ပလက်ဖောင်း

(၁)
 
မြို့မရောက်ခင်ကတော့ ပလက်ဖောင်းဆိုသည်ကို မမြင်ဖူး၊ မကြားဖူးသေး။ မြို့ရောက်ပြီးကာမှ ပလက်ဖောင်းဆိုသော ထိုအရာကို မြင်ဖူး၊ ကြားဖူးရခြင်းဖြစ်သည်။ နောက်ပြီး “ပလက်ဖောင်း” က မြန်မာစကားလုံး မဟုတ်၊ အင်္ဂလိပ်စကားလုံးဖြစ်၏ဆိုသည်ကိုပါ သိလာရသည်။ ရွာတွေမှာတော့ ပလက်ဖောင်းဆိုသောထိုအရာက ရှိမှမရှိသည်ကိုး။ သို့သော်ငြား “ယာခင်းနံဘေးက ကန်သင်းရိုး နှင့် ကားလမ်းနံဘေးက ပလက်ဖောင်းတို့ သဘောသဘာဝခြင်း ခပ်ဆင်ဆင်” ဟုတော့ စိတ်ထဲတွေးမိခဲ့ဖူးသည်။ ထိုအဆိုကိုတော့ဖြင့် မြို့ကြီးသားတွေက သဘောတူချင်မှ တူပါလိမ့်မည်။
 

မိုးရွာတိုင်း အစဉ်အလာမပျက် ရေနစ်နေတဲ့ မြို့တော်ရန်ကုန်

 ယခုနှစ် အယ်လ်နီညိုရာသီဥတုရဲ့ အစပျိုးနိမိတ်ကြောင့်များလား မသိ။ ရန်ကုန်မှာ တော်တော်ပူသည်။ မြန်မာပြည်အနှံ့မှာလည်း တော်တော်ပူသည်။ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုကလည်း အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ စံချိန်ကိုတောင် ကျော်လွန်ခဲ့သည်။  အပူဒဏ်ကြောင့် ကျွန်တော်တို့အားလုံး မိုးကို မျှော်ခဲ့ကြသည်။ သို့ပေမဲ့ မိုးက သင်္ကြန်လက်ဆေးမိုးတောင် မရွာခဲ့။ တန်ခူး ကဆုန် စွေ့စွေ့ခုန်တဲ့။ ကျွန်တော်တို့ စွေ့စွေ့ခုန်ရုံတင်မက လူးလှိမ့်နေခဲ့ကြရသည်။ လူတိုင်းရဲ့နှုတ်ဖျားကလည်း ပူလိုက်တာ၊ ပူလိုက်တာလို့ ညည်းညူခဲ့ကြရသည်။ ယခင်က မေလဆန်းဆိုလျှင် မိုးရွာသွန်းနေကျဖြ

တစ်ခုသော နိုင်ငံရပ်ခြား တက္ကသိုလ်သမဂ္ဂရွေးကောက်ပွဲလေး


အခုတလောကျောင်းသတင်းစာကို စိတ်ဝင်တစား ကြည့်နေမိလေရဲ့။ ကျောင်းသတင်းစာဆိုတာက ကိုယ့်အလုပ်လုပ်ခဲ့ရာ မြောက်အီလီနွိုင်းတက္ကသိုလ်က ကျောင်းသားသတင်းစာ။ နာမည်က အင်္ဂလိပ်လို  ။ မြန်မာလိုဆိုရင် ဓူဝံ။
 

မြန်မာနှင့် ယူကရိန်းတို့ ဂိုးမရှိသရေရလဒ်ဖြင့် ပထမပိုင်းအဆုံးသတ်

မြန်မာအသင်းသည် အမေရိကန်အသင်းနှင့်ပွဲမှ လူစာရင်းအတိုင်း အပြောင်းအလဲမရှိ ပွဲထွက်လာခဲ့ပြီး အမှားအယွင်း နည်းနည်းဖြင့် ကစားသွားနိုင်ခဲ့သည်။ ယူကရိန်းအသင်းက ပွဲချိန်အစောပိုင်းတွင် အသာစီးယူ ကစားသွားနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကစားအားကျသွားသည့်ပုံစံမျိုး မြင်တွေ့ခဲ့ရသည်။ မြန်မာအသင်းအတွက် အောင်သူ အကောင်းဆုံးပုံစံဖြင့် ကစားနိုင်ခဲ့သော်လည်း တိုက်စစ်မှူး သန်းပိုင်မှာမူ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် မြန်မာအသင်း တိုက်စစ် အားနည်းချက်အချို့ ရှိခဲ့ပြီး ပြိုင်ဘက်ဂိုးဧရိယာအတွင်းသို့ ထ

ယူကရိန်း ယူ ၂၀ အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် မြန်မာ ယူ ၂၀ အသင်း လူစာရင်းထုတ်ပြန်

မြန်မာစံတော်ချိန် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ယူကရိန်း ယူ ၂၀ အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် မြန်မာ ယူ ၂၀ အသင်း လူစာရင်းကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြည့်စုံခြင်းမရှိဘဲ ခေတ်နောက်ကျနေသည့် ဥပဒေများ ရှိနေဆဲဖြစ်ပြီး အဓမ္မမြေယာသိမ်းဆည်းမှုများမှာ စိုးရိမ်ဖွယ် အနေအထားတွင် ရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြ

