Melatonin မီလတိုနင် The Sleep Hormone အိပ်ပျော်ဟော်မုန်း

လူအတော်များများ အိပ်ပျော်မှု အထောက်အကူဖြစ်ရန် မီလတိုနင်ကို အိပ်ဆေးအစား သောက်ကြသည်။ သို့သော် အမှန်တကယ် ဤဆေးအစွမ်းထက်ပါရဲ့လား...။ အောက်ပါအချက်များကိုကြည့်ပါ။
မီလတိုနင်ဆိုတာ ဘာလဲ ? 
 
 

နေစွမ်းအင်သုံးလေယာဉ် ဟာဝိုင်ယီကျွန်းသို့ ရောက်ရှိကာ သမိုင်းဝင်ခရီးစဉ် အဆုံးသတ်

နေစွမ်းအင်တစ်ခုတည်းဖြင့် ကမ္ဘာပတ်ရန် ကြိုးပမ်းနေသော နေစွမ်းအင်သုံးလေယာဉ် Solar Impulse 2 (Si2) သည် ခက်ခဲကြမ်းတမ်းသောအခြေအနေကို ကျော်လွန်နိုင်ခဲ့ပြီးနောက် ဟာဝိုင်ယီကျွန်းစုသို့ ဇူလိုင် ၃ ရက်တွင် ရောက်ရှိခဲ့သည်။ ဂျပန်မှ ထွက်ခွာလာခဲ့ပြီးနောက် Si2 ကို လေးရက်ကျော်ကြာ ထိန်းချုပ်ပျံသန်းလာခဲ့ရ၍ ခြေကုန်လက်ပန်း ကျနေသော ဆွစ်ဝါရင့် လေယာဉ်မှူး  Andre Borschberg သည် စီစဉ်ထားသည့်အတိုင်း ဖြစ်မြောက်ပါက ပစိဖိတ်ရှိ အမေရိကန်ကျွန်းစုပြည်နယ် ဟာဝိုင်ယီသို့ ဒေသစံတော်ချိန် ဇူလိုင် ၃ ရက် နံနက်ပိုင်း၌ ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်သည်။ “လေကြောင်းပျံသန်းမှုနှင့် စွမ်းအင်အသုံးချမှု သမိုင်းဝင်ြ

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်မှုကို အခြားခံစားခွင့်များ ပါဝင်မှသာ လက်ခံမည်ဖြစ်ပြီး တရုတ်၊ ကိုရီးယား အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာလုပ်သားများအား ငွေဝယ်ကျွန်အဖြစ် မမြင်ရန် အလုပ်သမားအဖွဲ့အစည်းများ ပြောကြား

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်မှုကို အခြားခံစားခွင့်များ ပါဝင်မှသာ လက်ခံနိုင်မည်ဖြစ်ပြီး တရုတ်၊ ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာလုပ်သားများကို ငွေဝယ်ကျွန်အဖြစ် မမြင်ဘဲ လူသားတစ်ဦးအဖြစ်သာ မြင်ပေးရန်  အလုပ်သမားအဖွဲ့အစည်းများက ဇူလိုင် ၃ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
 

အငှားယာဉ်မောင်းအား လုယက်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိ

ဇူလိုင် ၁ ရက်က ဗိုလ်တထောင်မြို့နယ် ၄၆ လမ်းတွင် အငှားယာဉ်မောင်းအား လုယက်မှုကျူးလွန်ခဲ့သူများကို ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 

မန္တလေးမြို့တွင် သေနတ်၊ ကျည်ဆန်နှင့် ဆက်စပ်ပစ္စည်းများ ဆက်လက် ဖမ်းဆီးရမိ

မန္တလေးမြို့တွင် ချမ်းအေးသာစံမြို့နယ် နှင့် ပုသိမ်ကြီးမြို့နယ်များတွင် သေနတ်နှင့် ဆက်စပ်ပစ္စည်းများ ကို ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းက ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
 

ပဲခူးတိုင်းဒေသကြီးတွင် သိမ်းဆည်းခံလယ်မြေများ ပြန်ရရေး ဆန္ဒပြခဲ့သော သဲကုန်းမြို့ အောင်ကုန်းကျေးရွာမှ လယ်သမားများ ထောင်မှပြန်လွတ်လာပြီး လယ်မြေများပြန်လည်ရရှိရေး သပိတ်စခန်းဖွင့် ထပ်မံဆန္ဒပြမည်

