မန္တလေး နှင့် နယ်သတင်းများ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနားအဆန်ရထား လမ်းချော်မှုဖြစ်ပွားသောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
- ၀ဥခြောက်များ ပြည်ပတင်ပို့မှု တွင်ကျယ်လျက်ရှိကာ ဈေးကောင်းရလာ
- (၃၉)ကြိမ်မြောက် တအာင်း(ပလောင်) စာပေနေ့ အထိမ်းအမှတ် အခမ်းအနား လားရှိုးမြို့ ခေးနင်းကျေးရွာတွင် ကျင်းပ
- မန္တလေးမြို့တွင်း ပြေးဆွဲလျက်ရှိသည့် ဘတ်စ်ကားလိုင်းများမှ မော်ဒယ်နိမ့် ဒိုင်နာကားများကို အစားထိုးရန်နှင့် လိုင်းသစ်များ တိုးချဲ့ရန် လိုအပ်
- မူဆယ်-မန္တလေး ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်မှုဖြစ်ပွား
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| ပဲခူးမြို့ အခြေခံ အိမ်ဆောက်ပစ္စည်း ဈေးကွက်အတွင်း ၀ါးဈေးနှုန်းများ မြင့်လျက်ရှိ |
|
|
|
|
ပဲခူးမြစ်ကြောင်းအတိုင်း ၀ါးဖောင်များ စုန်ဆင်းဝင်ရောက်မှုမှာ နည်းနေသေး၍ ပဲခူးမြို့၏ အခြေခံ အိမ်ဆောက်ပစ္စည်း ဈေးကွက်အတွင်း၌ ၀ါးဈေးနှုန်းများ မြင့်လျက်ရှိနေကြောင်းကို ပဲခူးမြို့ရှိ ၀ါးဆိုင်များနှင့် ကုန်သည်များထံမှ သိရှိရပါသည်။ နှစ်စဉ် မိုးကာလသို့ ရောက်ရှိတိုင်း ၀ါးဈေးနှုန်းများမှာ ကျဆင်းသွားလေ့ရှိပြီး ထိုသို့ ကျဆင်းရခြင်းမှာလည်း ရေလမ်းမှ ၀ါးဖောင်ဖွဲ့၍ သယ်ယူပို့ဆောင်နိုင်ခြင်းကြောင့် သယ်ယူစရိတ် လျော့နည်းသက်သာ၍ဖြစ်ပြီး ယခုနှစ်တွင်မူ လက်ရှိအချိန်အထိ ပဲခူးမြစ်၏ အထက်ပိုင်း ချောင်းလက်တက်များ၌ ရေနည်းနေသေးသည့်အတွက် ကုန်းလမ်းမှသာ ကားများဖြင့် ၀င်ရောက်နေရခြင်းကြောင့် ဈေးနှုန်းများ မြင့်မားနေခြင်း ဖြစ်ကြောင်း သိရသည်။ "အမှန်ဆို အခုချိန်က ၀ါးဈေးက အနိမ့်ဆုံးဖြစ်ရမှာ အသုံးအနည်းဆုံး အချိန်ဖြစ်တာရယ်။ မိုးတွင်းဆိုတော့ ရေလမ်းလည်း ပွင့်နေတဲ့အတွက်ပါ။ ဒါပေမယ့် အခုနှစ်မှာ ၀ါးဈေးက ကျမသွားဘူး။ ဘာလို့လဲဆိုတော့ လက်ရှိမြစ်ညှာပိုင်းမှာ ရေ နည်းနေသေးတဲ့အတွက် ချောင်းကို အကုန်ဖွင့်မပေးသေးဘူးလို့ သိရတယ်။ ဒါကြောင့် ရေလမ်းအတိုင်း ၀ါးဖောင်တွေ ၀င်ရောက်မှုက နည်းနေပြီး ကုန်းလမ်းကသာ ၀င်နေရတာဖြစ်တဲ့အတွက် သယ်ယူစရိတ်တွေကြောင့် ၀ါးဈေး နှုန်းက ကျမသွားခြင်း ဖြစ်ပါတယ်"ဟု ပဲခူးမြို့ ကျောက်ကြီးစုရပ်ရှိ ကိုဆန်းဝင်း ၀ါးဆိုင်မှ ပြောပြပါသည်။ ထိုသို့ ပဲခူးမြို့ဈေးကွက်အတွင်း ၀ါးဈေးနှုန်းများ မြင့်မားလျက်ရှိသော်လည်း အခြား အခြေခံအိမ်ဆောက် ပစ္စည်းတစ်ခုဖြစ်သည့် တောင်တန်း ဈေးနှုန်းများမှာမူ ကျဆင်းလျက်ရှိကြောင်းနှင့် ၎င်းတောင်တန်းများမှာ မွန်ပြည်နယ် ဘီးလင်းနှင့် ကျိုက်ထိုနယ်ဘက်မှ ၀င်ရောက်သည်ဟု သိရသည်။
|
|||||||||||||||||||||