မြန်မာနိုင်ငံတွင် ပြည့်စုံခြင်းမရှိဘဲ ခေတ်နောက်ကျနေသည့် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ တည်ရှိနေသေးကြောင်းနှင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့် သေချာသတ်မှတ်နိုင်ခြင်း မရှိသည့်အပြင် အဓမ္မမြေယာသိမ်းဆည်းမှုများသည်လည်း စိုးရိမ်ဖွယ် အနေအထားတွင် ရှိနေသေးကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

စည်ပင်က တူးဖော်နေသည့် ရေမြောင်းနံဘေးရှိ တိုက်နံရံပြိုကျမှု ပုဇွန်တောင်မြို့နယ်၌ ဖြစ်ပွား

ပုဇွန်တောင်မြို့နယ်တွင် စည်ပင်သာယာမှ ရေမြောင်းတူးဖော်ရေးလုပ်ငန်း လုပ်ဆောင်နေသည့် မြောင်းနံဘေးရှိ တိုက်နံရံပြိုကျမှု ဇွန် ၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ် (၉) ရပ်ကွက် မဉ္ဇူ လမ်းတွင် စည်ပင်သာယာမှ ရေမြောင်းတူးဖော်ရေးလုပ်ငန်း လုပ်ဆောင်နေခြင်းဖြစ်ပြီး ဇွန် ၁ ရက် နံနက် ၂ နာရီခွဲခန့်က အဆိုပါ တူးဖော်ရေး လုပ်ဆောင်နေသည့် မြောင်းနံဘေးရှိ အိမ်အမှတ် (၁၅) နှစ်ထပ်တိုက်ခံအိမ်၏ နံရံမှာမြောင်းအတွင်းသို့ ပြိုကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြကျွန်းသာအတွင်း စီးပွားဖြစ် အဆောက်အအုံ တည်ဆောက်မှုများ ဆက်လက်လုပ်ကိုင်လျက်ရှိ၊ ရေပြင်ကို တိုးချဲ့မြေဖို့မှု မရှိဘဲ စည်းကမ်းနှင့်အညီ တည်ဆောက်ခြင်းဟု စည်ပင်တာဝန်ရှိသူ ပြောကြား

နိုင်ငံတော်မှ ကျပ်ဘီလျံပေါင်း ၃၀၀ ကျော်အထိ နစ်နာသွားမည့် မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း စီးပွားဖြစ် အဆောက်အအုံ တည်ဆောက်နေသည့် စီမံကိန်းများ ရပ်နားခြင်းမရှိဘဲ ဆက်လက်တည်ဆောက်လျက်ရှိကြောင်း သတင်းရရှိသည်။

၂၀၁၅ ခုနှစ် အခွန်အကောက် ဥပဒေအရ အခွန်နှုန်းထား လျှော့ချထားသော်လည်း ကျောက်မျက်လုပ်ငန်းရှင်များ ၂၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်

၂၀၁၅ ခုနှစ် အခွန်အကောက် ဥပဒေအရ အခွန်နှုန်းထားကို လျှော့ချလိုက်သော်လည်း ကျောက်မျက်လုပ်ငန်းရှင်များ အနေဖြင့် ရတနာခွန် ၁၀ ရာခိုင်နှုန်းနှင့် အရိုင်းတုံး ဆိုပါက ကုန်သွယ်လုပ်ငန်းခွန် ၁၅ ရာခိုင်နှုန်း၊ စုစုပေါင်း ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။

ကျပ် ၇၀၀၀၀ ခန့်သာရှိသော သစ်ဖြတ်စက်များ တရုတ်ဘက်မှ အလွယ်တကူ ၀င်ရောက်နေခြင်းကြောင့် သစ်ခိုးထုတ်သူများလာဟု သိရ

ကျပ် ၇၀၀၀၀ ခန့်သာရှိသော သစ်ဖြတ်စက် (ချိန်းဆော) အများအပြား တရုတ်နိုင်ငံမှ ၀င်ရောက်နေမှုကြောင့် သစ်ခိုးထုတ်သူ များလာသည်ဟု သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောကြားသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက “နှစ်သက်တမ်း ၄၀ လောက်ရှိတဲ့ သစ်တစ်ပင်ကို အလွန်ဆုံး ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက်ပဲ ကြာတယ်။ အဲဒီစက်တွေကို အလွယ်တကူ ရရှိနေတာက အန္တရာယ်ရှိနေတယ်” ဟု ပြောကြားသည်။

သစ်ခိုးထုတ်သူများကို တွေ့ရှိသော်လည်း လိုက်လံဖမ်းဆီးရာတွင် ခုတ်လက်စ သစ်ပင်များနှင့် ချိန်းဆောများကိုသာ ဖမ်းဆီးရမိခဲ့သည့် အခြေအနေများနှင့် ကြုံတွေ့နေရသည်ဟု ဦးဇော်ဝင်းက ဆက်လက်ပြောကြားသည်။

Pages

Subscribe to Eleven Media Group RSS