“၀” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ခေါင်းဆောင် ဦးပေါက်ယူချမ်းနှင့် မီဒီယာများ အင်တာဗျူး


“၀” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) စစ်သေနာပတိချုပ် ဦးပေါက်ယူချမ်းနှင့် ပန်ဆန်း(ပန်းခမ်း) ထိပ်သီးအစည်းအဝေးသို့ သတင်းလာရောက်ရယူသည့် မီဒီယာသမားများ မေ ၄ ရက် ညနေပိုင်းက ပန်ဆန်းမြို့ရှိ အစည်းအဝေးကျင်းပရာနေရာ၌ တွေ့ဆုံခဲ့ပြီး ဦးပေါက်ယူချမ်းက သတင်းမီဒီယာများ၏ မေးမြန်းချက်များကို UWSP/UWSA ဗဟိုရုံး အတွင်းရေးမှူး ဦးအောင်မြင့်၏ ဘာသာပြန်ဖြေကြားမှုမှတစ်ဆင့် ပြန်လည်ဖြေကြားခဲ့သည်များကို ဖော်ပြပါသည်။
 
 
“၀” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ခေါင်းဆောင် ဦးပေါက်ယူချမ်းနှင့် မီဒီယာများ အင်တာဗျူး
 
 

ဖမ်းဆီးခံထားရသည့် ကျောင်းသားများနှင့် ၀န်းရံပြည်သူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် ရမည်းသင်းမြို့တွင် လက်ပတ်ဖြူလှုပ်ရှားမှုပြုလုပ်

ဒီမိုကရေစီပညာရေးအတွက် မန္တလေးမှရန်ကုန်သို့ လမ်းလျှောက်ချီတက်ကာ ဆန္ဒပြတောင်းဆိုခဲ့သည့် ဒီမိုကရေစီပညာရေးပင်မစစ်ကြောင်းမှ ကျောင်းသားကျောင်းသူများနှင့် ၀န်းရံသူစုစုပေါင်း ၇၀ ကို ပြန်လည်လွှတ်ပေးရန်အတွက် ရမည်းသင်းမြို့၌ မေ ၅ ရက် နံနက်ပိုင်းတွင် လက်ပတ်ဖြူလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်အထိ နေ့အပူချိန်မြင့်တက်နေပြီး မန္တလေးဆေးရုံကြီးသို့ အပူလွန်ကဲ၍ ရောက်ရှိလာသောလူနာများရှိလာ

မန္တလေးမြို့တွင် မေလဆန်းပိုင်းမှစတင်ကာ နေ့အပူချိန်များ သိသာစွာမြင့်တက်လျက်ရှိပြီး လက်ရှိတွင် မန္တလေးမြို့ နေ့အပူချိန်မှာ ၄၃ ဒီဂရီစင်တီဂရိတ်အထိရှိလာရာ မန္တလေးဆေးရုံကြီးသို့ အပူလွန်ကဲ၍ ရောက်ရှိလာသော လူနာရှိလာကြောင်း သိရသည်။

မန္တလေးမြို့နေ့အပူချိန်များမှာ မေလတစ်ရက်နေ့မှစတင်၍ သိသာစွာမြင့်တက်လာပြီး ယခုရက်ပိုင်းအတွင်း နေ့အပူချိန်မှာ မေ ၄ ရက်တွင် ၄၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ကြောင်း မေ ၅ ရက်တွင် ၄၂ ဒသမ  ၅ ဒီဂရီစင်တီဂရိတ်ရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် ၀န်ကြီးဌာနသုံးစွဲငွေ၏ ၂၅ ရာခိုင်နှုန်းနှင့် ကုသရေးဦးစီးဌာနအတွက် ၀န်ကြီးဌာနသုံးစွဲငွေ၏ ၆၆ ရာခိုင်နှုန်းကျော်သုံးစွဲမည်

ကျန်းမာရေးဝန်ကြီးဌာနတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနများကို ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ၀န်ကြီးဌာနတစ်ခုလုံး သုံးစွဲငွေ၏ ၂၅ ရာခိုင်နှုန်း၊ ကုသရေးဦးစီးဌာနမှ ၆၆ ရာခိုင်နှုန်းကျော် သုံးစွဲသွားမည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက မေ ၄ ရက်တွင် မီဒီယာများအား ပြောကြားသည်။

ဗကသကျောင်းသူ မပိုပိုနှင့် ၀န်းရံပြည်သူ ကိုဝင်းကျော့မှူးတို့အား ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မလေးခုဖြင့် ကမာရွတ်တရားရုံး၌ လေးကြိမ်မြောက်ရုံးထုတ်

ပင်မကျောင်းသားသပိတ်စစ်ကြောင်း၌ ပါဝင်ခဲ့သည့် ကျောင်းသူမပိုပိုနှင့် ၀န်းရံပြည်သူတစ်ဦးဖြစ်သည့် ကိုဝင်းကျော့မှူးတို့အား ပုဒ်မ-၅၀၅(ခ)အပါအ၀င် ပုဒ်မလေးခုဖြင့် မေ  ၅ ရက် နံနက်ပိုင်းတွင် လေးကြိမ်မြောက်ရုံးထုတ်ခဲ့ကြောင်း သိရသည်။

(၆၉) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတွင် လေယာဉ်နှင့် မော်တော်ယာဉ်များအား မီးငြှိမ်းသတ်သည့် သရုပ်ပြမှုများအပါအ၀င် အသက်ကယ်ဆယ်ရေးစွမ်းရည်များပြသ

(၆၉) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ ရန်ကုန်တိုင်းအဆင့်အခမ်းအနားကို မေ ၅ ရက် နံနက် ၇ နာရီတွင် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံမီးသတ်ဌာနချုပ်ရှိ စစ်ရေးပြကွင်းတွင်ပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် လေယာဉ်နှင့် မော်တော်ယာဉ်တို့အား မီးငြှိမ်းသတ်သည့် သရုပ်ပြမှုများအပါအ၀င် အသက်ကယ်ဆယ်ရေးစွမ်းရည်များပြသခဲ့ကြောင်း သိရသည်။

အဆိုပါမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြင့်ဆွေ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ်မူတည်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီအတွင်းရေးမှူးပြောကြား

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ်မူတည်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက မေ ၅ ရက်တွင်ပြောကြားသည်။

ဒေါက်တာမြတ်ဥာဏစိုးက "တကယ်အရေးကြီးတဲ့ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းလိုဟာမျိုးကတော့ လွှတ်တော်ပြန်စတဲ့အချိန် လွှတ်တော်ကိုယ်စားလှယ်တွေဆွေးနွေးတော့မှ ဆွေးနွေးချက်တွေမူတည်ပြီးတော့မှ ဥပဒေကြမ်းကော်မတီအနေနဲ့ ဆက်သွားလို့ရမှာဖြစ်ပါတယ်" ဟုပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များချမှတ်ရန် ချင်းနိုင်ငံရေးပါတီများ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမည်

လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ချင်းနိုင်ငံရေးပါတီများက မေ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ရန်ကုန်မြို့ Summit Parkview ဟိုတယ်၌ ဒုတိယအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန်အတွက် အကြိုညီလာခံတစ်ရပ် ရန်ကုန်မြို့၌ ဇွန်လလယ်တွင်ပြုလုပ်မည်

ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန်အတွက် အကြိုညီလာခံတစ်ရပ် ရန်ကုန်မြို့၌ လာမည့်ဇွန်လလယ်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) အဖွဲ့ဝင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

အဆိုပါအကြိုညီလာခံကျင်းပရေးအတွက် KUPC ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို မေ ၁ ရက်မှ ၂ ရက်အထိ နှစ်ရက်ကြာ ပဲခူးမြို့ ၁၀ မိုင်ရှိ Shwe Pyi Resort ၌ပြုလုပ်ခဲ့ပြီး အကြိုညီလာခံကျင်းပရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကာ KUPC ပြည်နယ်နှင့် တိုင်းဒေသကြီးအဖွဲ့ခွဲရှစ်ဖွဲ့မှ စာတမ်းရှစ်စောင်တင်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မကြာမီပြန်စမည့် လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းအပါအ၀င် အမျိုးသားပညာရေးနှင့် မျိုးစောင့်ဥပဒေကြမ်းများကို အဓိကဆွေးနွေးမည်

မကြာမီပြန်စမည့် (၁၂) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအပါအ၀င် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် မျိုးစောင့်ဥပဒေကြမ်းများကို အဓိကဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက The Daily Eleven သတင်းစာကို ပြောကြားသည်။

(၁၂) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများ ဧပြီလအတွင်းမှစ၍ ခေတ္တရပ်နားထားပြီး မေ ၁၁ ရက်တွင် ပုံမှန်အစည်းအဝေးများကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Pages

Subscribe to Eleven Media Group RSS