ပျောက်ရှသွားသော သစ်တောများ

လက်ရှိကာလ ကျွန်တော်တို့နားစည်မြှေးပါးထဲ မကြာခဏ ၀င်ရောက်တီးခတ်လျက်ရှိသည့်စကားစုမှာ “သယံဇာတကျိန်စာသင့်မှု” ဆိုသည့် စကားလုံးများပင်ဖြစ်ပေသည်။ တိုးညင်းရာမှ တစ်စတစ်စ ကျယ်ကျယ်လောင်လောင်ဖြစ်လာခဲ့သည်မှာလည်း အာလုံးအသိဖြစ်ခဲ့သည်။ ကျွန်တော်တို့နိုင်ငံကလည်း ဘ၀ပေးကုသိုလ်အရ အဆိုပါသယံဇာတအ မျိုးအမည်ပေါင်းများစွာကို ပိုင်ဆိုင်ခွင့်များ ရရှိထားခဲ့သည်။ သို့ကလို သဘာဝအရင်းအမြစ်များ ကြွယ်ဝစွာ ပိုင်ဆိုင်ခဲ့မှုကြောင့်ပင် တိုင်းတစ်ပါးသားတို့က ထိုသဘာဝအရင်းအမြစ်များအပေါ် တပ်မက်စိတ်၊ မတော်လောဘစိတ်တို့ကြောင့် နိုင်ငံ၏ အချုပ်အခြာအာဏာကိုပင် ထိပါးနှောင့်ယှက်ခံရပြီး သူ့ကျွန်ဘ၀သို့တိုင် လည်စင်

စာရေးဆရာကြီး မြသန်းတင့် (၈၆) နှစ်ပြည့် အမှတ်တရ

ဘ၀အစ
 
ဆရာကြီး မြသန်းတင့်သည် ပခုက္ကူခရိုင်၊ မြိုင်မြို့ဇာတိ ဖြစ်လေ၏။ ၁၉၂၉ ခုနှစ် မေ ၂၃ ရက် ကြာသပတေးနေ့တွင် မွေးဖွားခဲ့လေ၏။ မိဘနှစ်ပါးမှာ ဖခင် ဦးပေါ်တင့်၊ မိခင် ဒေါ်လှိုင်တို့ဖြစ်ကြပြီးလျှင် မွေးချင်း ခုနစ်ယောက်တွင် ဆရာကြီးက အကြီးဆုံးသားဖြစ်လေ၏။
 
ပညာရေးအစ
 

မွန်ပြည်နယ် ဘီးလင်းမြစ်အတွင်း တရားမ၀င်ရွှေတူးဖော်နေသော တရုတ်နိုင်ငံသား ၁၂ ဦးအား ရွှေဖောင်ငါးစင်းနှင့်အတူ ဖမ်းမိ

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ၀င်းမောင်းကျေးရွာ၏ အရှေ့ဘက်ရှိ ဘီးလင်းမြစ်အတွင်း တရားမ၀င် ရွှေတူးဖော်နေသော ရွှေဖောင် ငါးစင်းနှင့် တစ်ဖက်နိုင်ငံသား ၁၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မေ ၂၂ ရက် ညပိုင်းက တပ်မတော်၏ မြ၀တီသတင်းမီဒီယာမှ သတင်းဖော်ပြချက်အရ သိရသည်။
 

ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေမူကြမ်းတွင် ရှေးဟောင်းအဆောက်အအုံများအဖြစ် သတ်မှတ်ထားသည့် ဧရိယာများအတွင်း ဟိုတယ်၊ လူနေအဆောက်အအုံများ ဆောက်လုပ်ခွင့် မပြုသင့်ဟု ထည့်သွင်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းကာကွယ်ရေး ဥပဒေမူကြမ်းတွင် ရှေးဟောင်း အဆောက်အအုံများအဖြစ် သတ်မှတ်ထားသည့် ဧရိယာများအတွင်း ဟိုတယ်၊ လူနေအဆောက်အအုံများ ဆောက်လုပ်ခြင်းကို ခွင့်ပြုမပေးသင့်သည့်အချက်များ ထည့်သွင်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
 

အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီး အန်တိုနီဘလင်ကန်၏ မြန်မာခရီးစဉ်အပြီး သတင်းစာရှင်းလင်း

အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီး အန်တိုနီဘလင်ကန်၏ မြန်မာနိုင်ငံခရီးစဉ်အပြီး မေ ၂၂ ရက်က အမေရိကန်စင်တာတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ 
 

ဧရာဝတီသပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီဝင် ဆရာဦးဝေယံအောင်အား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားမှုအပေါ် ပုသိမ်မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ပြစ်ဒဏ်ချမှတ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အလုပ်အမှုဆောင်၊ ဧရာဝတီသပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီဝင်၊ ပုသိမ်နည်းပညာတက္ကသိုလ်မှ သရုပ်ပြဆရာ ဦးဝေယံအောင်အား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားမှုအပေါ် မေ ၂၂ ရက် ညနေ ၃ နာရီခွဲခန့်တွင် ပုသိမ်မြို့နယ် တရားရုံးက ကိုးကြိမ်မြောက်ရုံးချိန်း၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ပြစ်ဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
 

KNU/KNLA (PC) အဖွဲ့ဝင် ငါးဦးသည် ဓားပြတိုက်ခြင်းမဟုတ်ဘဲ ဓားပြမှုဖြင့် အမှုရင်ဆိုင်နေရသည့်အတွက် အစိုးရနှင့် သဘောတူထားပြီးဖြစ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်နိုင်ကြောင်း သတင်းစာရှင်းလင်း

KNU/KNLA (PC)  အဖွဲ့ဝင်ငါးဦးသည် ဓားပြတိုက်ခြင်း မဟုတ်ဘဲ ဓားပြမှုဖြင့် မြောင်းမြခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေရသည့်အတွက် ယင်းဖြစ်ရပ်သည် အစိုးရနှင့် သဘောတူထားပြီးဖြစ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်သည်ဟု ယင်းအဖွဲ့က သတင်းစာရှင်းလင်းခဲ့သည်။
 
မေ ၂၂ ရက် နေ့လယ်ပိုင်းက KNU/KNLA (PC)  မှ တာဝန်ရှိသူများသည် တွံတေးမြို့နယ် ရွှေကုက္ကိုလ်ကျေးရွာတွင် ယင်းဖြစ်စဉ် အကြောင်းကို စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။
 

ကာကွယ်ရေးဦးစီးချုပ်က ကြေးပိဿာချိန် ၃၀၀၀ ပါဝင်လှူဒါန်းသော ပိဿာချိန်တစ်သောင်းကျော်ရှိ ကြေးခေါင်းလောင်းကြီးကို ထားဝယ်မြို့သို့ မေ ၂၆ ရက်တွင် သယ်ဆောင်မည်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ကြေးပိဿာ ၃၀၀၀ ပါဝင်လှူဒါန်းသော ပိဿာချိန် တစ်သောင်းကျော် ကြေးခေါင်းလောင်းကြီးအား မန္တလေးမြို့ တမ္ပ၀တီရပ်မှ ထားဝယ်မြို့သို့ မေ ၂၆ ရက်တွင် သယ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
 

လှေဖြင့်ရွှေ့ပြောင်းနေသည့် ဒုက္ခသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ ကျော်ပါဝင်သော စက်လှေများအား မြန်မာ့ရေပိုင်နက်တွင် ဖမ်းဆီးရမိကြောင်း အစိုးရထုတ်ပြန်

လှေဖြင့်ရွှေ့ပြောင်းနေသည့် ဒုက္ခသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ ကျော်ပါဝင်သည့် စက်လှေတစ်စင်းနှင့် အခြားစက်လှေတစ်စင်းအား မြန်မာ့ရေပိုင်နက်၌ မေ ၂၁ ရက် ညနေ ၃ နာရီခွဲခန့်က ဖမ်းဆီးရမိကြောင်း မေ ၂၂ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 
 

ပြည်သူနစ်နာပြီး ကုမ္ပဏီတစ်ခု၏ အကျိုးအမြတ်ကိုသာကြည့်သော ရေကူးအသံလွှင့်စက်ရုံဝင်းဟောင်းနေရာမှ ဧက ၉၀ ခန့် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည့်စီမံကိန်းအား ဆိုင်းငံ့ထားရန်လွှတ်တော်သို့ အရေးကြီးအဆို တင်သွင်း

ပြည်သူနစ်နာပြီး ကုမ္ပဏီတစ်ခု၏ အကျိုးအမြတ်ကိုသာကြည့်သော စီမံကိန်းဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြိုနယ်ရှိ ရေကူးအသံလွှင့်စက်ရုံဝင်းဟောင်း မြေနေရာမှ ဧက ၉၀ ခန့် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်မည့်စီမံကိန်းအား ဆိုင်းငံ့ထားရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ်  မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြည်ထောင်စုလွှတ်တော်သို့ မေ ၂၂ ရက်တွင် အရေးကြီးအဆို တင်သွင်းခဲ့သည်။
 

Pages

Subscribe to Eleven Media Group RSS