ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် ဖယ်လ်ကာအို လက်မှတ်ရေးထိုး အာဒါတူရန်ကိုလည်း ပေါင် ၂၉ သန်းဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေ

မိုနာကိုအသင်း၏ ကိုလံဘီယာ လက်ရွေးစင်တိုက်စစ်မှူး ဖယ်လ်ကာအိုသည် ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီဖြစ်ကြောင်း ၎င်းမိသားစုများ၏ ပြောကြားချက်ကို ကိုးကား၍ ဗြိတိန်ထုတ် The Guardian သတင်းစာက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၌ ကျင်းပမည့် Miss Bikini Universe 2015 ရွေးချယ်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် နီနီမင်းသူ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်မည်

တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပမည့် Miss Bikini Universe 2015 ရွေးချယ်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် နီနီမင်းသူက ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အွန်လိုင်းသီချင်းရောင်းချမှုစာရင်း၌ ရောင်းအား အကောင်းဆုံး အဆိုတော်အဖြစ် ရီဟားနား ဦးဆောင်


ဂရမ်မီဆုရအဆိုတော် ရီဟားနားသည် အွန်လိုင်း၌ သီချင်းတစ်ပုဒ်တည်းပါ စီဒီရောင်းချမှုစာရင်းတွင် ချပ်ရေသန်း ၁၀၀ ကျော်ရောင်းချနိုင်သည့် ပထမဆုံးအဆိုတော် ဖြစ်လာသည်ဟု အမေရိကန်တေးသံသွင်း အဖွဲ့(RIAA) က ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုတော် တေလာဆွစ်ဖ်နှင့် ကေတီပယ်ရီသည် အဆိုပါစာရင်း၏ ဒုတိယနှင့် တတိယနေရာတွင်သာ ဖော်ပြခံခဲ့ရသည်ဟု သိရသည်။
 

ဆော်ဒီမင်းသားက ပိုင်ဆိုင်သည့် ဒေါ်လာ ၃၂ ဘီလျံလုံးကို ပရဟိတ လုပ်ငန်းအတွက် လှူဒါန်း

ဆော်ဒီမင်းသား အယ်ဝါလိဘင်တာလာက ၎င်းပိုင်ဆိုင်သော ဒေါ်လာ ၃၂ ဘီလျံလုံးကို ပရဟိတ လုပ်ငန်းများအတွက် လှူဒါန်းမည်ဖြစ်ကြောင်း ဇူလိုင် ၁ ရက်က ကြေညာခဲ့သည်။ ဒေသတွင်း၌ ပထမဆုံးသော ဧရာမလှူဒါန်းမှုကြီး ဖြစ်လာမည့် လှူဒါန်းမှုများကို မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီဂိတ် တည်ထောင်ထားသည့် ကုသိုလ်ဖြစ်လုပ်ငန်းကို အခြေခံကာ ဆောင်ရွက်မည်ဟု မင်းသားအယ်ဝါလိက သတင်းထောက်များကို ပြောကြားခဲ့သည်။

အသရေဖျက်မှုကို ရုံးတင်စစ်ဆေးရာတွင် တက်ကြွလှုပ်ရှားသူက စင်ကာပူဝန်ကြီးချုပ်ကို ပြန်လှန်မေးခွန်းထုတ်မှု ခုနစ်နာရီကြာ ပြုလုပ်ခဲ့

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အရပ်ဘက်ဆိုင်ရာ အမှုတစ်ခုတွင် တက်ကြွလှုပ်ရှားသူ တစ်ဦးက သူ့အား ခုနစ်နာရီကြာ ပြန်လှန်မေးခွန်းထုတ်မှု ပြုလုပ်ခဲ့ပြီး သူ့အား အသေရေဖျက်သည့်အပြင် ပိုမိုဆိုးရွားသော ထိခိုက်မှုများ ဖြစ်စေခဲ့သည်ဟု ဇူလိုင် ၁ ရက်တွင် အခိုင်အမာ ပြောကြားခဲ့သည်။

လီရှန်လွန်းက တရားရင်ဆိုင်သူ ရွိုင်းဂါးအန်သည် သူ့၏ ၀န်ချတောင်းပန်မှုများတွင် ရိုးသားဖြောင့်မတ်မှု မရှိခဲ့ကြောင်းနှင့် သူ၏ ဘလော့ဂ်နှင့် YouTube ဗီဒီယိုဖိုင်များတွင် မှားယွင်းသည့် စွပ်စွဲချက်များ ထပ်ကာတလဲလဲ ပြုလုပ်ခြင်းဖြင့် မူလအသရေဖျက်မှုကို ပိုမိုဆိုးရွားစေခဲ့သည်ဟု ဆိုသည်။

လောကကို စိုးမိုးသော စိတ်များ

ပခုံးနှစ်ဖက်ကြားမှာ ခေါင်းပါသောလူတိုင်းတွင် စိတ်ဆိုသောအရာ ရှိကြသည်။ လူတို့၏ မြင်ရသောရုပ်ခန္ဓာကို ကိုယ်ဟုခေါ်ကြပြီး ကိုယ်တွင်းရှိ မမြင်ရသောအရာသည် စိတ်ဖြစ်သည်။ လူ၏စိတ်မည်သည့်နေရာတွင် ရှိသည် တည်သည်ကို သတ်မှတ်ဖို့ရာ ခက်ခဲပါသည်။ ဆေးသိပ္ပံပညာအရမူ ဦးနှောက် ပုံမှန်မဟုတ်သူတစ်ယောက်ကို စိတ်ရောဂါရှိသူဟု သတ်မှတ်လေ့ရှိကြသည်။ လူတို့တွင် ဘ၀င်စိတ်၊ ၀ိညာဉ်စိတ်၊ ပဋိသန္ဓေစိတ်၊ စုတိစိတ်တို့ ရှိကြောင်းလည်း ဘာသာရေးဆိုင်ရာစာပေအဆိုအမိန့်များတွင် မှတ်သားဖူးပါသည်။
 

