ဂဝေသီနိုင်ငံတော်ကြီး အဖြစ်သို့

(၁)

လူကောင်းများ၏ မသိစိတ်မှ ဘက်လိုက်ခြင်း

မကြာမီက အလုပ်ရုံဆွေးနွေးပွဲတစ်ခု တက်ဖြစ်ခဲ့ပါတယ်။ အမျိုးသမီးတွေ ပိုမိုစိတ်ဝင်စားတဲ့ အကြောင်းအရာမို့ တက်ရောက်သူထဲမှာ အမျိုးသားအရေအတွက်က သိသာထင်ရှားစွာ နည်းပါးပါတယ်။ ဆွေးနွေးပွဲရဲ့ တစ်နေရာမှာ အဖွဲ့ငယ်နှစ်ဖွဲ့ခွဲ၊ အဖွဲ့လိုက် ဆွေးနွေးပြီး ရလဒ်ကို ပြဇာတ်တိုကလေးနဲ့ ပြန်လည်တင်ပြရတဲ့ ကဏ္ဍလေးတစ်ခု ပါပါတယ်။ အဲဒီ တင်ပြချက်ကလေးတွေ ပြီးတဲ့အချိန်မှာ ဦးဆောင်ဆွေးနွေးသူက အဖွဲ့တစ်ဖွဲ့မှာ အမျိုးသားနှစ်ယောက်စီပဲပါပြီး ကျန်သူအားလုံးက အမျိုးသမီးတွေ ဖြစ်နေပေမယ့် ပြဇာတ်တိုကို ဦးဆောင်စီစဉ်သွားသူက နှစ်ဖွဲ့စလုံးမှာ အမျိုးသားတွေပဲ ဖြစ်နေကြောင်း ထောက်ပြ ပြောဆိုပါတယ်။

‘‘၀’’ ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုထားမှု ဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဟု ‘‘၀’’ အဖွဲ့ ဗဟိုရုံးအတွင်းရေးမှူး ပြောကြား

ရှမ်းပြည်နယ်အတွင်းရှိ ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ‘၀’ ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ ကျင်းပစဉ်ကတည်းက တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ပြည်နယ်သတ်မှတ်ပေးရေး ဥပဒေအရ ဆောင်ရွက်မည်ဟု ‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဗဟိုရုံးအတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။

‘၀’အဖွဲ့၏ အုပ်ချုပ်မှု၊ တည်ဆောက်မှုအောက်တွင် ‘၀’ ဒေသသည် ဖွံ့ဖြိုးလာပြီ ဖြစ်သည့်အတွက် ပြည်နယ်သတ်မှတ်ပေးရေးအတွက် ဥပဒေအရဖြစ်စေ၊ ပြည်သူလူထု နားလည်မှု ဘက်ကနေဖြစ်စေ နည်းလမ်းများ သုံးသွားရမည်ဟု ၎င်းကဆိုသည်။

အမျိုးသားပညာရေး ဥပဒေအတွက် ထပ်မံတွေ့ဆုံဆွေးနွေးရန် အမျိုးသားလွှတ်တော်က တရားဝင်ကမ်းလှမ်းမှု မရှိသေးဟု ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီ ဆို

အမျိုးသားပညာရေး ဥပဒေအတွက် ထပ်မံ၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် အမျိုးသားလွှတ်တော်က တရားဝင်ကမ်းလှမ်းမှုများ ပြုလုပ်ထားခြင်း မရှိသေးဟု ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီထံမှ သိရသည်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအမည်ခံ အဖွဲ့အစည်းဖြစ်သည့် Law and Order အဖွဲ့အား ကန့်ကွက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနသို့ လက်မှတ်ရေးထိုး တိုင်တန်း

ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့၊ စိန်ပန်းရပ်၊ အောင်မြေဘုံစံကျောင်းတိုက်၌ တက်ကြွလှုပ်ရှား နိုင်ငံရေးပါတီများ၊ NGO CSO အရပ်ဘက်အဖွဲ့အစည်းများ၊ ရဟန်းသံဃာတော်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့များ စုပေါင်းလက်မှတ်ရေးထိုး၍ ပြောက်ကျားအင်္ကျီ၊ ယူနီဖောင်းဝတ်စုံ ၀တ်ဆင်ပြီး နံပါတ်တုတ်များ ကိုင်ဆောင်ထားသော တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးအမည်ခံ အဖွဲ့အစည်း တစ်ခုဖြစ်သော Law and Order အဖွဲ့အား မေ ၄ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ လက်မှတ်ရေးထိုး တိုင်တန်းခဲ့ကြောင်း သိရသည်။

Recruitment Days အလုပ်အကိုင် အခွင့်အလမ်း ပြပွဲသို့ အလုပ်လာရောက်လျှောက်ထားသူ သောင်းဂဏန်းဝန်းကျင်ရှိ

Recruitment Days အလုပ်အကိုင် အခွင့်အလမ်းပြပွဲသို့ အလုပ်လာရောက် လျှောက်ထားသူ သောင်းဂဏန်းဝန်းကျင်အထိရှိကြောင်း www.work.com မှ စစ်တမ်းများအရ သိရသည်။

အဆိုပါ အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို မေ ၂ ရက်နှင့် ၃ ရက်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park တွင် ကျင်းပခဲ့ပြီး လာရောက်လျှောက်ထားသူများ ကြည့်ရှုသူများနှင့် စည်ကားခဲ့သည်။

လွိုင်ကော်မြို့နယ် တရားရုံးက ဒေါဆိုရှေ့တောင်သူများအား အမိန့်ချမှတ်မှုအပေါ် တရားမျှတမှု မရှိကြောင်း ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် ၀န်းရံသူများ ဆန္ဒထုတ်ဖော်

လွိုင်ကော်မြို့နယ် တရားရုံးမှ ဒေါဆိုရှေ့တောင်သူများအား အမိန့်ချမှတ်လိုက်သည့် စီရင်ချက်အပေါ် တရားမျှတမှုမရှိကြောင်း ပြဆိုသည့်အနေဖြင့် ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ အဖွဲ့ဝင်များနှင့် ၀န်းရံသူများက မေ ၄ ရက် စီရင်ချက်အမိန့် ချမှတ်အပြီးတွင် ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

တောင်သမန်အင်းအတွင်း ငါးများသေဆုံးမှုကြောင့် ရေဆိုးစွန့်ပစ်စက်ရုံ ၁၇ ရုံ ယာယီပိတ်သိမ်း

တောင်သမန်အင်းအတွင်း ငါးသေဆုံး မှုများကြောင့် ရေဆိုးစွန့်ပစ်သောစက်ရုံ ၁၇ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် ယာယီပိတ်သိမ်းပြီး ပိုက်လိုင်းစနစ်ဖြင့် ရေဆိုးစွန့်ပစ်စေရန် ဆောင်ရွက်ပြီးမှ ပြန်လည်လုပ်ကိုင်ခွင့်ပြု မည်ဖြစ်ကြောင်း မန္တလေးစည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

မေလ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

မှန်ကန်သော ရွေးချယ်မှုများ လိုအပ်လာ

နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ စသည်ဖြင့် နိုင်ငံတစ်နိုင်ငံ၏ အဆိုပါ အဓိကအကြောင်းရင်းကြီး သုံးခုအပေါ်တွင် အခြေခံမူတည်၍ ယင်းနိုင်ငံ၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း အခြေအနေများကို သုံးသပ်နိုင်မည်ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရမည်ဆိုသည့် အချက်ကို ပန်ဆန်း ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး သဘောထားမှတ်ချက်ပေး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရမည်ဆိုသည့် အချက်ကို ရှမ်းပြည်နယ် ‘၀’ဒေသ ပန်ဆန်း (ပန်ခမ်း) မြို့တွင် မေ ၁ ရက်မှ စတင်ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့အစည်းအားလုံးက သဘောထားမှတ်ချက်ပေးကြောင်း အစည်းအဝေး တက်ရောက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကိုယ်စားလှယ်များက ပြောကြားသည်။

Pages

Subscribe to Eleven Media Group RSS