ဖန်သော...ခါးသော...ချိုမြိန်သော...ဖန်ခါးမြေ

မြတ်စွာဘုရားရဲ့ မြသားသလွန်တော် ကိန်းဝပ်ရာ ဖန်ခါးမြေ..။ ဖန်ခါးသီးတွေသီးတဲ့ မြန်မာပြည်အလယ်ပိုင်းက ဖန်ခါးမြေ..။ ထနောင်းရိပ်၊ တမာရိပ်၊ မကျည်းရိပ်တွေ၊ ထန်းတောတွေနဲ့ ဖန်ခါးမြေ..။ ဘောသော၊ ဘောကျော် ဘီလူးညီနောင်တို့ ပျော်ပါးရာ ဖန်ခါးမြေ..။ ချစ်သော ဧရာဝတီမြစ်ကြီးကို ဖြတ်သန်းစီးဆင်းခွင့်ပေးတဲ့ ဖန်ခါးမြေ..။ နွေအခါ နေ့အပူချိန်တွေ စံချိန်တင်သလောက် ဆောင်းမှာ ညအပူချိန်တွေ ထိုးကျတတ်တဲ့ ဖန်ခါးမြေ..။ တစ်ခါတလေ ရိုးသားသလောက် တစ်ခါတလေ မာယာများတဲ့ ဖန်ခါးမြေ..။ တစ်ခါတလေ ချစ်စရာကောင်းသလောက် တစ်ခါတလေ သိပ်ရက်စက်တတ်တဲ့ ဖန်ခါးမြေ..။ တစ်ခါတလေ ချိုမြိန်သလောက် တစ်ခါတလေ ဖန်တွတွ ခါးသက်သက်နဲ့ ဖန်ခါးမြေ..။ သူ့အရိပ်ကိုခိုရင်း

အချစ်မိုးကောင်းကင်ထဲက RETRO ငှက်ကလေးတွေ

ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာတာပေပဲလား။ ဒါမှမဟုတ် ပြုသူအသစ်ဘ၀မှာ ၀ဋ်ကြွေးခံရတဲ့ေ ရောဂါပေပဲလား။
 

ဆရာမ သန်းမြင့်အောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

မန်စီးတီးနှင့် PSG အသင်းအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကို UEFA ပယ်ဖျက်ပေးပြီး ငွေကြေးအကန့်အသတ်မရှိ သုံးစွဲခွင့် ရမည်

ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) သည် မန်စီးတီးနှင့် PSG အသင်းတို့အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်များအား ပယ်ဖျက်ပေးလိုက်ပြီဖြစ်ပြီး ၎င်းတို့အနေဖြင့် အပြောင်းအရွှေ့ ဈေးကွက်၌ ငွေကြေးအကန့်အသတ်မရှိ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

Terminator Genisys ဇာတ်ကား ပွဲဦးထွက်ပြသသည့်ရက်တွင် ကိုရီးယားလက်မှတ်ရောင်းချမှု ၀င်ငွေစာရင်း၌ ဦးဆောင်

ဟောလိဝုဒ် အက်ရှင်ဇာတ်ကား Terminator Genisys ကို တောင်ကိုရီးယားနိုင်ငံ၌ ဇူလိုင် ၂ ရက်တွင် ပွဲဦးထွက် ပြသခဲ့ရာ ဒေါ်လာ ၁ ဒသမ ၇ သန်းကျော်ရရှိခဲ့ပြီး လက်မှတ်ရောင်းချမှု ၀င်ငွေ၏ နံပါတ်တစ်နေရာတွင် ဦးဆောင်ခဲ့သည်ဟု ကိုရီးယားရုပ်ရှင်ကောင်စီက ထုတ်ပြန်ခဲ့သည်။
 
အဆိုပါဇာတ်ကားကို ကိုရီးယားနိုင်ငံ တစ်ဝန်းရှိ ရုပ်ရှင်ရုံ ၁,၀၈၆ ရုံတွင်ပြသခဲ့ရာ ပရိသတ် ၂၅၀,၀၀၀ လာရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။ ယင်းဇာတ်ကားသည် ကိုရီးယားနိုင်ငံ လက်မှတ်ရောင်းချမှု ၀င်ငွေစာရင်း၏ ရာခိုင်နှုန်း ၅၀ ကို သိမ်းပိုက်ခဲ့သည်ဟု ကိုရီးယားရုပ်ရှင်ကောင်စီက ထုတ်ပြန်ခဲ့သည်။

နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ် သူပုန်တို့ ၄၈ နာရီအတွင်း လူ ၂၀၀ နီးပါးကို သတ်ဖြတ်

ဘိုကိုဟာရမ်တို့သည် ဇူလိုင် ၄ ရက်က နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောကြားခဲ့သည်။ ဘိုကိုဟာရမ်တို့သည် ၄၈ နာရီအတွင်း လူ ၂၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး ယင်းလုပ်ရပ်များကို သမ္မတ မူဟာမဒူဘူဟာရီက ရိုင်းစိုင်းပြီး လူမဆန်သည့် လုပ်ရပ်များဟု ဒေါသတကြီး ပြစ်တင်ခဲ့သည်။

