လောကကို စိုးမိုးသော စိတ်များ

ပခုံးနှစ်ဖက်ကြားမှာ ခေါင်းပါသောလူတိုင်းတွင် စိတ်ဆိုသောအရာ ရှိကြသည်။ လူတို့၏ မြင်ရသောရုပ်ခန္ဓာကို ကိုယ်ဟုခေါ်ကြပြီး ကိုယ်တွင်းရှိ မမြင်ရသောအရာသည် စိတ်ဖြစ်သည်။ လူ၏စိတ်မည်သည့်နေရာတွင် ရှိသည် တည်သည်ကို သတ်မှတ်ဖို့ရာ ခက်ခဲပါသည်။ ဆေးသိပ္ပံပညာအရမူ ဦးနှောက် ပုံမှန်မဟုတ်သူတစ်ယောက်ကို စိတ်ရောဂါရှိသူဟု သတ်မှတ်လေ့ရှိကြသည်။ လူတို့တွင် ဘ၀င်စိတ်၊ ၀ိညာဉ်စိတ်၊ ပဋိသန္ဓေစိတ်၊ စုတိစိတ်တို့ ရှိကြောင်းလည်း ဘာသာရေးဆိုင်ရာစာပေအဆိုအမိန့်များတွင် မှတ်သားဖူးပါသည်။
 

မျှော်လင့်ချက် ရှိပါသေးသည်

အကယ်၍ လူတစ်ယောက်သည် ရပ်ကွက်အတွင်း၌ ဖြစ်စေ၊ အခြားတစ်နေရာရာသို့ ကိစ္စတစ်ခုဖြင့် သွားရောက်နေရင်းမှဖြစ်စေ၊ မျက်နှာချင်းဆိုင် တွေ့ရသူ လူစိမ်း (သို့) ရင်းနှီးသူ တစ်ယောက်ကို -
 
“ဒီမှာဗျာ ခင်ဗျား သတင်းတစ်ခုကို ကြားလိုက်တာနဲ့ “ကြားရကြားရ နားဝမသက်သာ” ဖြစ်သွားပြီး ချက်ချင်းဆိုသလိုပဲ “ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျော” ဖြစ်သွားမယ်ဆိုရင် အဲဒီသတင်းဟာ ဘယ်လိုသတင်းမျိုးဖြစ်လိမ့်မလဲ”
ဟု မေးလိုက်မိမည်ဆိုပါလျှင် အမေးခံရသည့်ပုဂ္ဂိုလ်က
 

စတော့အိတ်ချိန်းကုမ္ပဏီ အမည်ခံ Global Growth ကုမ္ပဏီ လိမ်လည်မှုတွင် ရင်းနှီးမြှုပ်နှံသူ ၃၀၀ ၀န်းကျင်ထက်မနည်း အလိမ်ခံရပြီး ကျပ်သိန်းထောင်ချီ ဆုံးရှုံးသူများ ပါဝင်သဖြင့် အမှုဖွင့် တိုင်ကြားသူများ ရှိလာ

စတော့အိတ်ချိန်းကုမ္ပဏီ အမည်ခံ Global Growth ကုမ္ပဏီ ငွေကြေးလိမ်လည်မှုတွင် ရင်းနှီးမြှုပ်နှံသူ ၃၀၀ ၀န်းကျင်ထက်မနည်း လိမ်လည်ခံခဲ့ရပြီး ကျပ်သိန်းထောင်ချီ ဆုံးရှုံးရသူများလည်း ပါဝင်ခဲ့သဖြင့် အမှုဖွင့် တိုင်ကြားသူများလည်း ရှိလာကြောင်း အဆိုပါ ကုမ္ပဏီတွင် ငွေကြေးထည့်ဝင်ခဲ့ကြသူများက ပြောကြားသည်။

ကုမ္ပဏီတွင် ၀န်ထမ်းအဖြစ် ရှစ်လနီးပါး ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး ကျပ်သိန်း ၅၀ ထည့်ဝင်ခဲ့သူ တစ်ဦးက “ကျွန်တော်က သိန်း ၅၀ ပဲ ဆုံးရှုံးတာ။ တချို့ကတော့ ကျပ်သိန်းတစ်ထောင်ကျော်လောက်အထိ ပါတဲ့သူလည်း ရှိတယ်။ ကျွန်တော်က Account ပိုင်းက မဟုတ်တော့ အတိအကျတော့ မသိဘူး” ဟု ဆိုသည်။

