(၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို မလေးရှားနိုင်ငံ၌ ယနေ့ စတင်မည်

(၂၆) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲများနှင့် ဆက်စပ်အစည်းအဝေးများကို မလေးရှားနိုင်ငံ၌ ဧပြီ ၂၆ ရက် (ယနေ့) မှ စတင်ပြီး နှစ်ရက်ကြာ ပြုလုပ်သွားမည် ဖြစ်ပါသည်။ 
 

အဖော်မဲ့သွားတဲ့အခါ

“လောကကြီးဟာ နှစ်ယောက်ရှိမှ ပျော်စရာကောင်းသတဲ့”။ ကျွန်တော် ငယ်ငယ်ကတည်းက  အဲဒီအဆိုကို ကြားခဲ့ဖူးတယ်။ ဆရာတစ်ယောက်က စာသင်ရင်းနဲ့ ထည့်ပြောသွားခဲ့တဲ့ အဆိုလေးပါ။ ဟုတ်ပါတယ်။ အမြွှာပူးတွေကလွဲရင် လူတော်တော်များများဟာ တစ်ယောက်တည်း လောကကို ခြေစချခဲ့ကြတာပါ။ တစ်ယောက်တည်း ကြာကြာမနေနိုင်တဲ့ ကျွန်တော်တို့တွေ အဖော်မိတ်ဆွေ၊ အပေါင်းအသင်း ရှာချင်လာကြပါတယ်။
 

အခြေခံမဲဆန္ဒရှင်စာရင်းများနှင့် ကိုယ်စီရွေးချယ်ခွင့်

အထွေထွေရွေးကောက်ပွဲများ ကျင်းပဖို့ လပိုင်းသာလိုတော့တဲ့အချိန်မှာ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ မဲပေးခွင့်ရှိသူ နိုင်ငံသားများအနေနဲ့  မဲစာရင်းများကို သွားရောက်ကြည့်ရှုမှုများ ပြုလုပ်ဖို့ လိုအပ်လာပါတယ်။
 
 

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများအပြားတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများပြားတွင် ယခုရက်ပိုင်းအတွင်း အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။
 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာမ၀ယ်နိုင်သူများအတွက် ရည်ရွယ်၍ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ မြေ ၁၂ ဧကကျော်တွင် အငှားအိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာမ၀ယ်နိုင်သူများအတွက် ရည်ရွည်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြေ ၁၂ ဧက ကျော်တွင် အငှားအိမ်ရာစီမံကိန်းကို ယခုနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
 
အဆိုပါ အိမ်ရာစီမံကိန်းကို ပြည်ထောင်စုအစိုးရမှ ယခုဘဏ္ဍာနှစ်အတွက် အိမ်ရာစီမံကိန်းဖော်ဆောင်ရန် ထောက်ပံ့သည့် ငွေကျပ် ၂၀ ဘီလျံဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ယူ၍ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
 

ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုကြောင့် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်အား မြို့နယ်နှစ်ခုတွင် ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်

ရန်ကုန်တွင် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုကြောင့် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်အား ပန်းဘဲတန်းနှင့် ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့တို့မှ ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်ခဲ့ကြောင်း မဖြိုးဖြိုးအောင်၏ ဖခင် ဒေါက်တာ နေ၀င်းက ဧပြီ ၂၄ ရက်တွင် ပြောကြားသည်။
 
ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် တစ်ဦးလည်းဖြစ်သော ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်သည် မတ် ၁၀ ရက်က လက်ပံတန်းမြို့တွင် ပင်မကျောင်းသားသပိတ်ဖြိုခွင်းခံရစဉ်က  ဖမ်းဆီးခံခဲ့ရပြီး သာယာဝတီအကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။
 

ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးကာ အမျိုးသမီးနှစ်ဦး မိုးကြိုးထိမှန် သေဆုံး

 ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧပြီ ၂၃ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မိုးကြိုးများပစ်မှုကြောင့် နေအိမ်အများအပြားပျက်စီးကာ အမျိုးသမီးနှစ်ဦး မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
 

ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီလုပ်ငန်းရှင် ဦးဝင်းအောင်အား အမေရိကန်က ပိတ်ဆို့ထားမှုစာရင်းမှ ပြန်လည်ပယ်ဖျက်

Dagon International ကုမ္ပဏီ၏ လုပ်ငန်းရှင်ဖြစ်သော ဦးဝင်းအောင်အား အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့ထားမှုစာရင်းမှ ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
 
ထုန်ပြန်ထားမှုအရ ဦးဝင်းအောင်နှင့်  Dagon International ကုမ္ပဏီလီမိတက်၊ Dagon Timber လီမိတက်တို့ကို ပိတ်ဆို့မှုစာရင်းမှ ပြန်လည်ပယ်ဖျက်လိုက်ကြောင်း သိရသည်။
 

တစ်နိုင်ငံလုံးရှိ လယ်ယာမြေပြဿနာများကို လက်ရှိအစိုးရလက်ထက်တွင် လွှတ်တော်ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် အပြီးသတ်ဖြေရှင်းနိုင်ရန် ဆောင်ရွက်မည်ဟုဆို

တစ်နိုင်ငံလုံးရှိ လယ်ယာမြေပြဿနာ များကို လက်ရှိအစိုးရလက်ထက်တွင် လွှတ်တော်ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် အပြီးသတ်ဖြေရှင်းနိုင်ရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုလွှတ်တော် လယ်ယာမြေစုံစမ်းရေးကော်မရှင်မှ အဖွဲ့ဝင် ဦးခိုင်မောင်ရည်က The Daily Eleven သို့ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်နှင့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့် မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီတို့  မတ်လအတွင်း ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်။

သူရဦးရွှေမန်း တရုတ်နှင့် အမေရိကန်သို့ ချစ်ကြည်ရေးခရီး သွားရောက်မည်

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် တရုတ်နှင့် အမေရိကန်သို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဧပြီ ၂၅ ရက် နံနက် ၁၁ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီမှ တရားဝင်ဖိတ်ကြားခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးက ပြောကြားသည်။

Pages

Subscribe to Eleven Media Group RSS