ရွှေပြည်တော် မျှော်တိုင်းဝေး

‘ငြိမ်းချမ်းရေးဆိုတာ အင်မတန်မှ အလှမ်းကွာဝေးတဲ့ခရီးကို လျှောက်လှမ်းရတာမျိုး ဖြစ်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းကို ရှာဖွေကြံဆပြီး လျှောက်လှမ်းမယ်ဆိုရင်တော့ ဘယ်လောက်ပဲ ကွာဝေးပါစေ ဒီခရီးကို ရောက်နိုင်ပါတယ်’ ဆိုတဲ့ ဆိုစကား ရှိပါတယ်။ ငြိမ်းချမ်းတဲ့ နည်းလမ်းကို လက်ကိုင်ပြုဖို့ ဆိုတာကတော့ တခြားဘာကိုမှ ရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူး။ စာနာတရားကို အရင်းခံပြုဖို့ပဲ ဆိုလိုတာပါ။ ရှေးယခင် အခါတုန်းကတော့ တောင်အာရှတိုက်ဒေသမှာ စာနာတရားဆိုတာ ရှားပါးပစ္စည်းတစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုလိုနီနယ်ချဲ့ ဗြိတိသျှတွေဟာ အိန္ဒိယနဲ့ မြန်မာလူမျိုးတွေ အပေါ်မှာ စာနာစိတ်ထားဖို့ သတိမရခဲ့ကြလို့ ဖြစ်ပါတယ်။ သတိမရ

နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်၏ လေယာဉ်မှူး လေကြောင်းသူရဲကောင်း ဖြစ်လာ

နေရောင်ခြည်စွမ်းအင်သုံး ဆွစ်ဇာလန် လေယာဉ်၏ အသက် ၆၂ နှစ်အရွယ်ရှိ လေယာဉ်မှူးသည် ပစိဖိတ်သမုဒ္ဒရာကိုဖြတ်သန်း လျက် တစ်ကိုယ်တော်ပျံသန်းမှု စံချိန်ကိုတင်ကာ လေကြောင်းခရီးသွားလာရေး သမိုင်း တွင် သူရဲကောင်းတစ်ဦးဖြစ်လာကြောင်း သိရသည်။
 
Solar Impulse 2 လေယာဉ်၏ လေယာဉ်မှူ: အင်ဒရေဘော်ရှဘတ်သည် သူ၏ကမ္ဘာပတ်ပျံသန်းမည့် ခရီးစဉ်၏ယခုအကျော့တွင်  ကီလိုမီတာ ၈၀၀၀ (၄၉၀၀ မိုင်) ကျော်ပျံ သန်းပြီးနောက် ဇူလိုင် ၃ ရက်တွင် ဟာဝိုင် ယီသို့ ရောက်ရှိခဲ့သည်။
 

အစိုးရ၀န်ကြီးဌာန ၃၁ ခုရှိနေရာ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ထပ်နေသည့်အတွက် အစိုးရယန္တရားကို ပိုမိုကျစ်လျစ်ကောင်းမွန်အောင် ပြုပြင်ဖွဲ့စည်းရန် လိုအပ်ကြောင်း ရသုံးမှန်းခြေဆိုင်ရာအကြံပြုသုံးသပ်ချက်စာတမ်းတွင် ဖော်ပြ

 
၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် (နြ) တွင် ဘတ်ဂျက်လိုငွေ ငါးရာခိုင်နှုန်းအထက်ရှိ နေမည်ဖြစ်ပြီး လက်ရှိတွင် အစိုးရ၀န်ကြီး ဌာန ၃၁ ခုရှိနေကာ အဆိုပါဝန်ကြီးဌာနများ ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ထပ်နေသည့် အတွက် အစိုးရယန္တရားကို ပိုမိုကျစ်လစ် အောင် ပြုပြင်ဖွဲ့စည်းရန်လိုအပ်ကြောင်း ရန် ကုန်မြို့ရှိ တော်ဝင်နှင်းဆီတွင် ထုတ်ပြန် လိုက်သည့် ရသုံးမှန်း ခြေဆိုင်ရာအကြံပြုစာ တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။
 

သီလ၀ါအထူးစီးပွားရေးဇုန်ရှိ ကမ္ဘာ့အကြီးဆုံးစားသောက်ကုန် စည်သွတ်ဘူးခွံထုတ်လုပ်သည့် အမေရိကန်ကုမ္ပဏီ Ball ၏ ထုတ်လုပ်မှုလုပ်ငန်းများ ယခုနှစ်ကုန်ပိုင်း စတင်နိုင်မည်

 
သီလ၀ါအထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည့် ကမ္ဘာ့အကြီးဆုံးစားသောက်ကုန် စည်သွတ်ဘူးခွံ ထုတ်လုပ်သည့် အမေရိကန်ကုမ္ပဏီြေူ ၏ ထုတ် လုပ်မှုလုပ်ငန်းများ ယခုနှစ်ကုန်ပိုင်းအတွင်း စတင်နိုင်မည်ဖြစ်ကြောင်း သတင်းရသည်။
 
အမေရိကန်ကုမ္ပဏီ Ball အနေဖြင့်  လက်ရှိအချိန်တွင် ကုမ္ပဏီအတွက်လိုအပ်သော ၀န်ထမ်းများခန့်ထားခြင်း၊ ပြည်တွင်း ၌ စည်သွတ်ဘူးခွံများ ဖြန့်ချိရန်အတွက် လိုအပ်သော လုပ်ငန်းများ စတင် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
 

Pages

Subscribe to Eleven Media Group RSS