ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများနှင့် နိုင်ငံသားအခွင့်အရေး

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖတ်လိုက်ရတဲ့ သတင်းတချို့မှာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေနဲ့ ပတ်သက်ပြီး အနိုင်အထက် ပြုလုပ်ခံနေရတာတွေကို တွေ့ ရှိခဲ့ရပြီး ပြည်ပရောက် လုပ်သားများကို ကူညီစောင့်ရှောက်ပေးရေး အစီအစဉ်တွေကို ယခုထက်ပိုပြီး လုပ်ဆောင်ပေးဖို့လိုအပ်နေတယ်လို့ ထင်မြင်မိပါတယ်။

သေနတ်ဖြင့် အပစ်ခံရသူ

‘၀’ အမျိုးသားပြည်နယ်အဆင့် တောင်းဆိုမှုအပေါ် နားလည်၊ ထောက်ခံခြင်း အပါအ၀င် အချက် (၁၂) ချက်ပါ သဘောတူညီချက်ကို ပန်ဆန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေး ထုတ်ပြန်

ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အများစုက ‘၀’ အမျိုးသားပြည်နယ်အဆင့် တောင်းဆိုမှုအပေါ် နားလည်၊ ထောက်ခံခြင်း အပါအ၀င် အချက် (၁၂) ချက်ပါ သဘောတူညီချက်ကို ပန်ဆန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေးက မေ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ မေ ၅ ရက် ညနေ ၄ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ တွေ့ဆုံရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့သည် ဒီမိုကရက်တစ် အကူးအပြောင်းတွင် လွှတ်တော်၏ အခန်းကဏ္ဍ အရေးကြီးပုံများကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ဒေါ်လာ ၇ သန်းတန် Cyclotron ပါသည့် ကင်ဆာရောဂါရှာဖွေရေးစက် Pet-CT ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဦးဆုံးတပ်ဆင်

မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ဒေါ်လာ ၇ သန်းတန် (ကျပ်ငွေ ၇ ဘီလျံ) Cyclotron ပါသည့် ကင်ဆာရောဂါရှာဖွေရေးစက် Pet-CT ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဦးဆုံးတပ်ဆင်လျက်ရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာပပထံမှ သိရသည်။

၂၀၁၅ ရွေးကောက်ပွဲ၌ ချင်းပြည်နယ်၊ ရခိုင်နှင့် စစ်ကိုင်းတိုင်းတို့တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် ၀င်ရောက်ယှဉ်ပြိုင်မည်

၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) က ချင်းပြည်နယ်တစ်ဝန်းလုံးတွင်သာမက ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်လည်း ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောကြားသည်။

“ရွေးကောက်ပွဲအတွက်ကတော့ လောလောဆယ် ပါတီစည်းရုံးရေး ဆင်းနေတယ်။ အခုက ချင်းပြည်နယ်က ခုနစ်မြို့နယ်ရယ်၊ နောက်ပြည်နယ်ပြင်ပမှာ ရခိုင်ပြည်နယ်ရယ်၊ စစ်ကိုင်းတိုင်းမှာ ကလေးရယ်၊ တမူးရယ်ပေါ့။ အဲဒီမှာ အဓိကပြိုင်ဖို့ ရည်မှန်းထားတယ်” ဟု ပြောကြားသည်။

ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မခံရ၍ ပါတီအောင်နိုင်ရေး၌ ၀င်ရောက်မဆောင်ရွက်ခြင်းနှင့် တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့်သူများကို NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်သည်အထိ အရေးယူမည်

ကိုယ်စားလှယ်လောင်း ဖြစ်လိုသူများ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မခံရခြင်း၊ မိမိကိုယ်တိုင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မခံရခြင်းတို့ကြောင့် ပါတီအောင်နိုင်ရေးတွင် ၀င်ရောက်မဆောင်ရွက်ခြင်းနှင့် တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့်သူများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်သည်အထိ အရေးယူမည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ခုနစ်မြို့နယ်၌ အခြေခံမဲစာရင်းပြုစုမှု ပြီးစီးနေပြီး ကျန်မြို့နယ်အားလုံး ပြီးစီးမှသာ မဲစာရင်း ကြေညာမည်

ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ခုနစ်မြို့နယ်၌ အခြေခံမဲစာရင်းပြုစုမှု ပြီးစီးနေပြီး ကျန်မြို့နယ်အားလုံး ပြီးစီးမှသာ မဲစာရင်းကြေညာမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြက ပြောကြားသည်။

အဆိုပါ အခြေခံမဲစာရင်း ပြုစုပြီးစီးသည့် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ သံတွဲခရိုင်နှင့် ကျောက်ဖြူခရိုင်ရှိ ခုနစ်မြို့နယ် မဲစာရင်းပြုစုခြင်း လုပ်ငန်းကို မတ် ၁၉ ရက်မှ ဧပြီ ၂၄ ရက်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ၁၀ မြို့နယ်၌ ဧပြီ ၂၄ ရက်မှ စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီထံ မရောက်ရှိသေး

မေ ၁၁ ရက်တွင် ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေး၌ တင်သွင်းဆွေးနွေးရန်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းသည် လက်ရှိအချိန်အထိ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီထံ ရောက်ရှိလာခြင်း မရှိသေးကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက မေ ၆ ရက်တွင် ပြောကြားသည်။

ငရုတ်ကောင်းဒေသ၌ ကျောက်မီးသွေးစက်ရုံစီမံကိန်း လုပ်ဆောင်ရန် လျာထားသည့် ကုမ္ပဏီနှင့် တာဝန်ရှိသူတို့ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ ဒေသခံများက စီမံကိန်းကို ကန့်ကွက်ခဲ့ကြ

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းဒေသ၌ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း လုပ်ဆောင်ရန် လျာထားနေသည့် ကုမ္ပဏီနှင့် အစိုးရတာဝန်ရှိသူတို့ နံ့သာပုကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် မေ ၆ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ တက်ရောက်လာသော ဒေသခံများက စီမံကိန်းကို ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။

ရာသီဥတု ပူပြင်းမှုကြောင့် သွေးလှူဘဏ်တွင် သွေးလာရောက်လှူဒါန်းသူ နည်းပါးနေပြီး သွေးပြတ်လပ်မှုများ ရှိနေ

ရာသီဥတု ပူပြင်းမှုကြောင့် အမျိုးသားသွေးလှူဘဏ်တွင် သွေးလာရောက်လှူဒါန်းမှု နည်းပါးနေပြီး သွေးပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။

အမျိုးသားသွေးလှူဘဏ်မှ ပျမ်းမျှအားဖြင့် နေ့စဉ်သွေးလိုအပ်မှုမှာ သွေးယူနစ် (ပုလင်း) ၂၀၀ ဖြစ်ပြီး လက်ရှိတွင် နေ့စဉ်သွေးရရှိမှုမှာ သွေးယူနစ် ၅၀ ခန့်သာ ရှိနေကြောင်းနှင့် ယခင်နှစ်များတွင် ယခုကဲ့သို့ သွေးပြတ်လပ်မှုများကို မကြုံတွေ့ခဲ့ရဖူးကြောင်းနှင့် ယခုနှစ်တွင်မှ ရာသီဥတု အခြေအနေကြောင့် သွေးလာရောက်လှူဒါန်းသူ နည်းပါးပြီး သွေးပြတ်လပ်ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

Pages

Subscribe to Eleven Media Group RSS