ဂျာနယ်လစ်များအား ပြစ်မှုကျူးလွန်သူများ ပြစ်ဒဏ်မခံရဘဲ လွတ်မြောက်နေမှုကို အဆုံးသတ်နိုင်ရေး လုပ်ဆောင်ကြရန် ကုလသမဂ္ဂ တိုက်တွန်း

ဂျာနယ်လစ်များအား ပြစ်မှုကျူးလွန်သူများ အပြစ်ပေးမခံရဘဲ လွတ်မြောက်နေမှုများကို အဆုံးသတ်နိုင်ရေးအတွက် အစိုးရများက လုပ်ဆောင်ကြရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မေ ၂၇ ရက်က ချမှတ်ခဲ့ကြောင်း သိရသည်။ ယင်းဆုံးဖြတ်ချက်သည် သမိုင်းဝင်အောင်မြင်မှုတစ်ရပ် ဖြစ်သည်ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဂုဏ်ပြုခဲ့သည်။

ဂျာနယ်လစ်များသည် အစ္စလာမ္မစ်နိုင်ငံတော် (IS) ကဲ့သို့ အစွန်းရောက်များ၏ ခြိမ်းခြောက်မှု ရင်ဆိုင်နေရမှုကို အလွန်အမင်း စိုးရိမ်မိကြောင်းလည်း အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သည်။

လွှတ်တော်အစည်းအဝေးအား ဓာတ်ပုံရိုက်ကူးခွင့် ပိတ်ထားခြင်းကို ဖြေလျှော့ပေးရန် လွှတ်တော်နာယကထံ တင်ပြတောင်းဆိုမည်ဟု ဦးခိုင်မောင်ရည် ပြောကြား

လွှတ်တော်အစည်းအဝေး ပြုလုပ်နေပုံများအား မီဒီယာများကို ဓာတ်ပုံရိုက်ကူးခွင့် ပိတ်ပင်ထားခြင်းအား ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က မေ ၂၇ ရက်တွင် မီဒီယာများအား ပြောကြားသည်။

လော်ခီးလာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ ကိုးကန့်အဖွဲ့ တက်ရောက်ရန် မသေချာ

ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့၏ လော်ခီးလာဒေသတွင် ဇွန် ၂ ရက်မှ ၆ ရက်အထိပြုလုပ်ရန် သတ်မှတ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်ဖြစ်သည့် ကိုးကန့်အဖွဲ့ (MNDAA) တက်ရောက်ရန် လက်ရှိအချိန်ထိ အကြောင်းမပြန်သေးကြောင်း NCCT ဒုတိယအဖွဲ့ခေါင်းဆောင် (၁) ပဒိုစောကွယ်ထူးဝင်းက မေ ၂၇ ရက်တွင် ပြောကြားသည်။

လှေစီးဒုက္ခသည်များအရေး နှစ်ဖက်အစိုးရများက ဆောင်ရွက်ရမည့်ကိစ္စဖြစ်ဟု NLD လွှတ်တော်ကိုယ်စားလှယ် ပြောကြား

လှေစီးဒုက္ခသည်များအရေးသည် နှစ်ဖက်အစိုးရများက ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး နိုင်ငံရေးအဖွဲ့အစည်းများ အနေဖြင့်လည်း ပြေလည်မှုရရှိရေး ကြိုးစားရန်လိုဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားသည်။

မေ ၂၇ ရက်က ရန်ကုန်မြို့၌ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ နိုင်ငံရေးပူးတွဲကြေညာစာတမ်း ထုတ်ပြန်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ဦးဝင်းထိန်က မီဒီယာများ၏ မေးမြန်းမှုအား ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲ ပြုလုပ်မည့်ရက်ကို ကြေညာပြီးမှသာ NLD ပါတီ ရွေးကောက်ပွဲ ၀င်၊ မ၀င်ကိစ္စ တရားဝင်ကြေညာမည်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲပြုလုပ်မည့်ရက်ကို ကြေညာပြီးမှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရွေးကောက်ပွဲ ၀င်၊ မ၀င်ကိစ္စကို တရားဝင်ကြေညာမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားသည်။

၁၉၉၀ ရွေးကောက်ပွဲ ငွေရတုအခမ်းအနားကို ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ကြီးမှူးကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မတက်ရောက်

၁၉၉၀ ရွေးကောက်ပွဲ (၂၅) နှစ်ပြည့် ငွေရတုအခမ်းအနားကို ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ကြီးမှူးကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် တက်ရောက်ခဲ့ခြင်း မရှိကြောင်း သတင်းရရှိသည်။

မိုဘိုင်းဖုန်း ကြိုတင်ငွေဖြည့်မှုမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကောက်ခံမည့် အစီအစဉ်အား ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆိုင်းငံ့

မိုဘိုင်းဖုန်း ကြိုတင်ငွေဖြည့်မှုမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံမည့် အစီအစဉ်အား လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆိုင်းငံ့ရန် ပြည်ထောင်စုလွှတ်တော်မှ မေ ၂၇ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

သပိတ်မှောက်ကျောင်းသားများအား ၀န်းရံကူညီမှုကြောင့် တရားစွဲဆိုခံထားရသော ပြည်သူ ၁၁ ဦး၏ အမှုကို ဇွန် ၃ ရက်တွင် တရားလိုအား အပြန်အလှန်စစ်မေးမှု စတင်မည်

မတ်လအတွင်းက လက်ပံတန်းမြို့နယ်၌ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြခဲ့သည့် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းအား ၀န်းရံမှုကြောင့် ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ပြည်သူ ၁၁ ဦး၏ အမှုကို မေ ၂၇ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် တရားရုံး၌ တတိယအကြိမ် ရုံးချိန်းချိန်းဆို စစ်ဆေးခဲ့သည်။

ရေကူးအသံလွှင့်စက်ရုံဟောင်းဝင်းနေရာမှ ဧက ၉၀ ခန့်ကို ပုဂ္ဂလိက လွှဲပြောင်းပေးမည့် စီမံကိန်းအား ဆိုင်းငံ့ထားရန် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ရေကူးအသံလွှင့်စက်ရုံဟောင်းဝင်းမြေနေရာမှ ဧက ၉၀ ခန့်အား ပုဂ္ဂလိက လွှဲပြောင်းပေးမည့် စီမံကိန်း ဆိုင်းငံ့ထားရန် ပြည်ထောင်စုလွှတ်တော်မှ မေ ၂၇ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

သီလ၀ါစက်မှုဇုန်၌ မဂ္ဂါဝပ် ၄၀၀ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ဧဒင်နှင့် နိုင်ငံခြားကုမ္ပဏီနှစ်ခု နားလည်မှုစာချွန်လွှာ ရေးထိုး

အမေရိကန်ဒေါ်လာ တစ်ဘီလျံခန့်ရှိမည်ဟု ခန့်မှန်းသော ၄၀၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို သီလ၀ါစက်မှုဇုန်၌ တည်ဆောက်ရန် ဧဒင်ကုမ္ပဏီနှင့် နိုင်ငံခြားကုမ္ပဏီနှစ်ခုတို့ မေ ၂၇ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်တွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Pages

Subscribe to Eleven Media Group RSS