Terminator Genisys ဇာတ်ကား ပွဲဦးထွက်ပြသသည့်ရက်တွင် ကိုရီးယားလက်မှတ်ရောင်းချမှု ၀င်ငွေစာရင်း၌ ဦးဆောင်

ဟောလိဝုဒ် အက်ရှင်ဇာတ်ကား Terminator Genisys ကို တောင်ကိုရီးယားနိုင်ငံ၌ ဇူလိုင် ၂ ရက်တွင် ပွဲဦးထွက် ပြသခဲ့ရာ ဒေါ်လာ ၁ ဒသမ ၇ သန်းကျော်ရရှိခဲ့ပြီး လက်မှတ်ရောင်းချမှု ၀င်ငွေ၏ နံပါတ်တစ်နေရာတွင် ဦးဆောင်ခဲ့သည်ဟု ကိုရီးယားရုပ်ရှင်ကောင်စီက ထုတ်ပြန်ခဲ့သည်။
 
အဆိုပါဇာတ်ကားကို ကိုရီးယားနိုင်ငံ တစ်ဝန်းရှိ ရုပ်ရှင်ရုံ ၁,၀၈၆ ရုံတွင်ပြသခဲ့ရာ ပရိသတ် ၂၅၀,၀၀၀ လာရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။ ယင်းဇာတ်ကားသည် ကိုရီးယားနိုင်ငံ လက်မှတ်ရောင်းချမှု ၀င်ငွေစာရင်း၏ ရာခိုင်နှုန်း ၅၀ ကို သိမ်းပိုက်ခဲ့သည်ဟု ကိုရီးယားရုပ်ရှင်ကောင်စီက ထုတ်ပြန်ခဲ့သည်။

နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ် သူပုန်တို့ ၄၈ နာရီအတွင်း လူ ၂၀၀ နီးပါးကို သတ်ဖြတ်

ဘိုကိုဟာရမ်တို့သည် ဇူလိုင် ၄ ရက်က နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောကြားခဲ့သည်။ ဘိုကိုဟာရမ်တို့သည် ၄၈ နာရီအတွင်း လူ ၂၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး ယင်းလုပ်ရပ်များကို သမ္မတ မူဟာမဒူဘူဟာရီက ရိုင်းစိုင်းပြီး လူမဆန်သည့် လုပ်ရပ်များဟု ဒေါသတကြီး ပြစ်တင်ခဲ့သည်။

ရွှေပြည်တော် မျှော်တိုင်းဝေး

‘ငြိမ်းချမ်းရေးဆိုတာ အင်မတန်မှ အလှမ်းကွာဝေးတဲ့ခရီးကို လျှောက်လှမ်းရတာမျိုး ဖြစ်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းကို ရှာဖွေကြံဆပြီး လျှောက်လှမ်းမယ်ဆိုရင်တော့ ဘယ်လောက်ပဲ ကွာဝေးပါစေ ဒီခရီးကို ရောက်နိုင်ပါတယ်’ ဆိုတဲ့ ဆိုစကား ရှိပါတယ်။ ငြိမ်းချမ်းတဲ့ နည်းလမ်းကို လက်ကိုင်ပြုဖို့ ဆိုတာကတော့ တခြားဘာကိုမှ ရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူး။ စာနာတရားကို အရင်းခံပြုဖို့ပဲ ဆိုလိုတာပါ။ ရှေးယခင် အခါတုန်းကတော့ တောင်အာရှတိုက်ဒေသမှာ စာနာတရားဆိုတာ ရှားပါးပစ္စည်းတစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုလိုနီနယ်ချဲ့ ဗြိတိသျှတွေဟာ အိန္ဒိယနဲ့ မြန်မာလူမျိုးတွေ အပေါ်မှာ စာနာစိတ်ထားဖို့ သတိမရခဲ့ကြလို့ ဖြစ်ပါတယ်။ သတိမရ

နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်၏ လေယာဉ်မှူး လေကြောင်းသူရဲကောင်း ဖြစ်လာ

