တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
ဆောင်းပါးများ
- ၂၁ ရာစု တရုတ်-အိန္ဒိယ ဆက်ဆံရေး
- ညိုပြာပြာ ပဲခူးရိုးမ တောင်ခြေနားဆီက . . .
- အဖြူရောင်အဇ္ဈတ္တ
- မြန်မာတွေရဲ့ အစွမ်းအစ ယုံကြည် စိတ်ချတယ်
- ပေးဆပ်ကြရာတွင်
- နှလုံးသားအချစ်နဲ့ အစစ်အမှန် မေတ္တာ
- လမ်းပျောက်နေသည့် လူငယ်များ
- စိတ်ဆိုးရင်လည်း မတတ်နိုင်တော့ဘူး
- ရွှေ၏ ဈေးကွက်မောင်းနှင်အား ဖြစ်မှု (Gold As An lnvisible Hand)
- ကိုယ့်ရင်ထဲက ရွှေအိုး
| ကိုယ့်ရင်ထဲက လူ |
|
|
|
| Written by ဆန်းထွန်းသောင် | |
|
"လူဆိုတာ စဉ်းစားဆင်ခြင်တတ်တဲ့ သတ္တ၀ါတစ်မျိုး ဖြစ်တယ်။ လူမှုရေးသတ္တ၀ါ ဖြစ်တယ်။ နိုင်ငံရေးသတ္တ၀ါ ဖြစ်တယ်ဆိုတဲ့ အယူအဆတွေကို ကျွန်တော်လက်မခံဘူးဗျာ။ လူဆိုတာ အဓိပ္ပာယ်သတ်မှတ်လို့ မရဘူး"ဟု မိတ်ဆွေတစ်ဦးက ပြောပါ သည်။ "ဆိုလိုတာကဗျာ လူဆိုတာ သက်မဲ့ပစ္စည်းတစ်ခုလို အဓိပ္ပာယ် သတ်မှတ်ပေးလို့ မရဘူး။ သူ့ရဲ့အပြုအမူ အပြောအဆို အနေအထိုင်တွေကပဲ သူ့ကို အဓိပ္ပာယ်သတ်မှတ်ပေးတယ်"ဟု ဆက်ပြောပါသည်။ နားထောင်နေသူမိတ်ဆွေက "ဒါဆိုရင်လူဟာ အဓိပ္ပာယ်သတ်မှတ်လို့ မရသော သတ္တ၀ါတစ်မျိုးလို့" အဓိပ္ပာယ် သတ်မှတ်နိုင်မှာပေါ့နော်ဟု ဆိုပါသည်။ "ဒါမှမဟုတ် လူဆိုတာ သူ့ရဲ့အပြုအမူက အဓိပ္ပာယ်သတ်မှတ်ပေးသော သတ္တ၀ါတစ်မျိုးလို့ အဓိပ္ပာယ် သတ်မှတ်နိုင်မှာပေါ့"ဟုလည်း ပြောပါသည်။ ထိုအခါ ပထမမိတ်ဆွေက "ဘယ်လိုပဲဆိုဆိုပေါ့ဗျာ လူဟာလူပဲ ဖြစ်တယ်။ လူဟာ နိုင်ငံရေးသတ္တ၀ါ ဖြစ်နိုင်တယ်။ မျောက်သတ္တ၀ါက ဆင်းသက်လာတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ ဗြဟ္မာကြီးက ဆင်းသက်လာတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ လူတစ်ယောက်အတွက် ဖြစ်နိုင်ခြေတွေ အများကြီးရှိတာကို ပြောချင်တာပါ"ဟု ပြောပါသည်။ မိတ်ဆွေနှစ်ဦး၏ စကားလုံးများကို နားထောင်ရင်း ဒဿနသမိုင်းတွင် လူ၏အဓိပ္ပာယ်ကို ဖွင့်ဆိုခဲ့သော အရစ္စကိုတယ်နှင့် မဖွင့်ဆိုခဲ့သော ယန်းပေါဆတ်တို့၏ အတွေးအခေါ်ကို ဆင်ခြင်မိပါသည်။ အရစ္စတိုတယ်က လူနှင့်အခြားသတ္တ၀ါတို့၏ အခြေခံ ခြားနားချက်မှာ စဉ်းစားဆင်ခြင်မှု ဖြစ်သည်ဟုဆိုပါသည်။စဉ်းစားဆင်ခြင်တတ်၍ အကောင်းအဆိုး ခွဲခြားတတ်ခြင်း ဖြစ်သည်။ ကိုယ်ကျင့်တရားနှုန်းစံများ ချမှတ်သည်။ သို့ဖြစ်၍ ကိုယ့်ကျင့်တရား သတ္တ၀ါဟုလည်း လူကို အဓိပ္ပာယ်ဖွင့်ပြန်သည်။ တဖန် ကိုယ့်ကျင့်တရားဆိုသည်မှာ လူလူချင်းဆက်ဆံရာတွင် ကျင့်သုံးသင့်သည့် လူမှုရေးကိစ္စ ဖြစ်သည်။ လူဆိုသည်မှာ လူမှုကိစ္စများကို ဆောင်ရွက်ရသူ ဖြစ်၍ လူမှုရေးသတ္တ၀ါ ဖြစ်သည်ဟုလည်း ဆိုပါသည်။ တဖန် လူမှုရေးကိစ္စများ ကို ဆောင်ရွက်ခြင်းသည် နိုင်ငံရေးဖြစ်သည်ဟုလည်း ဖွင့်ဆိုနိုင်သဖြင့် လူဆိုသည်မှာ နိုင်ငံရေးသတ္တ၀ါ ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
ဘ၀ဖြစ်တည်မှုနှင့် အဓိပ္ပာယ်ဖွင့်ဆိုမှု ဥပမာဖြင့် ရှင်းပြသည်။ ကောင်လေးနှင့် ကောင်မလေး ကော်ဖီဆိုင်မှာ ချိန်းတွေ့ကြသည်။ ကောင်မလေးက သူ၏လက်ကို စားပွဲပေါ်တင်ထားသည်။ကောင်လေးက စကားပြောရင်း စားပွဲပေါ်က ကောင်မလေး၏လက်ကို ကိုင်ဖို့ လက်လှမ်းလာသည်။ကောင်မလေး စဉ်းစားသည်။ အကိုင်ခံ မလား၊ မခံဘူးလား။ ရွေးချယ်ရမည်။ စားပွဲနှင့်တစ်သားတည်း ဖြစ်နေသော လက်က စားပွဲမဟုတ်။ အရာဝတ္ထုပစ္စည်း မဟုတ်။ မိမိ၏အပြုအမူကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသော လူတစ်ယောက်၏ လက်ဖြစ်သည်။ မိမိရွေးချယ်မှုကြောင့် ဖြစ်ပေါ်လာသော ရလဒ်သည် မိမိ၏တာဝန်သာ ဖြစ်သည်။ မိမိရွေးချယ်မှုကြောင့် ဖြစ်သည်ဟု တာဝန်ယူရမည်။ ဤခံယူချက်သည် စစ်မှန်သော ဘ၀ဖြစ်တည်မှု ဖြစ်သည်ဟု ဆိုပါသည်။ ထိုသို့မဟုတ်ဘဲ မိမိ၏ လက်ကို စားပွဲပမာ သဘောထားပြီး အပြုခံသက်သက် ယူဆပါက စစ်မှန်သောဘ၀ မဟုတ်တော့ပေ။ မိမိကိုယ်မိမိ လှည့်စားသူသာ ဖြစ်သည်။ ဆိုလိုသည်မှာ လက်ကိုအကိုင်ခံသည် ဖြစ်စေ၊ မခံသည် ဖြစ်စေ မိမိ၏ လွတ်လပ် စွာ ရွေးချယ်မှု ဖြစ်ရမည်။ လွတ်လပ်စွာ ရွေးချယ်မှု Freedom of Choice နှင့် တာဝန်ယူမှု Responsibility သည် စစ်မှန်သော ဘ၀ဖြစ်တည်မှုအတွက် လိုအပ်ချက်ဖြစ်သည်ဟု ဆိုပါသည်။ ၎င်း ၎င်း ၎င်း "လူ့ဘ၀ဆိုတာ ပြောင်းလဲလို့ မရတာတွေ ရှိသလို ပြောင်းလဲလို့ ရတာတွေလည်း ရှိတယ်။ ဘယ်မိဘက မွေးဖွားပေးခဲ့တယ်ဆိုတာတွေ မပြောင်းလဲနိုင်ပေမယ့် ကိုယ့်ရဲ့အပြုအမူနဲ့ ကိုယ်ကျင့်တရားဆိုတာ ပြောင်းလဲနိုင်ပါတယ်။ အရာရာဟာ ပြောင်းလဲနေတယ်ဆိုတာ ပြောင်းလဲနိုင်စွမ်းရှိတဲ့ အရာရာကို ဆိုလိုတာပါပဲ။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးဆိုတာ ပြောင်းလဲနိုင်ပါတယ်"ဟု ယင်းတက္ကသိုလ်ဆရာက ဆက်ပြောပါသည်။ "နယ်တက္ကသိုလ်မှာ ကိုယ်သွားခဲ့ ရောက်ခဲ့တဲ့ နေရာက ၎င်း ၎င်း ၎င်း တွေဆိုပြီး မပြောင်းလဲပေမယ့် ကိုယ့်ရဲ့ခံယူချက်၊ ကိုယ့်ရဲ့ အတွေးအခေါ်ဆိုတာ ပြောင်းလဲနိုင်ပါတယ်။ ၎င်း ၎င်း ၎င်း မဟုတ်ဘူးပေါ့"ဟု ဆိုပါသည်။ ကိုယ့်ရင်ထဲကလူ နိုင်ငံတစ်နိုင်ငံကို တတိယကမ္ဘာမှ ပထမကမ္ဘာသို့ ဦးဆောင်ပေးနိုင်သော ပုဂ္ဂိုလ်သည် ထိုနိုင်ငံပြည်သူများ၏ ရင်ထဲကလူ ဖြစ်ရုံမျှမက ကမ္ဘာ့လူသားများ၏ ရင်ထဲကလူလည်း ဖြစ်လာသည်။ သူတို့၏ မြတ်နိုးတန်ဖိုးထားခြင်း ခံရသူဖြစ်ပါသည်။ လူ တိုင်းတွင် ရှိနိုင်ပါသည်။ လူ့သမိုင်းတွင် လူသားကို အကျိုးပြုခဲ့ကြသော ပညာရှင်များသည် မြတ်နိုးတန်ဖိုးထားအပ်သူများ ဖြစ်ပါသည်။ ပြောင်းလဲနိုင်စွမ်းရှိတဲ့လူ ဖန်တီးနိုင်စွမ်းအားရှိတဲ့လူ "လူဆိုတာ ရုပ်နဲ့စိတ် ဖွဲ့စည်းတယ်။ ရုပ်ရဲ့အဓိပ္ပာယ်က ပြောင်းလဲနေခြင်း ဖြစ်တယ်။ စိတ်ကတော့ သိနေတဲ့ သဘောပေါ့ဗျာ။ သိတဲ့စိတ်ထဲမှာပဲ 'ခံစားမှုနဲ့မှတ်သားမှု'အပြင် 'ပြုပြင်ပြောင်းလဲ ဖန်တီးနိုင်စွမ်းရှိမှု'လည်း ပါတယ်ဗျာ။ ဒါတွေဟာ လူ့ရဲ့စွမ်း ရည်တွေပါပဲ"ဟု ဗုဒ္ဓစာပေ လေ့လာသူတစ်ဦးက ပြောပါသည်။ "လူ့ရဲ့စွမ်းရည်ကို အမြင့်ဆုံးအားထုတ်နိုင်ပြီး ကိုယ့်နိုင်ငံ ကိုယ့်လူ့အဖွဲ့အစည်း ကောင်းကျိုးဆောင်ရွက်နိုင်တဲ့သူ ကိုယ့်ကမ္ဘာ ကိုယ့်ကမ္ဘာလူ့အဖွဲ့အစည်း ကောင်းကျိုး ဆောင်ရွက်နိုင်သူတွေဟာ လူတွေရဲ့ ရင်ထဲကလူတွေပါပဲ။ ကိုယ့်ရင်ထဲကလူဆိုတာ ပြုပြင်ပြောင်းလဲဖန်တီးနိုင်စွမ်းအား ရှိတဲ့သူပေါ့ဗျာ"ဟုလည်း ဆက်လက်ပြောပါသည်။ |





Comments
('' လူတိုင်းဟာ .....'')ဆိုလား။
တကယ်တော့ စိတ်ကလည်း ပြောင်းလဲနေတာပါ ပဲ။ စိတ်ရဲ့ အပြောင်းအလဲက ပိုတောင်မြန်တယ် လို့ ဆိုကြပါတယ်။ စိတ်ကလည်း အကောင်းဘက်ကို လိုက်ပြီး ပြောင်းလဲနေဖို့ လိုပါတယ်။ မနေ့က ငါ ထက် ဒီနေ့ငါက ဘာတွေများ တိုးတက်ပြောင်းလဲလာသလဲဆိုတာ ဆင်ခြင်ရမှာပါ။
ကောင်းသထက်ကောင်းလာတဲ့ ဆောင်းပါးတွေကို ကြိုဆိုပါတယ်။ စာရေးသူတွေကိုတော့ သနားမိပါတယ်၊ ကျွဲပါးစောင်းတီးသလို ပင်ပန်းနေမလားလို့ပါ။ သွယ်ဝိုက်ပြောရတာများလွန်းတော့ ဟောရင်းနဲ့သာ ပျံလွန်တော်မူကု န်မှာ စိုးမိပါတယ်။