လမ်းတစ်လျှောက် ထောက်ခံအားပေးမှုရရှိခဲ့သည့် အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်စစ်ကြောင်းချီရာတွင် ကျောင်းသားများနှင့်အတူ ဒေသခံများ၊ သံဃာများပါ ပူးပေါင်းပါဝင်ခဲ့

လမ်းတစ်လျှောက် ထောက်ခံအားပေးမှုရရှိခဲ့သည့် အမျိုးသားပညာရေးဥပဒေသပိတ်မှောက်စစ်ကြောင်းချီရာတွင် ကျောင်းသားများနှင့်အတူ ဒေသခံများ၊ သံဃာများပါ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

မန္တလေးနန်းတွင်းရှိ စစ်အကျဉ်းထောင်မှ အကျဉ်းသားရှစ်ဦး အစောင့်တပ်ကြပ်ကြီးကိုသတ်၍ ထွက်ပြေးမှုဖြစ်ပွား

မန္တလေးနန်းတွင်းရှိ အမှတ် (၁) စစ်အကျဉ်းထောင်မှ တပ်သားအဆင့်ရှိ အကျဉ်းသားရှစ်ဦးသည် အစောင့်တပ်ကြပ်ကြီးကို သတ်၍ ဇန်နဝါရီ ၂၅ ရက်က ထွက်ပြေးလွတ်မြောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၅ ရက် နံနက် ၃ နာရီဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် အကျဉ်းထောင်ဖောက်၍ ကျုံးရေပြင်ကိုကူးဖြတ်ကာ နန်းမြို့ရိုးမြောက်ဘက် ၇၈ လမ်းအတိုင်း ထွက်ပြေးသွားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အယုံအကြည်မရှိကြောင်း လက်မှတ်ရေးထိုးကန့်ကွက်သည့် လှုပ်ရှားမှု ပြုလုပ်

၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အယုံအကြည်မရှိကြောင်း ပြည်သူများမှ ကန့်ကွက်လက်မှတ်ရေးထိုး လှုပ်ရှားမှုပြုလုပ်နေကြောင်း လက်မှတ်လိုက်လံကောက်ခံနေသည့် ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် အဖွဲ့ဝင် ကိုမြတ်ကျော်ထံမှ သိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ၆၉ ရပ်ကွက် အမေ့အိမ်ကျောင်းခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဥပဒေအရ တရားမဝင်ကြောင်း ဟောပြောမှုများပြုလုပ်ခဲ့ပြီး ယင်းပွဲတွင် ကော်မရှင်အား ကန့်ကွက်သည့် လက်မှတ်များ လိုက်လံကောက်ခံခဲ့သည်။

မြန်မာ ယူ-၂၀ အသင်း အီရန်ယူ-၂၂ အသင်းကို ရှုံးနိမ့်

တူရကီနိုင်ငံ၌ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည့် မြန်မာ ယူ-၂၀ အသင်းသည် ဇန်နဝါရီ ၂၅ ရက်က အီရန် ယူ-၂၂ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။

မြန်မာယူ-၂၀ အသင်းသည် အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ကစားခဲ့သော်လည်းအီရန် ယူ-၂၂ အသင်းကို ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

အီရန် ယူ-၂၂ အသင်းသည် ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရှိရန် ရည်မှန်းချက်ထား ပြင်ဆင်နေသည့် အသင်းဖြစ်ပြီး တူရကီနိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက လာရောက်လေ့ကျင့်နေသည့် အသင်းဖြစ်ကြောင်း သိရသည်။

ဒေသခံများ လျှပ်စစ်မီးရရှိရေးနှင့် နိုင်ငံခြားဝင်ငွေရရှိရေး လုပ်ဆောင်မည်ဆိုသည့် သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်ထုတ်စီမံကိန်းများမှာ ဒေသခံများအတွက် ခေါင်းစဉ်ဖြင့်ဆိုပါက လုပ်ဆောင်ရန် မလိုအပ်ဟု ဆို

ဒေသခံများ လျှပ်စစ်မီးရရှိရေးနှင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် လုပ်ဆောင်မည်ဆိုသည့် သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်ထုတ်စီမံကိန်းများမှာ ဒေသခံများအတွက် ခေါင်းစဉ်ဖြင့်ဆိုပါက လုပ်ဆောင်ရန် မလိုအပ်ကြောင်း စီမံကိန်းပတ်လည်ရှိဒေသခံများ က ပြောကြားသည်။

“နိုင်ငံခြားဝင်ငွေရဖို့အတွက်နဲ့ ဒီစီမံကိန်းတွေကို လုပ်စရာမလိုပါဘူး။ သံလွင်မြစ်တစ်ကြောက လှပတဲ့နေရာတွေကို သဘာဝအခြေခံခရီးသွားလုပ်ငန်း လုပ်ပေးရမယ်။ ဒေသခံတစ်ဦးအနေနဲ့ တစ်နေ့တာ ဧည့်လမ်းညွှန်လုပ်ရင် တစ်ရက်ကို ဒေါ်လာ ၃ဝ ရတယ်။
ဒါတွေက ဒေသခံတွေ တိုက်ရိုက်ရနေတဲ့ ငွေတွေပါ”ဟု ဒေသခံတစ်ဦးဖြစ်သူ စောဟဲစေး ကဆိုသည်။

Pages

Subscribe to Eleven Media Group RSS