မြန်မာနိုင်ငံ၌ ငါးနှစ်အောက်ကလေး သေဆုံးမှုမြင့်မားနေပြီး တစ်နာရီလျှင် ကလေးရှစ်ဦးနှုန်းခန့် သေဆုံးနေ


မြန်မာနိုင်ငံ၏ ငါးနှစ်အောက်ကလေး သေဆုံးမှုသည် အကြမ်းအားဖြင့် တစ်နှစ်အ တွင်း ၆၅၀၀၀ နီးပါးသေဆုံးပြီး တစ်နာရီလျှင် ကလေးရှစ်ဦးနှုန်းခန့် သေဆုံးနေသည်ဟု ဇူလိုင် ၃ ရက်က မကွေးမြို့၌ ကျင်းပသည့် မိခင်နှင့်ကလေးသေဆုံးမှုကျဆင်းရေး အရှိန် အဟုန်မြှင့်လုပ်ငန်း စတင်ခြင်း အခမ်းအနားတွင် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

အာရှနိုင်ငံများမှ ခွဲစိတ်ဆရာဝန်များပါဝင်သည့် Smile Asia အဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများကို ရန်ကုန်ဆေးရုံကြီးတွင် ဇူလိုင် ၅ ရက်မှစ၍ အခမဲ့ ကုသပေးမည်

အာရှနိုင်ငံများမှ မျက်နှာ၊ မေးရိုးခွဲစိတ် အထူးကုဆရာဝန်များပါဝင်သည့် Smile Asia  အဖွဲ့မှ  နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင်  ၅ ရက် မှ၁၂ ရက်အထိ အခမဲ့လာရောက် ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်ငွေကွာဟမှု (Income Gap)

လုပ်ခ (Wage) လစာ (Salary) ၊ ၀င်ငွေ  (Income) တို့၏ သဘောသဘာဝသည် မတူညီပေ။ လုပ်ခနှင့်လစာတို့သည် ပုံသေ (Fixed) ၊ ပုံမှန် (Regular) ၊ သဘောပိုမိုဆောင်၍ ၀င်ငွေသည် ၀င်ငွေဖြစ်တည်ပုံအခြေအနေ  (Income Generation) အပေါ်တွင် ပိုမိုမူတည်ပေသည်။
 

လှိုင်းမိုက်

မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် လူနေအိမ်များနှင့် လယ်ယာများ ရေနစ်မြုပ်ခဲ့ရသည့် သတင်းများအား ဆက်ကာဆက်ကာ ဖတ်နေရသည်။ အနောက်တောင်မုတ်သုံလေ ပိုမိုအားကောင်းလာမှုကြောင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်းအပါအ၀င် အောက်ပိုင်းဒေသတွင်သာမကဘဲ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တို့တွင်လည်း မိုးသည်းထန်၍ ရေကြီးရေလျှံခြင်း ဖြစ်ပွားခဲ့သည်။
 
များမကြာသေးမီက စာရေးသူ၏  “မိုးကို ဘယ်သူတားမည်နည်း”ဟူသော ဆောင်းပါးတစ်ပုဒ်ကို The Daily Eleven က ၁၉-၆-၂၀၁၅ နေ့က ဖော်ပြပေးခဲ့ပြီ။ 
 

Melatonin မီလတိုနင် The Sleep Hormone အိပ်ပျော်ဟော်မုန်း

လူအတော်များများ အိပ်ပျော်မှု အထောက်အကူဖြစ်ရန် မီလတိုနင်ကို အိပ်ဆေးအစား သောက်ကြသည်။ သို့သော် အမှန်တကယ် ဤဆေးအစွမ်းထက်ပါရဲ့လား...။ အောက်ပါအချက်များကိုကြည့်ပါ။
မီလတိုနင်ဆိုတာ ဘာလဲ ? 
 
