မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ်နှင့် ဒုတိယသတင်းထောက်ချုပ်တို့အား ပုဒ်မ-၅၀၀ ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိ၍ ခရိုင်တရားရုံးသို့ အယူခံတင်သွင်းရာ အကျဉ်းနည်းဖြင့် ပလပ်ခံရ

မြန်မာပို့စ်ဂျာနယ်၏ အယ်ဒီတာချုပ် ဦးသန်းထိုက်သူနှင့် ဒုတိယသတင်းထောက်ချုပ် ဦးဆန်းမိုးထွန်းတို့အား မတ် ၁၈  ရက်က မော်လမြိုင်မြို့နယ် တရားသူကြီး ဦးသန်းအောင်က ပုဒ်မ-၅ဝဝ ဖြင့် အလုပ်မဲ့ ထောင်ဒဏ်နှစ်လကျခံစေရန် အမိန့်ချမှတ်ခဲ့သည့် အပေါ်ကျေနပ်မှုမရှိ၍ မော်လမြိုင်ခရိုင် တရားရုံးသို့ ပြစ်မှုဆိုင်ရာအယူခံမှု လျှောက်ထား တင်သွင်းရာ အကျဉ်းနည်းပလပ်ခံရကြောင်း အဆိုပါအမှုအား လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်ထံမှ သိရသည်။

မြန်မာနယ်စပ်တွင် တရုတ်တပ်မတော်က ညတိုက်ပွဲသဏ္ဌာန် စစ်ရေးလေ့ကျင့်

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ညတိုက်ပွဲသဏ္ဌာန် စစ်ရေးလေ့ကျင့်မှုကိုပြုလုပ်ခဲ့ကြောင်း တရုတ် South China Morning Post သတင်းစာက မတ် ၂၆ ရက်တွင်ဖော်ပြခဲ့သည်။
    
အဆိုပါညတိုက်ပွဲသဏ္ဌာန် စစ်ရေးလေ့ကျင့်မှုကို မတ် ၂၄ ရက်ကပြုလုပ်ခဲ့ကြောင်းနှင့် ညပိုင်းတွင် တပ်ဖွဲ့များ စစ်ရေးအသင့်ရှိမှုကို စမ်းသပ်စစ်ဆေးရန်အတွက်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။
    

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတပြောကြားဟု RFA သတင်းဌာနဖော်ပြ

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ဖို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားကြောင်း လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာန၏ မတ် ၂၆ ရက် သတင်းဖော်ပြချက်အရ သိရသည်။
    
လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာန၏ ပုံမှန်ကဏ္ဍတစ်ခုဖြစ်သည့် "ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်အတွက်မေးမြန်းရာတွင် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ထူးခြားမှုအခြေအနေအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ဖြေကြားချက်ကို ကိုးကား၍ "ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ဖို့ သမ္မတပြောကြား" သတင်းခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။
    

မင်္ဂလာဈေးရှိ Asia ကလပ်မန်နေဂျာ တရုတ်နိုင်ငံသားအား မြန်မာနှင့် တရုတ်နိုင်ငံကူး လက်မှတ်နှစ်ခု ကိုင်ဆောင်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်

မင်္ဂလာဈေးရှိ Asia ကလပ်မှ မန်နေဂျာ တရုတ်နိုင်ငံသားအား မြန်မာနှင့် တရုတ်နိုင်ငံကူး လက်မှတ်နှစ်ခု ကိုင်ဆောင်ထားမှုဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက မတ် ၂၅ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

အေပီဂျာနယ်လစ်များက မြန်မာအများစု ပါဝင်သော ငါးဖမ်းသမားများနှင့် တွေ့ဆုံကာ အရှေ့တောင်အာရှ ငါးဖမ်းလုပ်ငန်း၌ ကျွန်ပြုခိုင်းစေမှုနှင့် လူကုန်ကူးမှုကို ဖော်ထုတ်နိုင်ခဲ့

၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က ရိုက်ကူးထားသော ဗီဒီယိုမှ ရယူထားသည့် ဓာတ်ပုံတွင် ဘင်ဂျီနာမြို့၌ ထိုင်းအလံလွှင့်ထားသော ကုန်တင်သင်္ဘောပေါ်သို့ ငါးများတင်နေသော မြန်မာအလုပ်သမားများကို တွေ့ရစဉ် (ပုံကြီး)၊ ဘင်ဂျီနာမြို့ရှိ ငါးဖမ်းကုမ္ပဏီဝင်းထဲမှ အကျဉ်းစခန်းတစ်ခုတွင် တွေ့ရသော ထိုင်းနှင့်မြန်မာ အလုပ်သမားများ (ပုံသေး) (Photo:AP)

Pages

Subscribe to Eleven Media Group RSS