နေရောင်ခြည်စွမ်းအင်သုံး ဆွစ်ဇာလန် လေယာဉ်၏ အသက် ၆၂ နှစ်အရွယ်ရှိ လေယာဉ်မှူးသည် ပစိဖိတ်သမုဒ္ဒရာကိုဖြတ်သန်း လျက် တစ်ကိုယ်တော်ပျံသန်းမှု စံချိန်ကိုတင်ကာ လေကြောင်းခရီးသွားလာရေး သမိုင်း တွင် သူရဲကောင်းတစ်ဦးဖြစ်လာကြောင်း သိရသည်။
 
Solar Impulse 2 လေယာဉ်၏ လေယာဉ်မှူ: အင်ဒရေဘော်ရှဘတ်သည် သူ၏ကမ္ဘာပတ်ပျံသန်းမည့် ခရီးစဉ်၏ယခုအကျော့တွင်  ကီလိုမီတာ ၈၀၀၀ (၄၉၀၀ မိုင်) ကျော်ပျံ သန်းပြီးနောက် ဇူလိုင် ၃ ရက်တွင် ဟာဝိုင် ယီသို့ ရောက်ရှိခဲ့သည်။
 

အစိုးရ၀န်ကြီးဌာန ၃၁ ခုရှိနေရာ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ထပ်နေသည့်အတွက် အစိုးရယန္တရားကို ပိုမိုကျစ်လျစ်ကောင်းမွန်အောင် ပြုပြင်ဖွဲ့စည်းရန် လိုအပ်ကြောင်း ရသုံးမှန်းခြေဆိုင်ရာအကြံပြုသုံးသပ်ချက်စာတမ်းတွင် ဖော်ပြ

 
၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် (နြ) တွင် ဘတ်ဂျက်လိုငွေ ငါးရာခိုင်နှုန်းအထက်ရှိ နေမည်ဖြစ်ပြီး လက်ရှိတွင် အစိုးရ၀န်ကြီး ဌာန ၃၁ ခုရှိနေကာ အဆိုပါဝန်ကြီးဌာနများ ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ထပ်နေသည့် အတွက် အစိုးရယန္တရားကို ပိုမိုကျစ်လစ် အောင် ပြုပြင်ဖွဲ့စည်းရန်လိုအပ်ကြောင်း ရန် ကုန်မြို့ရှိ တော်ဝင်နှင်းဆီတွင် ထုတ်ပြန် လိုက်သည့် ရသုံးမှန်း ခြေဆိုင်ရာအကြံပြုစာ တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။
 

သီလ၀ါအထူးစီးပွားရေးဇုန်ရှိ ကမ္ဘာ့အကြီးဆုံးစားသောက်ကုန် စည်သွတ်ဘူးခွံထုတ်လုပ်သည့် အမေရိကန်ကုမ္ပဏီ Ball ၏ ထုတ်လုပ်မှုလုပ်ငန်းများ ယခုနှစ်ကုန်ပိုင်း စတင်နိုင်မည်

 
သီလ၀ါအထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည့် ကမ္ဘာ့အကြီးဆုံးစားသောက်ကုန် စည်သွတ်ဘူးခွံ ထုတ်လုပ်သည့် အမေရိကန်ကုမ္ပဏီြေူ ၏ ထုတ် လုပ်မှုလုပ်ငန်းများ ယခုနှစ်ကုန်ပိုင်းအတွင်း စတင်နိုင်မည်ဖြစ်ကြောင်း သတင်းရသည်။
 
အမေရိကန်ကုမ္ပဏီ Ball အနေဖြင့်  လက်ရှိအချိန်တွင် ကုမ္ပဏီအတွက်လိုအပ်သော ၀န်ထမ်းများခန့်ထားခြင်း၊ ပြည်တွင်း ၌ စည်သွတ်ဘူးခွံများ ဖြန့်ချိရန်အတွက် လိုအပ်သော လုပ်ငန်းများ စတင် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
 

