ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် Miss Global 2015 ရွေးချယ်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ထက်ထက်ရည်အောင် ပါဝင်ယှဉ်ပြိုင်မည်


ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပမည့်  Miss Global 2015  ရွေးချယ်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ထက်ထက်ရည်အောင် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
 

AFC ၏ ကွင်းပိတ်ပြစ်ဒဏ်ကြောင့် လာမည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ၏ အဖွင့်ပွဲစဉ်ဖြစ်သည့် ဘရူနိုင်းအသင်းနှင့်ပွဲကို ပရိသတ်မပါဘဲ ယှဉ်ပြိုင်ကစားရမည်

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ၌ ပရိသတ်များ၏  အလွန်အကြူးအားပေးမှုကြောင့် ဆိုင်းငံ့ကွင်းပိတ်တစ်ပွဲ ချမှတ်ထားရာ လာမည့် ၂၀၁၆ အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် သက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ ယင်းအတွက်ကြောင့် အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် အဖွင့်ပွဲစဉ်အဖြစ် ကစားရမည့် ဘရူနိုင်းအသင်းနှင့်ပွဲစဉ်ကို  ပရိသတ်မပါဘဲ ကစားရမည်ဖြစ်သည်။ 
 

မားစ်ကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးကို ထောက်ပံ့ရန် တောင်ကိုရီးယားအစိုးရက ဒေါ်လာ ဘီလျံ ၂၀ သုံးမည်

စားသုံးသူသုံးစွဲမှု ကျဆင်းခြင်းနှင့် မားစ်ကြောင့် ထိခိုက်နေသော တောင်ကိုရီးယား စီးပွားရေးကို ထောက်မကူညီရန်အတွက် ဒေါ်လာဘီလျံ ၂၀ သုံးစွဲမည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ဇူလိုင် ၃ ရက်တွင် သဘောတူခဲ့သည်။ 
 

မက္ကဆီကိုပင်လယ်ကွေ့ ရေနံဖိတ်လျှံမှုနှင့် ပတ်သက်၍ ဘီပီကုမ္ပဏီ စံချိန်တင်လျော်ကြေး ဒေါ်လာ ၁၈ ဒသမ ၇ ဘီလျံ ပေးရမည်

၂၀၁၀ ပြည့်နှစ်က ဖြစ်ပွားခဲ့သော မက္ကဆီကိုပင်လယ်ကွေ့ ရေနံဖိတ်လျှံကျမှုနှင့် ပတ်သက်၍ အမေရိကန်အစိုးရနှင့် ပြည်နယ် ငါးခုကို စံချိန်တင်လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၇ ဘီလျံ ပေးရန်အတွက် သဘောတူလိုက်ကြောင်း ဗြိတိန်စွမ်းအင်ကုမ္ပဏီကြီးဖြစ်သော ဘီပီက ဇူလိုင် ၂ ရက် တွင် ပြောကြားခဲ့သည်။
 

သရုပ်ဆောင်ကြေး အများဆုံးရ အနုပညာရှင်စာရင်း၌ ဂျက်ကီချန်း နံပါတ် နှစ်နေရာ၌ ရပ်တည်

သရုပ်ဆောင်ကြေး အများဆုံးရသည့် အနုပညာရှင်စာရင်း၌ ဟောလိဝုဒ်သရုပ်ဆောင် ရောဘတ်ဒေါင်းနင်းဂျူနီယာပြီးလျှင် အာရှသရုပ်ဆောင် ဂျက်ကီချန်းသည် နံပါတ် နှစ်နေရာ၌ ရပ်တည်ခဲ့သည်ဟု  Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့သည်။
 

မြန်မာနိုင်ငံ၌ ငါးနှစ်အောက်ကလေး သေဆုံးမှုမြင့်မားနေပြီး တစ်နာရီလျှင် ကလေးရှစ်ဦးနှုန်းခန့် သေဆုံးနေ


မြန်မာနိုင်ငံ၏ ငါးနှစ်အောက်ကလေး သေဆုံးမှုသည် အကြမ်းအားဖြင့် တစ်နှစ်အ တွင်း ၆၅၀၀၀ နီးပါးသေဆုံးပြီး တစ်နာရီလျှင် ကလေးရှစ်ဦးနှုန်းခန့် သေဆုံးနေသည်ဟု ဇူလိုင် ၃ ရက်က မကွေးမြို့၌ ကျင်းပသည့် မိခင်နှင့်ကလေးသေဆုံးမှုကျဆင်းရေး အရှိန် အဟုန်မြှင့်လုပ်ငန်း စတင်ခြင်း အခမ်းအနားတွင် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

အာရှနိုင်ငံများမှ ခွဲစိတ်ဆရာဝန်များပါဝင်သည့် Smile Asia အဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများကို ရန်ကုန်ဆေးရုံကြီးတွင် ဇူလိုင် ၅ ရက်မှစ၍ အခမဲ့ ကုသပေးမည်

အာရှနိုင်ငံများမှ မျက်နှာ၊ မေးရိုးခွဲစိတ် အထူးကုဆရာဝန်များပါဝင်သည့် Smile Asia  အဖွဲ့မှ  နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင်  ၅ ရက် မှ၁၂ ရက်အထိ အခမဲ့လာရောက် ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်ငွေကွာဟမှု (Income Gap)

လုပ်ခ (Wage) လစာ (Salary) ၊ ၀င်ငွေ  (Income) တို့၏ သဘောသဘာဝသည် မတူညီပေ။ လုပ်ခနှင့်လစာတို့သည် ပုံသေ (Fixed) ၊ ပုံမှန် (Regular) ၊ သဘောပိုမိုဆောင်၍ ၀င်ငွေသည် ၀င်ငွေဖြစ်တည်ပုံအခြေအနေ  (Income Generation) အပေါ်တွင် ပိုမိုမူတည်ပေသည်။
 

လှိုင်းမိုက်

မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် လူနေအိမ်များနှင့် လယ်ယာများ ရေနစ်မြုပ်ခဲ့ရသည့် သတင်းများအား ဆက်ကာဆက်ကာ ဖတ်နေရသည်။ အနောက်တောင်မုတ်သုံလေ ပိုမိုအားကောင်းလာမှုကြောင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်းအပါအ၀င် အောက်ပိုင်းဒေသတွင်သာမကဘဲ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တို့တွင်လည်း မိုးသည်းထန်၍ ရေကြီးရေလျှံခြင်း ဖြစ်ပွားခဲ့သည်။
 
များမကြာသေးမီက စာရေးသူ၏  “မိုးကို ဘယ်သူတားမည်နည်း”ဟူသော ဆောင်းပါးတစ်ပုဒ်ကို The Daily Eleven က ၁၉-၆-၂၀၁၅ နေ့က ဖော်ပြပေးခဲ့ပြီ။ 
 

Melatonin မီလတိုနင် The Sleep Hormone အိပ်ပျော်ဟော်မုန်း

လူအတော်များများ အိပ်ပျော်မှု အထောက်အကူဖြစ်ရန် မီလတိုနင်ကို အိပ်ဆေးအစား သောက်ကြသည်။ သို့သော် အမှန်တကယ် ဤဆေးအစွမ်းထက်ပါရဲ့လား...။ အောက်ပါအချက်များကိုကြည့်ပါ။
မီလတိုနင်ဆိုတာ ဘာလဲ ? 
 
 

Pages

Subscribe to Eleven Media Group RSS