အမြန်လမ်း ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းရှိ Feel စားသောက်ဆိုင်တွင် ဂက်စ်အိုးလွတ်ကျရာမှ မီးဟပ်မှုဖြစ်ပွားပြီး လူ ၁၁ ဦး မီးလောင်ဒဏ်ရာရ

အမြန်လမ်း ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းရှိ Feel စားသောက်ဆိုင်တွင် ဒီဇင်ဘာ ၂၄ ရက်ည ၉ နာရီခန့်က ဂက်စ်အိုးလွတ်ကျရာမှ မီးဟပ်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်းကိုးဦးနှင့် ခရီးသည်နှစ်ဦး စုစုပေါင်း ၁၁ ဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

Feel စားသောက်ဆိုင်သို့ လာချသည့် အရှည်ခြောက်ပေ၊ လုံးပတ်နှစ်ပေခန့်ရှိ ဂက်စ်အိုးများအား စားသောက်ဆိုင် အနောက်သို့ သယ်လာစဉ် သန့်စင်ခန်းအနီးတွင် ဂက်စ်အိုးလွတ်ကျပြီး ဂက်စ်များ ပန်းထွက်ခဲ့ရာ အနီးရှိ မီးဖိုမီးများဟပ်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကာ ဆိုင်ရှိအလုပ်သမားဝန်ထမ်း ကိုးဦးနှင့် ခရီးသည်နှစ်ဦးတို့ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။

အမေရိကန်ရှိ ကမ္ဘာကျော် ကိုးလ်ဂိတ်ကုမ္ပဏီမှ ဒေါ်လာ သန်း ၁၀၀ အထိပေးဝယ်ထားသော လေဆာသွားတိုက်ဆေး၏ မူရင်းကုမ္ပဏီ ရွှေဧရာနဒီမှာ မည်သည့်ထိပ်တန်း အခွန်ထမ်းစာရင်းတွင်မျှ ပါဝင်ခြင်းမရှိသော ကုမ္ပဏီဖြစ်နေ

အမေရိကန်မှ ကိုးလ်ဂိတ်-ပါမိုလစ် ကုမ္ပဏီသည် မြန်မာနိုင်ငံမှ လေဆာသွားတိုက်ဆေးကို အမေရိကန်ဒေါ်လာ သန်း ၁ဝဝ အထိ ပေးဝယ်ယူထားကြောင်း၊ သို့သော် အဆိုပါလေဆာ သွားတိုက်ဆေးထုတ်သည့် မြန်မာကုမ္ပဏီဖြစ်သော ရွှေဧရာနဒီမှာမူ ယင်းအမည်ဖြင့် မည်သည့် ထိပ်တန်းအခွန်ထမ်း စာရင်းတွင်မျှ ပါဝင်ခြင်းမရှိသည့် ကုမ္ပဏီဖြစ်ကြောင်း ပြည်တွင်းအခွန်မှ ထုတ်ပြန်ထားသည့် ထိပ်တန်းအခွန်စာရင်းများအရ သိရသည်။

ကေအိုင်အေမှအပ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ကို ဗိုလ်ရှုခံအခမ်းအနားသို့ တက်ရောက်ရန် အစိုးရဖိတ်ကြား

၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်ကျ ရောက်မည့် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဗိုလ်ရှုခံအခမ်းအနားကို နေပြည်တော်၌ ကျင်းပမည်ဖြစ်ရာ ယင်းအခမ်းအနားသို့ တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ကို အစိုးရက ဖိတ်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရသည်။

အဆိုပါ ဖိတ်ကြားထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့တွင် အစိုးရ နှင့်အပစ်အခတ်ရပ်စဲရေး မလုပ်ဆောင်ရသေးသည့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအိုင်အေပါဝင်ခြင်း မရှိကြောင်း သတင်းရရှိသည်။

ပီမိုးနင်း၏ ကြီးပွားရေးလမ်းညွှန်

လောက၌ ပညာတတ်တိုင်း မကြီးပွား။ ဝီရိယရှိတိုင်းလည်း မကြီးပွား။ ရိုးသားတိုင်းလည်း မချမ်းသာ။ အချက်ကိုတတ်မှ ချမ်းသာနိုင်လေ၏။ ယခုခေတ်သည် ခလုတ်ကို နှိပ်သော လျှပ်စစ်ခေတ်ဖြစ်၏။ နွားနှင့်ကျွဲနှင့် မြင်းနှင့်အတူ ရုန်းသောခေတ် မဟုတ်ပေ။ သို့ဖြစ်လေရာ စိတ်အကြောင်းကို သိသဖြင့် ခလုတ်ကို နေရာတကျ နှိပ်တတ်ဖို့အရေးကြီးလေသည်။

ထိုသို့နှိပ်တတ်လေအောင် အကြားအမြင်ဗဟုသုတ များရ၏။ စုဆောင်းရ၏။ ရှာဖွေရ၏။ စုံစမ်းရ၏။ သို့မှ မှားသောခလုတ် မှန်သောခလုတ် တစ်ခုသည် တစ်သက်ပန် အသုံးဝင်၏။

ရည်မှန်းချက်တစ်ခုမှ မရှိသောသူသည် ပဲ့မပါသော သင်္ဘောလွှင့်သူနှင့် တူလေ၏။

သူရဦးရွှေမန်း၏ စစ်ကိုင်းတိုင်းဒေသကြီး တောင်သူရေးရာတွေ့ဆုံပွဲတွင် ကန့်ဘလူတပ်သိမ်းမြေပြဿနာအပါအ၀င် လယ်ယာမြေသိမ်းဆည်းမှုများနှင့် စိုက်ပျိုးရေးကပ်ဆိုက်နေမှုတို့ကိုတင်ပြမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စစ်ကိုင်းတိုင်းဒေသကြီး တောင်သူရေးရာတွေ့ဆုံပွဲသို့ လာရောက်မည့် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအား ဥပဒေမဲ့လယ်ယာမြေသိမ်းဆည်းမှုများနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင် ကပ်ဆိုက်မှုအခြေအနေတို့ကိုတင်ပြနိုင်ရန် ပြုလုပ်နေကြောင်း မြေသိမ်းခံတောင်သူများနှင့် မြေယာအရေးလှုပ်ရှားသူများက ပြောကြားသည်။ ရွှေဘိုမြို့နယ် အမှတ် (၅) မင်းရပ်တွင်ပြုလုပ်မည့် အဆိုပါတွေ့ဆုံပွဲသို့ တရားဝင်ဖိတ်ကြားမှုမရှိသည့်တိုင် ပြည်သူတို့၏ပြဿနာများအား တင်ပြရန်ကြိုးစားမှုအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအနေဖြင့် လက်ခံမည်ဟုယုံကြည်ကြောင်း ဇေယျသိင်္ဃတောင်သူကွန်ရက်မှ တာဝန်ရှိသူတစ်ဦ

Pages

Subscribe to Eleven Media Group RSS