သစ်ပင်စိုက်ခြင်းအနုပညာ၊ ခုတ်လှဲခြင်းရာဇ၀တ်မှု

အင်ဒိုနီးရှားနိုင်ငံရဲ့ဒုတိယအကြီးဆုံး စက္ကူလုပ်ငန်းကုမ္ပဏီကြီးဖြစ်တဲ့ Asia Pacific Resources Internation Holding.Ltd (APRIL)  က ဇွန်လ ပထမပတ်မှာ သဘာဝသစ်တောတွေ ခုတ်ထွင်ရှင်းလင်းတာကို ရပ်စဲထားလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ Green peace  အဖွဲ့ကြီးကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဓိကအောင်မြင်မှုကြီးတစ်ရပ်အဖြစ် အသိမှတ်ပြုခဲ့ပါတယ်လို့ သတင်းတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြီးမားအကျယ်ပြန့်ဆုံးနှင့် ဇီဝမျိုးစုံမျိုးကွဲ တွေရှိတဲ့မိုးသစ်တောကြီးတွေရှိရာ နိုင်ငံဖြစ်ပေမယ့်လည်း ဆီအုန်းခြံတွေ တိုးချဲ့စိုက်ပျိုးခြင်း၊ သတ္တုတွင်းတူးတာနဲ့

မြင့်တက်ဒေါ်လာတန်ဖိုးနှင့် ၀န်ထုပ်ဝန်ပိုး


ပြီးခဲ့တဲ့ မေလအတွင်းက စတင်ပြီး တက်ရိပ်ပြခဲ့တဲ့ ဒေါ်လာဈေးနှုန်းဟာ လက်ရှိမှာ တစ်ဒေါ်လာ ၁၂၀၀ နီးပါးဝန်းကျင်အထိ ရောက်ရှိနေတာကြောင့် သက်ရောက်မှုအများအပြား ဖြစ်ပေါ်လျက်ရှိပါတယ်။
 

ရှက်ဖွယ်ကောင်းတာကို သိပါလေစ

သန်မာထွားကျိုင်းပြီး...ကမ္ဘာသူအလယ် လျှောက်သွားမယ် အလွန်တင့်တယ် သုံးတောင်ဝတ်အားမငယ်... ဆယ်တောင်ပဲ ၀တ်ဝတ်...ချူချာနုံတယ်...ကိုယ်ကိုင်းမယ်  ရင်ညွန့်မယ် ရှက်ဖို့အလွန်ကောင်းတယ်...

တိုက်ပွဲဖြစ်ပွားခဲ့သည့် အာရှလမ်းမတွင် ဂိတ်တစ်ခုတည်းထားရှိရန် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ပြည်နယ်အစိုးရတို့ ဇူလိုင် ၇ ရက်တွင် တွေ့ဆုံမည်ဟု KNU တာဝန်ရှိသူတစ်ဦး ပြောကြား

တိုက်ပွဲများဖြစ်ပွားခဲ့သည့် မြ၀တီ- အာရှလမ်းမပေါ်တွင် ဂိတ်တစ်ခုတည်း ထားရှိရန် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ပြည်နယ်အစိုးရတို့ ဇူလိုင် ၇ ရက်တွင် ဆက်လက်တွေ့ဆုံသွားမည်ဖြစ်ကြောင်း KNU မှ အလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောလှထွန်းက ဇူလိုင် ၄ ရက်က ရန်ကုန်မြို့၊ မင်းဓမ္မလမ်းပေါ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပခဲ့သော ကရင်အမျိုးသားအကြို ညီလာခံသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
 
“အာရှလမ်းမနဲ့ ပတ်သက်ပြီးတော့  ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကို ကရင်ပြည်နယ်အစိုးရက လာမယ့်ဇူလိုင် ၇ ရက်မှာ ဆွေးနွေးဖို့ရှိပါတယ်”ဟု ပဒိုစောလှထွန်းက ပြောကြားသည်။

Pages

Subscribe to Eleven Media Group RSS