ဝန်ထမ်းများက တောင်ဝင်စာတွေ့ဆုံခွင့် မပြုခဲ့ကြောင်း ယင်းမိသားစုဝင် တစ်ဦးက ပြောကြားသည်။

ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်နေသည့် ဒဂုံစီးတီး အပါအ၀င် စီမံကိန်းများ ဆက်လက်ဆောက်လုပ်တော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီးကိုယ်စား တိုင်းသာသနာရေးမှူးက အကြောင်းပြန်ဟု ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ ဦးပါမောက္ခ မိန့်ကြား

ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်နေသည့် ဒဂုံစီးတီးစီမံကိန်း အပါအ၀င် အခြားစီမံကိန်းများကို ရပ်တန့်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကိုယ်စား ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော်က အကြောင်းကြားခဲ့သည်ဟု ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး ကော်မတီ ဦးဆောင်ဆရာတော် ဘဒ္ဒန္တပါမောက္ခက ဇူလိုင် ၆ ရက်တွင် မိန့်ကြားသည်။

အဆိုပါ ပြောကြားချက်ကို ဇူလိုင် ၆ ရက်က ရွှေတိဂုံစေတီတော်အနီးရှိ မင်္ဂလာမဏ္ဍိုင် ကျောင်းတိုက်တွင် ပြုလုပ်သည့် ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းအဝေးတွင် ဦးပါမောက္ခက မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

မဲစာရင်းမှားယွင်းမှုများ အချိန်မီ ပြင်ဆင်ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံ ပြည်ထောင်စု လွှတ်တော်နာယက သ၀ဏ်လွှာပေးပို့မည်

မဲစာရင်းမှားယွင်းမှုများ အချိန်မီ ပြင်ဆင်ဆောင်ရွက် ပေးနိုင်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံသို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သ၀ဏ်လွှာပေးပို့ သွားမည်ဖြစ်ကြောင်း ၎င်း၏ဖေ့ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။

ငရုတ်ကောင်းဒေသတွင် လျာထားသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း ရပ်ဆိုင်းသည့်သတင်း မဟုတ်မှန်ဟု ဆို

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းဒေသတွင် လျာထားနေသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း ရပ်ဆိုင်းသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှုဝန်ကြီးက ဆိုသည်။

Pages

Subscribe to Eleven Media Group RSS