မြို့ပြဆိုင်ရာ ကျပ်တည်းမှုနှင့် ရွှေ့ပြောင်းသွားလာခြင်း

ယနေ့ကမ္ဘာ့နိုင်ငံ အများစုမှာ ကြုံတွေ့နေရတဲ့ မြို့ပြနဲ့ ကျေးလက်ဒေသ စီးပွားရေးအခွင့်အလမ်း ကွာခြားမှုကြောင့် ကျေးလက်မှ မြို့ပြများသို့ အုံနဲ့ကျင်းနဲ့ ပြောင်းရွှေ့နေထိုင်ကြတဲ့ ဖြစ်စဉ်ကို ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ မြန်မာနိုင်ငံမှာလည်း ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

ကုဋေကြွယ် သူဌေးသား

မောင်ငယ်ရင်သွေး၊ နာဘိသေးလော့
ရှေးသရောအခါ၊ ပြည်ဗာရာဝယ်
ကုဋေကြွယ်သား၊ သူဌေးအားလျှင်
သားတစ်ယောက်ဖြစ်၊ ချစ်၍တစေ
အိမ်မှာနေ၍၊ စာပေမကျ
မိဘစုတေ့၊ ခန္ဓာရွေ့သော်
အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ
မသိပါငြား၊ သူဌေးသားသည်
သိုထားမတတ်၊ အရပ်ရပ်၌
နှံအပ်ဥစ္စာ၊ ရှိသည့်ငှာကို
များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ
ယူ၍ပြေးရှောင်း၊ အိမ်ကိုရောင်း၍
ထောင်းထောင်းကြေလျက်၊ ခွက်လက်ဆွဲကာ
တောင်းစားပါလည်း၊ နင်သာလူမိုက်၊
ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကျ၊
ရွာမှထွက်လေ၊ တောမှာသေသည်
ကောင်သေလင်းတကျ၏တည်း
            ဆားတုံဆရာတော်

 

ရွှေ့ပြောင်းခိုလှုံသူ သင်္ဘောများကို ရှာဖွေကယ်ဆယ်ရန် အင်ဒိုနီးရှား စတင်လုပ်ဆောင်

အင်ဒိုနီးရှားသည် ပင်လယ်ထဲတွင် သင်္ဘောများဖြင့် မျောပါနေကြသော နိုင်ငံရွှေ့ပြောင်း ခိုလှုံသူများအား စတင်၍ ရှာဖွေကယ်ဆယ်နေပြီဟု အစိုးရအရာရှိ တစ်ဦးက မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ အင်ဒိုနီးရှားသည် ထိုသင်္ဘောဖြင့် ခိုးဝင်သူများကို နိုင်ငံထဲ၌ အခြေချခြင်းအား လက်မခံဘဲ တင်းမာသည့် မူဝါဒကို စွဲကိုင်ထားခဲ့ရာမှ ပြောင်းလဲပြီး ယခုကဲ့သို့ ရှာဖွေကယ်ဆယ် နေခြင်းဖြစ်သည်။

အပေါ်ယံအေးချမ်းမှုအောက် လောင်မြိုက်နေဆဲ ထိုင်းနိုင်ငံရေး

လမ်းပေါ်ဆန္ဒပြမှုများ လအတန်ကြာ ဖြစ်ပွားပြီးနောက် စစ်အာဏာသိမ်းမှုဖြင့် အာဏာရယူပြီး မကြာမီ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ဆယ်စုနှစ်ချီကြာနေသည့် ထိုင်းနိုင်ငံ၏ နိုင်ငံရေး မငြိမ်မသက်မှုများအား လုံးဝအဆုံးသတ်သွားအောင် ဆောင်ရွက်မည်ဟု ကတိပြုခဲ့သည်။ သူ၏စကားအရဆိုလျှင် “အရာရာကို ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ပြီး ပြုပြင်ရမယ်” ဟူ၍ဖြစ်သည်။

မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများက နေရပ်အမြန်ဆုံးပြန်လိုကြောင်း ပြောကြားထားပြီး ရက်ပိုင်းအတွင်း နေရပ်ပြန်ပို့မည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

မြန်မာနိုင်ငံအစိုးရမှ ကူညီကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများက မိမိတို့၏နေရပ်သို့ အမြန်ဆုံးပြန်လိုကြောင်း ပြောကြားထားပြီး ရက်ပိုင်းအတွင်း အမြန်ဆုံးနေရပ်ပြန်ပို့မည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ပြောကြားသည်။

ဘဏ္ဍာနှစ်စတွင် စင်ကာပူနိုင်ငံက ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော် ၀င်ရောက်မြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်သည့် နိုင်ငံအဖြစ် ရပ်တည်

ဘဏ္ဍာနှစ်စတွင် စင်ကာပူနိုင်ငံက ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော် ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံး ၀င်ရောက်သည့် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလကုန်အထိ စာရင်းများအရ မြန်မာနိုင်ငံတွင်  ပြည်ပနိုင်ငံပေါင်း ၁၁ နိုင်ငံက ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော် ၀င်ရောက်မြှုပ်နှံမှုပြု လုပ်ထားသည့်အနက် စင်ကာပူနိုင်ငံက ၀င်ရောက်မြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁၄၁၀ ဒသ မ ၈၅၀ သန်း(ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်) ဖြင့် အများဆုံး ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဝင်ငွေနည်း ပြည်သူတွေအတွက် ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ...