မျှော်လင့်ချက် ရှိပါသေးသည်

အကယ်၍ လူတစ်ယောက်သည် ရပ်ကွက်အတွင်း၌ ဖြစ်စေ၊ အခြားတစ်နေရာရာသို့ ကိစ္စတစ်ခုဖြင့် သွားရောက်နေရင်းမှဖြစ်စေ၊ မျက်နှာချင်းဆိုင် တွေ့ရသူ လူစိမ်း (သို့) ရင်းနှီးသူ တစ်ယောက်ကို -
 
“ဒီမှာဗျာ ခင်ဗျား သတင်းတစ်ခုကို ကြားလိုက်တာနဲ့ “ကြားရကြားရ နားဝမသက်သာ” ဖြစ်သွားပြီး ချက်ချင်းဆိုသလိုပဲ “ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျော” ဖြစ်သွားမယ်ဆိုရင် အဲဒီသတင်းဟာ ဘယ်လိုသတင်းမျိုးဖြစ်လိမ့်မလဲ”
ဟု မေးလိုက်မိမည်ဆိုပါလျှင် အမေးခံရသည့်ပုဂ္ဂိုလ်က
 

စတော့အိတ်ချိန်းကုမ္ပဏီ အမည်ခံ Global Growth ကုမ္ပဏီ လိမ်လည်မှုတွင် ရင်းနှီးမြှုပ်နှံသူ ၃၀၀ ၀န်းကျင်ထက်မနည်း အလိမ်ခံရပြီး ကျပ်သိန်းထောင်ချီ ဆုံးရှုံးသူများ ပါဝင်သဖြင့် အမှုဖွင့် တိုင်ကြားသူများ ရှိလာ

စတော့အိတ်ချိန်းကုမ္ပဏီ အမည်ခံ Global Growth ကုမ္ပဏီ ငွေကြေးလိမ်လည်မှုတွင် ရင်းနှီးမြှုပ်နှံသူ ၃၀၀ ၀န်းကျင်ထက်မနည်း လိမ်လည်ခံခဲ့ရပြီး ကျပ်သိန်းထောင်ချီ ဆုံးရှုံးရသူများလည်း ပါဝင်ခဲ့သဖြင့် အမှုဖွင့် တိုင်ကြားသူများလည်း ရှိလာကြောင်း အဆိုပါ ကုမ္ပဏီတွင် ငွေကြေးထည့်ဝင်ခဲ့ကြသူများက ပြောကြားသည်။

ကုမ္ပဏီတွင် ၀န်ထမ်းအဖြစ် ရှစ်လနီးပါး ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး ကျပ်သိန်း ၅၀ ထည့်ဝင်ခဲ့သူ တစ်ဦးက “ကျွန်တော်က သိန်း ၅၀ ပဲ ဆုံးရှုံးတာ။ တချို့ကတော့ ကျပ်သိန်းတစ်ထောင်ကျော်လောက်အထိ ပါတဲ့သူလည်း ရှိတယ်။ ကျွန်တော်က Account ပိုင်းက မဟုတ်တော့ အတိအကျတော့ မသိဘူး” ဟု ဆိုသည်။

မန္တလေးမြို့တွင် အမြွှာညီအစ်ကို နှစ်ဦးထံမှ သေနတ်များ တွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေရာ စုစုပေါင်း သေနတ် ၃၂ လက်အထိ ဖမ်းဆီးရမိ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် အမြွှာညီအစ်ကို နှစ်ဦးထံမှ ဇွန် ၂၆ ရက် ညပိုင်းတွင် သေနတ်များ တွေ့ရှိရာမှ ဆက်လက်ရှာဖွေရာ ဇွန် ၃၀ ရက်အထိ သေ နတ် ၃၂ လက်အထိ တွေ့ရှိဖမ်းဆီး ရမိထားကြောင်း သတင်းရရှိသည်။

ထိုကဲ့သို့ သေနတ်အများအပြား ထပ်မံရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်ပြီး စုံစမ်းဆေးနေကြောင်းနှင့် အမှုကွင်းဆက်များထံမှ လက်နက်များ ထပ်မံသိမ်းဆည်းရမိရန် ဆောင်ရွက်နေသဖြင့် အမှုပြီးပြတ် တရားစွဲတင်သည့် အဆင့်ရောက်မှသာ အသေးစိတ်ထုတ်ပြန်ရန် ဖြစ်နိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြောကြားသည်။

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်ပါက လာမည့်စက်တင်ဘာလတွင် စက်ရုံများပိတ်သိမ်း၍ အိမ်ပြန်မည်ဖြစ်ကြောင်း တရုတ်နှင့် ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များ ခြိမ်းခြောက်ပြောကြား

မြန်မာနိုင်ငံအနေဖြင့် တစ်ရက်အနည်းဆုံးအခကြေးငွေ တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ပါက လာမည့်စက်တင်ဘာလတွင် စက်ရုံပိတ်သိမ်း၍ အိမ်ပြန်ကြမည်ဖြစ်ကြောင်းဖြစ်ကြောင်း တရုတ်နှင့် ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များက ဇူလိုင် ၂ ရက်တွင်ပြုလုပ်သည့် အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏အစည်းအဝေးတွင် ခြိမ်းခြောက်ပြောကြားမှုပြုလုပ်ခဲ့သည်။

Pages

Subscribe to Eleven Media Group RSS