မန္တလေးမြို့တွင် အမြွှာညီအစ်ကို နှစ်ဦးထံမှ သေနတ်များ တွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေရာ စုစုပေါင်း သေနတ် ၃၂ လက်အထိ ဖမ်းဆီးရမိ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် အမြွှာညီအစ်ကို နှစ်ဦးထံမှ ဇွန် ၂၆ ရက် ညပိုင်းတွင် သေနတ်များ တွေ့ရှိရာမှ ဆက်လက်ရှာဖွေရာ ဇွန် ၃၀ ရက်အထိ သေ နတ် ၃၂ လက်အထိ တွေ့ရှိဖမ်းဆီး ရမိထားကြောင်း သတင်းရရှိသည်။

ထိုကဲ့သို့ သေနတ်အများအပြား ထပ်မံရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်ပြီး စုံစမ်းဆေးနေကြောင်းနှင့် အမှုကွင်းဆက်များထံမှ လက်နက်များ ထပ်မံသိမ်းဆည်းရမိရန် ဆောင်ရွက်နေသဖြင့် အမှုပြီးပြတ် တရားစွဲတင်သည့် အဆင့်ရောက်မှသာ အသေးစိတ်ထုတ်ပြန်ရန် ဖြစ်နိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြောကြားသည်။

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်ပါက လာမည့်စက်တင်ဘာလတွင် စက်ရုံများပိတ်သိမ်း၍ အိမ်ပြန်မည်ဖြစ်ကြောင်း တရုတ်နှင့် ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များ ခြိမ်းခြောက်ပြောကြား

မြန်မာနိုင်ငံအနေဖြင့် တစ်ရက်အနည်းဆုံးအခကြေးငွေ တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ပါက လာမည့်စက်တင်ဘာလတွင် စက်ရုံပိတ်သိမ်း၍ အိမ်ပြန်ကြမည်ဖြစ်ကြောင်းဖြစ်ကြောင်း တရုတ်နှင့် ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များက ဇူလိုင် ၂ ရက်တွင်ပြုလုပ်သည့် အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏အစည်းအဝေးတွင် ခြိမ်းခြောက်ပြောကြားမှုပြုလုပ်ခဲ့သည်။

ဖမ်းဆီးခံကျောင်းသားနှင့် ၀န်းရံပြည်သူ ၇ ဦးကို ထောင်စည်းကမ်းဖောက်မှုဖြင့် တိုက်ပိတ်ခဲ့ပြီး အကျဉ်းထောင် ဥပဒေပုဒ်မဖြင့် တရားစွဲမည်ဟု သတင်းထွက်

မြင်းခြံဒီဂရီကောလိပ်ရှိ နိုင်ငံတော်အလံဖြုတ်ချခဲ့မှု၊ ဆန္ဒပြခဲ့မှုများကြောင့် ဖမ်းဆီးထားသူ(၈)ဦးကို ရုံးထုတ်စစ်ဆေး

ဖွဲ့စည်းပုံပြင်ဆင်ရေး၌ မူလအတိုင်း ရပ်ခံငြင်းဆိုခြင်းကြောင့် အပစ်ရပ်စဲရေးလက်မှတ် မထိုးနိုင်ဘဲ စစ်ပွဲများ ပြန်ဖြစ်မည်ကို စိုးရိမ်ဟု NLD ကိုယ်စားလှယ်ဆွေးနွေး

မြို့တော်ခန်းမ ထွက်ပေါက်ရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြခြင်းကြောင့် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ် ၆ လစီချခံခဲ့ရသည့် မိချောင်းကန်ဆန္ဒပြသူ ၁၄ ဦး ပြန်လည်လွတ်မြောက်

တနင်္သာရီတိုင်းဒေသကြီးတွင် မဲစာရင်းမှားယွင်းမှု ပြန်လည်လျှောက်ထားရန် ရက်အကန့်အသတ်မရှိ ခွင့်ပြုထားသော်လည်း မဲစာရင်းအပေါ် လူထုစိတ်ဝင်စားမှုနည်းပါး

တနင်္သာရီတိုင်းဒေသကြီးတွင် မဲစာရင်းမှားယွင်းမှု ပြန်လည်လျှောက်ထားရန်အတွက် ရက်အကန့်အသတ်မရှိ ခွင့်ပြုထားသော်လည်း မြိတ်မြို့နယ်တွင် မဲစာရင်းအပေါ် ပြည်သူလူထု စိတ်ဝင်စားမှုနည်းပါးနေကြောင်း ခရိုင်ကော်မရှင်အရာရှိ ဦလှိုင်ဘွားကပြောကြားသည်။
    
မြိတ်ခရိုင်အတွင်း မဲဆန္ဒစာရင်းကြေညာမှုကို ပြီးခဲ့သည့် ဇွန် ၈ ရက်မှ ၂၁ ရက်အထိ ၁၄ ရက်ကြာကြေညာပေးခဲ့ပြီး အချက်အလက်မှားယွင်းမှု အများဆုံးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
    

Pages

Subscribe to Eleven Media Group RSS