၂၀၁၅ ခုနှစ်သည် မြန်မာငွေတန်ဖိုး သိသိသာသာ ကျဆင်းလာခဲ့သော နှစ်ဖြစ်သည့်အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ပြည်သူတွေ ခံစားနေကြရပြီဖြစ်ကြောင်း၊ အမှန်တွင် မြန်မာနိုင်ငံသည် လူဦးရေ ၅၁ ဒသမ ၄ သန်းရှိပြီး ပျမ်းမျှတစ်ဦးချင်း တစ်နှစ်ဝင်ငွေ (Per Capital GDP) ဒေါ်လာ ၁၂၀၀ ၀န်းကျင်သာ ရှိသောကြောင့် ဒေသတွင်းနိုင်ငံများတွင် ၀င်ငွေနိမ့်ကျသော နိုင်ငံတစ်နိုင်ငံ ဖြစ်နေဆဲပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ငွေကြေးဖောင်းပွမှုဒဏ်ကို ရေရှည်တွင် ခံနိုင်ရည်ရှိတော့မည် မဟုတ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

ပြည်သူလူထုနှင့် နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်စေမည့် အဖွဲ့ချုပ်ဝင်များရှိပါက ထုတ်ပစ်မည်ဖြစ်ပြီး အဖွဲ့ချုပ်တွင် အခွင့်အရေးသမားများရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူလူထုနှင့် နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်စေမည့် အဖွဲ့ချုပ်ဝင်များရှိပါက ထုတ်ပစ်မည်ဖြစ်ပြီး အဖွဲ့ချုပ်တွင် အခွင့်အရေး သမားများရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေ ၂၃ ရက်တွင် ကချင်ပြည်နယ် ပူတာအိုမြို့၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ဖြေရှင်းမပေးနိုင်သေးတဲ့ ရန်ကုန်မြို့ ရေကြီးရေလျှံ ပြဿနာ

နှစ်စဉ် မိုးရာသီရောက်တိုင်း ရန်ကုန်မြို့မှာ ရေကြီးရေလျှံမှုကို ကြုံတွေ့ရမြဲဖြစ်သည်။ အမှိုက်များကြောင့် ရေမြောင်းများပိတ်ဆို့မှု၊ အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက တည်ဆောက်ခဲ့သော ခေတ်မမီတော့သည့် ရေမြောင်းစနစ်တွေကြောင့် မိုးရွာသည်နှင့် ရေကြီးမှုဒဏ်ကို ရန်ကုန်မြို့နေ ပြည်သူများ ခံစားခဲ့ကြရသည်။

လမ်းပေါ်တွင် လမ်းလျှောက်သူများသာ ရေကြီးသည့်ဒဏ်ကို ခံရသည် မဟုတ်၊ ကားဖြင့်သွားလာသူများလည်း ရေများအား ဖြတ်သန်းသွားလာသည့် မြင်ကွင်းများကို မြင်တွေ့နေရသည်။

သမိုင်း၌ အကြီးမားဆုံးလိမ်လည်မှု (သို့မဟုတ်) ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ၂၅ နှစ်ပြည့်ပြီ

၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်မှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပါတယ်။

အခု ၂၀၁၅ ခုနှစ်မှာ ၂၅ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကတိဟာ ဒီနေ့အထိ ဖြစ်မလာခဲ့ပါဘူး။ ရွေးကောက်ပွဲမတိုင်မီ အချိန်က ရွေးကောက်ပွဲပြီးရင် အာဏာလွှဲမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ပြောခဲ့ကြပါတယ်။ လက်တွေ့မှာ အာဏာမလွှဲခဲ့ပါဘူး။

ဒါဟာ ရွေးကောက်ပွဲကို ၀င်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကိုသာ မကဘဲ ဆန္ဒမဲထည့်ခဲ့ကြတဲ့ ပြည်သူ ၁၅ သန်းကျော်ကိုပါ လိမ်လည်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့ လိမ်လည်မှုဟာ သမိုင်းမှာ တစ်ကြိမ်မျှ မရှိခဲ့ပါဘူး။

Pages

Subscribe to Eleven Media Group RSS