တိုက်ပွဲဖြစ်ပွားခဲ့သည့် အာရှလမ်းမတွင် ဂိတ်တစ်ခုတည်းထားရှိရန် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ပြည်နယ်အစိုးရတို့ ဇူလိုင် ၇ ရက်တွင် တွေ့ဆုံမည်ဟု KNU တာဝန်ရှိသူတစ်ဦး ပြောကြား

တိုက်ပွဲများဖြစ်ပွားခဲ့သည့် မြ၀တီ- အာရှလမ်းမပေါ်တွင် ဂိတ်တစ်ခုတည်း ထားရှိရန် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ပြည်နယ်အစိုးရတို့ ဇူလိုင် ၇ ရက်တွင် ဆက်လက်တွေ့ဆုံသွားမည်ဖြစ်ကြောင်း KNU မှ အလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောလှထွန်းက ဇူလိုင် ၄ ရက်က ရန်ကုန်မြို့၊ မင်းဓမ္မလမ်းပေါ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပခဲ့သော ကရင်အမျိုးသားအကြို ညီလာခံသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
 
“အာရှလမ်းမနဲ့ ပတ်သက်ပြီးတော့  ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကို ကရင်ပြည်နယ်အစိုးရက လာမယ့်ဇူလိုင် ၇ ရက်မှာ ဆွေးနွေးဖို့ရှိပါတယ်”ဟု ပဒိုစောလှထွန်းက ပြောကြားသည်။

မဲစာရင်းတွင် မဲပေးခွင့်ရှိသူများ မှန်ကန်စွာပါဝင်ရန် လိုအပ်ပြီး မဲပေးပိုင်ခွင့်မရှိသည့်သူများ စာရင်းပါဝင်နေခြင်းသည်လည်း မဲလိမ်၍ ရသည့်အတွက် မဲစာရင်းစိစစ်ရန် ပြည်သူများအား ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မဲစာရင်းတွင် မဲပေးခွင့်ရှိသူများ မှန်ကန်စွာပါဝင်ရန် လိုအပ်သကဲ့သို့ မဲပေးပိုင်ခွင့်မရှိသည့်သူများ မဲစာရင်းတွင် ပါဝင်နေခြင်းသည်လည်း မဲလိမ်၍ရသည့်အတွက် မဲဆန္ဒရှင်စာရင်းများ စိစစ်ရန် ပြည်သူများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၄ ရက်တွင် တိုက်တွန်းပြောကြားသည်။
 

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ သန်း ၈၀၀ ကျော် ထုတ်ချေးမည်

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာသန်း ၈၀၀ ကျော် ထုတ်ချေးမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ 
 
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေ ဂျပန် ယန်း ဘီလျံ ၉၉ ဒသမ ၈၅ (အမေရိကန်ဒေါ်လာ ၈၁၂ ဒသမ ၃၅ သန်း) ကို ချေးငွေအဖြစ် ထုတ်ချေးရန် ဇူလိုင် ၄ ရက်က ကတိပေးခဲ့ကြောင်း သိရသည်။ 
 

ကရင်အမျိုးသား အကြိုညီလာခံက စစ်မှန်ခိုင်မြဲသောငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်သွားမည်ဟု ကြေညာချက်တစ်ရပ် ထုတ်ပြန်

ကရင်အမျိုးသားအကြိုညီလာခံကို ဇူလိုင် ၂ ရက်မှ ၄ ရက်အထိ သုံးရက်ကြာ ရန်ကုန်မြို့ မင်းဓမ္မလမ်းပေါ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပပြုလုပ်ခဲ့ပြီး စစ်မှန်ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်သွားမည်ဆိုသော အချက်အပါအ၀င် အချက်ခြောက်ချက် ပါဝင်သည့် ကြေညာချက်တစ်ရပ်ကို ဇူလိုင် ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
 

ဘားအံမြို့နယ် အိန္ဒဲကျေးရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် NLD ရပ်/ကျေးဥက္ကဋ္ဌ၏ ရုပ်အလောင်းအား ပြန်လည်တူးဖော်ပြီး ကော့သင်းရှူးကျေးရွာ သုသာန်တွင် မီးသင်္ဂြိုဟ်

