ရန်ကုန်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


မင်္ဂလာဈေး၏ မီးလောင်ခံခဲ့ရသော အထပ်များကို သုံးလအတွင်းအပြီး ဆောက်လုပ်သွားရန် စီစဉ် PDF Print E-mail
 
 မင်္ဂလာဈေး၏ မီးလောင်ခံခဲ့ရသော အထပ်များကို ဖြိုဖျက်နေစဉ်

   ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မင်္ဂလာဈေး၏ မီးလောင်ခံခဲ့ရသော အထပ်များအား ဖြိုဖျက်မှု မှာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ယင်းအထပ်များအား သုံးလအတွင်းအပြီး ပြန်လည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

 
    ' မီးလောင်ပျက်စီးသွားတဲ့ အထပ်တွေကို ဖြိုဖျက်တဲ့လုပ်ငန်းကတော့ ၈၀ ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ ဖြိုဖျက်တဲ့လုပ်ငန်းပြီးရင် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေ စတင်တော့မှာပါ။ ပြန်လည်တည် ဆောက်ရေးလုပ်ငန်းကို သုံးလအတွင်း အပြီးသတ်ဆောက်လုပ်မယ်လို့ မှန်းထားပါတယ်။ ဖြိုဖျက်တဲ့လုပ်ငန်းပြီးလို့ တည်ဆောက်ရေး လုပ်ငန်းစတင်တဲ့အချိန်မှာ ဌာနက ခွင့်ပြုချက်ရတယ်ဆိုရင် မြေညီထပ်ကနေ ဒုတိယထပ်အထိ ဆိုင်ခန်းတွေကို သက်ဆိုင်ရာအထပ်အလိုက် ပြန်လည်ရောင်းချနိုင်အောင် ဈေးသာယာရေး ကော်မတီက ကြိုးစားနေပါတယ်'ဟု တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။


    မင်္ဂလာဈေးမီးလောင်မှု ဖြစ်ပွားပြီးနောက်ပိုင်း မီးလောင်ခံခဲ့ရသောဈေး၏ အထပ်များအား အင်ဂျင်နီယာများမှ အရည်အသွေးစစ်ဆေးသည့်အခါ အဆိုပါအထပ်များမှာ ကြံ့ခိုင်မှုအားနည်းသွားပြီး အန္တရာယ် ရှိသောကြောင့် ဖြိုဖျက်ခြင်းဖြစ်ပြီး ကျန်ရှိခဲ့သည့် အထပ်များမှာကြံ့ခိုင်မှု ကောင်းနေသေးသည့်အတွက် ဖြိုဖျက်ခြင်းမပြုဘဲ လိုအပ်သည့်အပိုင်း အချို့ကိုသာ မွမ်းမံသွားမည်ဟု သိရသည်။


    ယင်းကဲ့သို့ ပြန်လည် တည်ဆောက်ရေးကာလ ပြုလုပ်နေစဉ်အတွင်း မြေညီထပ်မှ ဒုတိယထပ်အထိ ဆိုင်ခန်းများအား ရောင်းချနိုင်ရန်အတွက် မြေညီထပ်အတွင်း ၀င်ရောက်လျက်ရှိသော ရေပုပ်များကို စုပ်ထုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ဆေးဖြန်းခြင်းတို့အပြင် ပထမထပ်နှင့် ဒုတိယထပ်တို့ကိုပါ ရှင်းလင်းခြင်း လုပ်ငန်းများကို အပြီးပြုလုပ်သွားမည်ဟု သိရသည်။