ရန်ကုန်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ရန်ကင်းအခွန်လွတ်ဈေးကို မရမ်းကုန်းမြို့နယ်သို့ ပြောင်းရွှေ့ ဖွင့်လှစ် PDF Print E-mail

        ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ရန်ကင်းအခွန်လွတ်ဈေးကို မရမ်းကုန်းမြို့နယ်ရှိ ဂန္ဓာမာလမ်းသို့ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့မှစ၍ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

        ရန်ကင်းမြို့နယ်တွင် ဖွင့်လှစ်ခဲ့သည့် အခွန်လွတ်ဈေးကို မရမ်းကုန်းမြို့နယ် ဂန္ဓမာလမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းနှင့်အတူ အဆိုပါ အခွန်လွတ်ဈေးသစ်တွင် ခြောက်ခန်းတွဲ အိမ်သာနှစ်လုံးကိုလည်း ထပ်မံတည်ဆောက်ခဲ့သည်ဟု သိရသည်။ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သော နေရာတွင် မူလတည်ရှိနေသည့် ဘောလုံးကွင်းကိုလည်း ဆက်လက်ထားရှိမည်ဟု သိရသည်။

        ရန်ကင်းမြို့နယ် အခွန်လွတ်ဈေးတွင် ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ရောင်းချလျက်ရှိသည်ဟု သိရသည်။ ရန်ကင်းအခွန်လွတ်ဈေးကို ၂၀၀၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

        ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ဈေးစုစုပေါင်း ၁၆၈ ဈေးရှိပြီး အခွန်လွတ်ဈေး ၁၁ ဈေး ပါဝင်သည်ဟု သိရသည်။