မတ်လ ၂၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

ပြန်လည်စဉ်းစားရမည့် သံလွင်မြစ်ပေါ်က ရေအားလျှပ်စစ်စီမံကိန်းများ
 
 

၂၀၁၄ သန်းခေါင်စာရင်း နောက်ဆုံးရလဒ် ပင်မအစီရင်ခံစာ ၂၀၁၅ မေလနောက်ဆုံးပတ် ထုတ်ပြန်မည်ဖြစ်ပြီး ရှေ့ပြေးသန်းခေါင်စာရင်းရလဒ်နှင့် ကွဲလွဲချက် များစွာမရှိဟုဆို

၂ဝ၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်း နောက်ဆုံးရလဒ် ပင်မအစီရင်ခံစာကို ၂ဝ၁၅ မေ နောက်ဆုံးပတ်တွင် ထုတ်ပြန်မည်ဖြစ်ပြီး ရှေ့ပြေးသန်းခေါင်စာရင်းရလဒ်နှင့် ကွဲလွဲချက် များစွာမရှိကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က မတ် ၂၈ ရက်က The Daily Eleven သို့ ပြောကြားသည်။ 
 
လက်ရှိတွင် သန်းခေါင်စာရင်းဆိုင်ရာ စာရင်းဇယားပြုစုခြင်းအပိုင်း ပြီးစီးပြီဖြစ်၍ မတ် ၃၁ ရက်မှစ၍ စာရင်းဇယားများ ထုတ်ပြန်ရန် ပြင်ဆင်ခြင်းလုပ်ငန်းစဉ် စတင်မည်ဖြစ်ကြောင်း ဦးမြင့်ကြိုင်က ပြောကြားသည်။
 

မြန်မာနိုင်ငံနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ် ငါးနှစ်စီမံကိန်းကို ADB ရေးဆွဲနေပြီး နှစ်နှစ်အတွင်း စုစုပေါင်းဒေါ်လာ သန်း ၉၀၀ ကျော် ထုတ်ချေးရန်ရှိ

မြန်မာနိုင်ငံနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ငါးနှစ်စီမံကိန်းကို ADB က ရေးဆွဲနေပြီး ၂ဝ၁၅-၂ဝ၁၇ ခုနှစ် အကြားတွင် အာရှဖွံ့ဖြိုးရေး ရန်ပုံငွေအခြေအနေနှင့် ပူးပေါင်းထုတ်ချေးမည့် အဖွဲ့အစည်းများအပေါ်မူတည်ကာ စုစုပေါင်း ဒေါ်လာသန်း ၉ဝဝ ကျော် ထုတ်ချေးရန်ရှိကြောင်း ADB ၏ ထုတ်ပြန်ချက်အရ သိရသည်။
 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခံထားရသည့် တောင်ငူခရိုင် ဒုခရိုင်တရားသူကြီးဟောင်း ဦးရွှေမှာ ထွက်ပြေးတိမ်းရှောင်နေ၍ ဖမ်းဝရမ်းထုတ်ကာ တရားခံပြေးအဖြစ် ကြေညာမည်ဟု သိရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် ၁ ရဲစခန်းတွင် ဇန်နဝါရီ ၂၁ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခံထားရသည့် တောင်ငူခရိုင်၊ ဒု ခရိုင်တရားသူကြီးဟောင်း ဦးရွှေမှာ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ဖမ်းဝရမ်းထုတ်ကာ တရားခံပြေးအဖြစ် ကြေညာတော့မည် ဖြစ်ကြောင်း နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံမှ သိရသည်။
 

မန္တလေးမြို့၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွင် ဘီဘ်ီစီမှ သတင်းထောက်တစ်ဦးအား ပုဒ်မ ၃၃၂ ဖြင့် အမှုဖွင့်

မန္တလေးမြို့တွင် မတ်၂၇ ရက်က ဒီမိုကရေစီပင်မသပိတ်စစ်ကြောင်းတွင် ဖမ်းဆီးခံခဲ့ရသော ကျောင်းသားများနှင့် ဝန်းရံပြည်သူများ ပြန်လွှတ်ပေးရေး ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က တားဆီးသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားစဉ် ပါဝင်ခဲ့သော ဘီဘီစီသတင်းထောက်ကို  ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု ပုဒ်မ ၃၃၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
 

Pages

Subscribe to Eleven Media Group RSS