ဘားအံမြို့နယ် အိန္ဒဲကျေးရွာ၌ သေနတ်ဖြင့် ပစ်သတ်ခံရသည့် NLD ရပ်/ကျေးဥက္ကဋ္ဌ အလောင်းအား ဇူလိုင် ၃ ရက်တွင် မြေမြုပ်ခဲ့ပြီး ကရင်ရိုးရာထုံးစံအရ ပြန်လည်တူးဖော်ကာ ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီက ကော့သင်းရှူး ကျေးရွာသုသာန်တွင် ပြန်လည်မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
 

ယခုနှစ် နှစ်ဝက်အတွင်း လူငယ်များ အုပ်စုဖွဲ့လူသတ်မှုနှင့် အခြားရာဇ၀တ်မှု ကျူးလွန်သည့်ဖြစ်စဉ် ၅၆ မှုရှိလာပြီး အများစုမှာ ငွေကြေးလိုအပ်မှုကြောင့် ကျူးလွန်နေကြခြင်းဟု ဆို

၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအတွင်း လူငယ်များ အုပ်စုဖွဲ့လူသတ်မှုကျူးလွန်ခြင်း နှင့် အခြားရာဇ၀တ်မှုများ ကျူးလွန်သည့်ဖြစ်စဉ်များမှာ ၅၆ မှုအထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
 
ယင်းကဲ့သို့ ဆယ်ကျော်သက်လူငယ်များ အပါအ၀င် ၂၀ ၀န်းကျင် လူငယ်များ ပြစ်မှုကျူးလွန်နေကြခြင်းမှာ ငွေကြေးလိုအပ်မှုများကြောင့် အများဆုံးကျူးလွန်နေခြင်း ဖြစ်ကြောင်း သိရသည်။
 

ပန်းတောင်းမြို့နယ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ကျပ် ၂၁၉ သန်းဖြင့် တည်ဆောက်ခဲ့သည့် ရွှေတံငါတံတား ဖွင့်လှစ်ပြီး နှစ်လအကြာတွင် ကျိုးကျသဖြင့် ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ပေါ်

ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ ရွှေတံငါချောင်းတံတား ကျိုးကျခဲ့ရာ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
 

ခရီးသည် ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် E-Lite Express ရန်ကုန်-ပြင်ဦးလွင် မော်တော်ယာဉ်လိုင်းပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်း

မန္တလေးတိုင်းဒေသကြီးအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး  တံတားဦးအ၀ိုင်းတွင် မေ ၃၁ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍  ခရီးသည်ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် E-Lite Express ရန်ကုန်-ပြင်ဦးလွင် မော်တော်ယာဉ်လိုင်းကို ဇူလိုင် ၁ ရက်မှစ၍ ပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
 

တရားမ၀င် လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိခြင်းကို တွေ့ရှိပါက လက်နက်များအက်ဥပဒေ ပုဒ်မအရ အရေးယူမည်ဖြစ်ပြီး တရားမ၀င် ကိုင်ဆောင်ပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအပ်နှံကြရန် ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

တရားမ၀င် လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိခြင်း တွေ့ရှိပါက ၁၈၇၈  ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး တရားမ၀င် လက်နက်ကိုင်ဆောင်ထားပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအပ်နှံကြရန် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ဇူလိုင် ၄ ရက်ထုတ်  အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြခဲ့သည်။
 

ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကသို့ လွှဲ၍ အမှိုက်သိမ်းခတိုးမြှင့်မည့် အစီအစဉ် မြို့နေလူထု ၈၀ ဒသမ ၂ ရာခိုင်နှုန်းက သဘောမတူသဖြင့် အစီအစဉ်ရပ်ဆိုင်း

ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကသို့ လွှဲပြောင်း၍ အမှိုက်သိမ်းဆည်းခ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အပေါ် ရန်ကုန်မြို့နေလူထု၏ ဆန္ဒသဘောထား ကောက်ခံရာ ၈၀ ဒသမ ၂ ရာခိုင်နှုန်းက သဘောမတူသဖြင့် လွှဲပြောင်းမည့်အစီအစဉ် အားရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
 

Pages

Subscribe to Eleven Media Group RSS