1
2
3
4
5
6
7
previouspauseresumenext

Latest News

Politics

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုအပေါ် ကြားဝင်ညှိနှိုင်း ဆောင်ရ

တပ်မတော်နှင့် AA အဖွဲ့တို့ အကြား တိုက်ပွဲများ အမြန်ဆုံး ရပ်စဲရန်နှင့် AA အဖွဲ့ကို နိုင်ငံရေး ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စု အစိုးရအ

Business

မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ ရေးထိုးထားသည့် MoU အရ အင်ဒိုနီးရှားနိုင်ငံသို့ မြန်မာ့ဆန် တင်ပို့ရာတွင် ဆန်တန်ဖိုးကို ငွေလွှဲစာတမ်းမှ ထုတ်ယူနိုင်ရန

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဦးစားပေး ကဏ္ဍများအဖြစ် လုပ်သား ဦးစားပေး စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး အခြေခံ စက်မှုလုပ်ငန်းများနှ

Local

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သော “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့သည့် အမျိုးသားဒီမိုက
တောင်ဒဂုံမြို့နယ် မိုးညှင်းသိင်္ဂီဘုန်းကြီးကျောင်းအနီး ၁၇ ရပ်ကွက်တွင် မေ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က အမျိုးသားတစ်ဦးကို ယာဉ်တစ်စီးနှင့် အုပ်စုဖွဲ

International

အယ်ကေးဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကို အမေရိကန်အထူးတပ်ဖွဲ့ဝင်များက သတ်ဖြတ်နိုင်မှု ငါးနှစ်ပြည့်မတိုင်မီ စီအိုင်အေအကြီးအကဲက IS ခေါင်းဆောင်ကို ဖမ်းဆ
အီရတ်တွင် ဆန္ဒပြသူများသည် ဧပြီ ၃၀ ရက်က မကြုံစဖူး လုံခြုံရေးစည်း ချိုးဖောက်မှုအဖြစ် မြို့တော်ဘဂ္ဂဒက်ရှိ လုံခြုံရေးထူထပ်သော နေရာကို ချိုးဖျက်ပြီး အီရတ

Sports

ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာအကြီးဆုံး မန်ယူအသင်းနဲ့ လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းတို့ဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လက်စတာနဲ့ စပါးအသင်းတို့ကို အိမ်က

ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဦးဆောင်နေပြီး ချန်ပီယံဆုရရှိရန် နီးစပ်နေပြီဖြစ်သည့် လက်စတာစီးတီးနည်းပြ ရာနီရေးရီသည် လက်ကျန်ပွဲစဉ်များ၌ အမှားအယွင်းမရှိခ

Crime

အရှေ့ပိုင်းတက္ကသိုလ် ၀င်းအတွင်း နေ့ခင်းကြောင်တောင် ဓားထောက် ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယက်သွားသည့် အမျိုးသမီးအား မေ ၁ ရက်အထိ ဖမ်းဆီးရမိခြင်း မ

မြန်မာနိုင်ငံ တောင်ဘက်စွန်း၊ ကော့သောင်းမြို့ တစ်ဘက်ကမ်းရှိ ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ဧပြီ ၃၀ ရက်နေ့ နံနက် (ဒေသစံတော်ချိန်) ၆ နာရီ ၃၀ မိနစ် အချ

ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေးများသို့ လေ့လာသူအဖြစ် စတင်တက်ရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များအပါအ၀င် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ ဇန်န၀ါရီ ၂၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများသို့ လေ့လာသူအဖြစ် စတင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ လာရောက်လေ့လာရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များလည်း တက်ရောက်လေ့လာခဲ့ကြသည်။

“၀” လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် သွားရောက် တွေ့ဆုံခဲ့သည့် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေဖြင့် ခရီးစဉ်နှင့် ပတ်သက်၍ ကြိုတင်တင်ပြခြင်း မရှိသည့်အပေါ် အရေးယူခံရနိုင်ကြောင်း သိရ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သော “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေး အနေဖြင့် ခရီးစဉ်နှင့် ပတ်သက်၍ ကြိုတင်တင်ပြခြင်း မရှိသည့်အပေါ် ပါတီနှင့် လွှတ်တော်ထံသို့ အစီရင်ခံစာ တင်သွင်းရပြီး ပါတီစည်းကမ်းများအရလည်း အရေးယူခံရနိုင်ကြောင်း ဦးစိုးဌေး၏ ပြောကြားချက်အရ သိရသည်။
 