 

နေစွမ်းအင်သုံးလေယာဉ် ဟာဝိုင်ယီကျွန်းသို့ ရောက်ရှိကာ သမိုင်းဝင်ခရီးစဉ် အဆုံးသတ်

နေစွမ်းအင်တစ်ခုတည်းဖြင့် ကမ္ဘာပတ်ရန် ကြိုးပမ်းနေသော နေစွမ်းအင်သုံးလေယာဉ် Solar Impulse 2 (Si2) သည် ခက်ခဲကြမ်းတမ်းသောအခြေအနေကို ကျော်လွန်နိုင်ခဲ့ပြီးနောက် ဟာဝိုင်ယီကျွန်းစုသို့ ဇူလိုင် ၃ ရက်တွင် ရောက်ရှိခဲ့သည်။ ဂျပန်မှ ထွက်ခွာလာခဲ့ပြီးနောက် Si2 ကို လေးရက်ကျော်ကြာ ထိန်းချုပ်ပျံသန်းလာခဲ့ရ၍ ခြေကုန်လက်ပန်း ကျနေသော ဆွစ်ဝါရင့် လေယာဉ်မှူး  Andre Borschberg သည် စီစဉ်ထားသည့်အတိုင်း ဖြစ်မြောက်ပါက ပစိဖိတ်ရှိ အမေရိကန်ကျွန်းစုပြည်နယ် ဟာဝိုင်ယီသို့ ဒေသစံတော်ချိန် ဇူလိုင် ၃ ရက် နံနက်ပိုင်း၌ ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်သည်။ “လေကြောင်းပျံသန်းမှုနှင့် စွမ်းအင်အသုံးချမှု သမိုင်းဝင်ြ

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်မှုကို အခြားခံစားခွင့်များ ပါဝင်မှသာ လက်ခံမည်ဖြစ်ပြီး တရုတ်၊ ကိုရီးယား အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာလုပ်သားများအား ငွေဝယ်ကျွန်အဖြစ် မမြင်ရန် အလုပ်သမားအဖွဲ့အစည်းများ ပြောကြား

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်မှုကို အခြားခံစားခွင့်များ ပါဝင်မှသာ လက်ခံနိုင်မည်ဖြစ်ပြီး တရုတ်၊ ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာလုပ်သားများကို ငွေဝယ်ကျွန်အဖြစ် မမြင်ဘဲ လူသားတစ်ဦးအဖြစ်သာ မြင်ပေးရန်  အလုပ်သမားအဖွဲ့အစည်းများက ဇူလိုင် ၃ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
 

အငှားယာဉ်မောင်းအား လုယက်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိ

ဇူလိုင် ၁ ရက်က ဗိုလ်တထောင်မြို့နယ် ၄၆ လမ်းတွင် အငှားယာဉ်မောင်းအား လုယက်မှုကျူးလွန်ခဲ့သူများကို ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 

မန္တလေးမြို့တွင် သေနတ်၊ ကျည်ဆန်နှင့် ဆက်စပ်ပစ္စည်းများ ဆက်လက် ဖမ်းဆီးရမိ

မန္တလေးမြို့တွင် ချမ်းအေးသာစံမြို့နယ် နှင့် ပုသိမ်ကြီးမြို့နယ်များတွင် သေနတ်နှင့် ဆက်စပ်ပစ္စည်းများ ကို ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းက ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
 

ပဲခူးတိုင်းဒေသကြီးတွင် သိမ်းဆည်းခံလယ်မြေများ ပြန်ရရေး ဆန္ဒပြခဲ့သော သဲကုန်းမြို့ အောင်ကုန်းကျေးရွာမှ လယ်သမားများ ထောင်မှပြန်လွတ်လာပြီး လယ်မြေများပြန်လည်ရရှိရေး သပိတ်စခန်းဖွင့် ထပ်မံဆန္ဒပြမည်

ပဲခူးတိုင်းဒေသကြီးတွင် သိမ်းဆည်းခံ လယ်မြေများ ပြန်ရရှိရေးဆန္ဒပြခဲ့သော သဲကုန်းမြို့၊ အောင်ကုန်းကျေးရွာမှ လယ်သမားများ ထောင်မှပြန်လွတ်လာပြီး လယ်မြေများ ပြန်လည်ရရှိရေး သပိတ်စခန်းဖွင့် ထပ်မံဆန္ဒ ပြတောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အောင်ကုန်းကျေးရွာလယ်သမားများက ဇူလိုင် ၃ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားသည်။
 

Pages

Subscribe to Eleven Media Group RSS