ပဲခူးတိုင်းဒေသကြီးတွင် သိမ်းဆည်းခံ လယ်မြေများ ပြန်ရရှိရေးဆန္ဒပြခဲ့သော သဲကုန်းမြို့၊ အောင်ကုန်းကျေးရွာမှ လယ်သမားများ ထောင်မှပြန်လွတ်လာပြီး လယ်မြေများ ပြန်လည်ရရှိရေး သပိတ်စခန်းဖွင့် ထပ်မံဆန္ဒ ပြတောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အောင်ကုန်းကျေးရွာလယ်သမားများက ဇူလိုင် ၃ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားသည်။
 

ဘားအံမြို့နယ် အိန္ဒဲကျေးရွာတွင် သေနတ်ဖြင့်ပစ်သတ်ခံရသည့် NLD ရပ်/ကျေးဥက္ကဋ္ဌအမှုမှာ စုံစမ်းဆဲဖြစ်ပြီး ယင်းအမှုအား NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ စိတ်ဝင်တစားစောင့်ကြည့်နေဟု ဆို

ဘားအံမြို့နယ် အိန္ဒဲကျေးရွာ၌ သေနတ်ဖြင့် ပစ်သတ်ခံရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရပ်/ကျေးဥက္ကဋ္ဌအမှုကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေပြီး အဆိုပါအမှုအား NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း သက်ဆိုင်ရာရဲစခန်း နှင့် ဘားအံမြို့ နယ် NLD  မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
 

အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံထားရသည့် ဒဂုံတက္ကသိုလ် (သင်္ချာ) ကျောင်းသား ကိုပိုင်ရဲသူအတွက် ဒဂုံတက္ကသိုလ်သင်္ချာဆောင်တွင် ကမ်ပိန်းပြုလုပ်ပြီး ပြန်လွှတ်ပေးရန် တောင်းဆို

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံထားရသည့် ဒဂုံတက္ကသိုလ် သင်္ချာကျောင်းသား ကိုပိုင်ရဲသူအတွက်  ဒဂုံတက္ကသိုလ်ကျောင်းသားများက သင်္ချာဆောင်တွင် ကမ်ပိန်းပြုလုပ်ပြီး ပြန်လွှတ်ပေးရန် ဇူလိုင် ၃ ရက်က တောင်းဆိုခဲ့သည်။
 
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ဒုတိယဥက္ကဌလည်းဖြစ်သူ သင်္ချာကျောင်းသား ကိုပိုင်ရဲသူကို  ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ရေးသားထားသော စာများကို ကိုင်ဆောင်ခဲ့ကြပြီး သင်္ချာဆောင်၏ မြင်သာသော နေရာများတွင် ပိုင်ရဲကို ချက်ချင်းလွှတ်ဆိုသော စာများကိုကပ်၍ ဒဂုံတက္ကသိုလ်ကျောင်းသား ၁၅ ဦးခန့်က တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များစာရင်း၌ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြုလုပ်နိုင်ခဲ့ခြင်းမရှိသော မဲဆန္ဒနယ်များ ပြန်လည်ပါဝင်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များစာရင်းကို ဇူလိုင် ၂ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ ထိုစာရင်း၌ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ခြင်းမရှိသော မဲဆန္ဒနယ်များကို ပြန်လည်ထည့်သွင်း ဖော်ပြခဲ့ပါသည်။ 
 

လွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ချိန်တွင် ဖွဲ့စည်းပုံပါဇယားများနှင့် စပ်လျဉ်း၍ ဥပဒေသစ်များ ရေးဆွဲပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်ထားကြောင်း သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ခြင်းသည် ၀ိရောဓိဖြစ်စေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်နေချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယားများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်သို့ လုပ်ပိုင်ခွင့်ခွဲဝေပေးရေးအတွက် တည်ဆဲဥပဒေများကို ပြင်ဆင်ခြင်း၊ 
ဥပဒေသစ်များ ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်ထားကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကသို့ သ၀ဏ်လွှာပေးပို့ခြင်းသည် ၀ိရောဓိဖြစ်စေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။
 

Pages

Subscribe to Eleven Media Group RSS