ယာဉ်တစ်စီးနှင့် အုပ်စုဖွဲ့ကာ တောင်ဒဂုံမြို့နယ် ၁၇ ရပ်ကွက်တွင် လာရောက် စွန့်ပစ်ခဲ့သည့် အမျိုးသားတစ်ဦး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး

တောင်ဒဂုံမြို့နယ် မိုးညှင်းသိင်္ဂီဘုန်းကြီးကျောင်းအနီး ၁၇ ရပ်ကွက်တွင် မေ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က အမျိုးသားတစ်ဦးကို ယာဉ်တစ်စီးနှင့် အုပ်စုဖွဲ့ကာ လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားခဲ့သည့် နေရာအနီးရှိ မျက်မြင်သက်သေများ၏ ပြောပြချက်အရ သိရသည်။
 
ထို့နောက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အဆိုပါ အမျိုးသားအား အရေးပေါ်လူနာတင်ယာဉ်ဖြင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယင်းသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း တောင်ဒဂုံမြို့မရဲစခန်းမှ သိရသည်။
 

မြန်မာနိုင်ငံ ဒေသအနှံ့အပြား အပူရှိန် ဆက်တိုက်မြင့်တက်နေပြီး သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ဆက်လက်ဖြစ်ပေါ်နေ

မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် အပူရှိန်မြင့်တက်မှုနှင့်အတူ သောက်သုံးရေ ရှားပါးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး အချို့ဒေသများသည် မိုးမရွာပါက မေလ တတိယပတ်တွင် ရေပြတ်တောက်မှုများ ကြုံတွေ့လာနိုင်သည်ဟု သိရသည်။
 
■ လပွတ္တာမြို့တွင် အပူရှိန်များ ဆက်တိုက်မြင့်တက်နေပြီး မြို့ပေါ်ရှိ သောက်သုံးရေကန်များ ရေနည်းပါးလာ
 
လပွတ္တာမြို့နယ်အတွင်း အပူရှိန်များ ဆက်တိုက် မြင့်တက်နေသောကြောင့် ကျေးရွာအများစုတွင် သောက်သုံးရေ ရှားပါးမှုကို ဆက်တိုက် ကြုံတွေ့နေရကာ မြို့ပေါ်ရှိ သောက်သုံးရေကန်များတွင်ပါ ရေနည်းပါးလာနေကြောင်း သတင်းရရှိသည်။

မူဆယ်မြို့ နှစ်နိုင်ငံ နယ်စပ်မှတ်တိုင်အနီးတွင် တရုတ်နိုင်ငံသား လေးဦးထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် မူဆယ်မြို့နှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံနယ်စပ် မှတ်တိုင်အမှတ် (၈၃) နှင့် (၈၄-၂) ကြား ရဲစခန်းအနောက်မြောက်ဘက် တစ်မိုင်ခန့် အကွာ ကိုင်းတောအနီးတွင် မေ ၂ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က မသင်္ကာဖွယ် လူတစ်စု ရောက်ရှိနေကြောင်း  နှစ်နိုင်ငံဝင်/ထွက်ဂိတ် တစ်ခုဖြစ်သည့် ဆင်ဖြူဂိတ်အနီးတွင် နယ်မြေသတင်းရယူနေသည့် နယ်ထိန်းရဲ ဒုတပ်ကြပ် အောင်ကိုဝင်း၏ သတင်းပေးပို့ချက်အရမူ ဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းနှင့် ဦးစီးအဖွဲ့၊ မြို့မပြည်သူ့စစ်အဖွဲ့တို့မှ သွားရောက်ကြည့်ရှု ရှင်းလင်းခဲ့ရာ တရုတ်နိုင်ငံသား လေးဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည

Pages