ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း၌ မြန်မာ-ထိုင်း နှစ်နိုင်ငံအပြင် ဂျပန်နိုင်ငံ ပါဝင်လာမည့် MOI အား မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးတွင် လက်မှတ်ရေးထိုး

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများတွင် ဂျပန်နိုင်ငံ ပါဝင်လာမည့် Momorandum of Intent (MOI) အား မဲခေါင်-ဂျပန် ထိပ်သီးအစည်းအ၀းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သတင်းရရှိသည်။

ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌသည် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း လုပ်ငန်းများတွင် ဂျပန်နိုင်ငံ ပါဝင်လာမည့် Momorandum of Intent (MOI) အား လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်ယူဆောင်သွားခဲ့ပြီး မြန်မာ-လက်ရှိကျင်းပနေသည့် မဲခေါင်-ဂျပန်ထိပ်သီး အစည်းအဝေး ကျင်းပနေသည့် ဇူလိုင်  ၄ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။

အာဏာရှင်နိုင်ငံငယ်မှ လီကွမ်ယု ဆန့်ကျင်ရေးသမား ဆယ်ကျော်သက်

သွားလေသူ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုကို အွန်လိုင်းပေါ်ကနေ တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်ပြီး အစိုးရက ဆယ်ကျော်သက် ကောင်ကလေးကို ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး စင်ကာပူ ပညာတတ်တွေ၊ အနုပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဇူလိုင် ၄ ရက်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

ကမ်းခြေတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် တူနီးရှားနိုင်ငံတွင် အရေးပေါ် အခြေအနေ ကြေညာ

တူနီးရှားနိုင်ငံ ကမ်းခြေတွင် ပြီးခဲ့သည့် သီတင်းပတ်က လူ ၃၈ ဦး သေဆုံးခဲ့ရသည့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဘီဂျီကိတ်အာဆီဘီသည် ဇူလိုင် ၄ ရက်တွင် နိုင်ငံထဲ၌ အရေးပေါ် အခြေအနေ ကြေညာလိုက်သည်။ ယင်းတိုက်ခိုက်မှုကို IS တို့က ၎င်းတို့လက်ချက် ဖြစ်သည်ဟု ၀န်ခံထားသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မြောက်အာဖရိကနိုင်ငံ တူနီးရှားမှ ခရီးသည် အစုလိုက် အပြုံလိုက် ထွက်ခွာသွားခဲ့ကြဖွယ် ရှိသည်။ အယ်ကန်တာ အူယီဆိပ်ကမ်းတွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ချိန်က ထိုနေရာ၌ လုံခြုံရေးများ စီစဉ်ပေးထားခြင်း မရှိဘဲ ရဲများကလည်း တုံ့ပြန်ဆောင်ရွက်မှု အလွန်နှေးကွေးခဲ့ကြောင်းကို အစိုးရက ၀န်ခံခဲ့သည်။

ပဋိပက္ခဆီ မရောက်ဖို့ ပြေလည်မှုဆီ ချဉ်းကပ်ရမည့်ကျပ် ၃၆၀၀ ၀ိရောဓိ

လုပ်ခလစာနှင့် ပတ်သက်၍ အလုပ်သမားများ ၂၀၁၄ ခုနှစ် မေ ၁ ရက်က ဆန္ဒပြကြစဉ် (ဓာတ်ပုံ-ကြည်နိုင်)(အပေါ်)၊ တစ်ရက်ကျပ် ၃၆၀၀ သတ်မှတ်ပါက စက်တင်ဘာတွင် စက်ရုံပိတ်သိမ်း၍ အိမ်ပြန်ကြမည်ဖြစ်ကြောင်း လက်ထောင်ပြနေသည့် အထည်ချုပ် လုပ်ငန်းရှင်များကို ဇူလိုင် ၂ ရက်က တွေ့ရစဉ် (အောက်)

တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ပါက စက်တင်ဘာတွင် စက်ရုံပိတ်သိမ်း၍ အိမ်ပြန်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များ လက်ထောင်ဆန္ဒပြုနေစဉ်

လပွတ္တာမြို့နယ် အတွင်းရှိ နေထိုင်စရာ အတည်တကျ မရှိသေးသော နာဂစ်ဒုက္ခသည်များ မဲစာရင်းများ ကြည့်ရှုပြုပြင်ရန် အခက်အခဲများ ဖြစ်ပေါ်

လပွတ္တာမြို့နယ် အတွင်းရှိ ကျေးရွာ ၁၃ ရွာတွင် နေထိုင်နေရသည့် နေထိုင်စရာ အတည်တကျ မရှိသေးသော နာဂစ်ဒုက္ခသည်များနှင့် သုံးမိုင်မြို့သစ်တွင် ၀င်ရောက်နေထိုင်နေသည့် နာဂစ်ဒုက္ခသည်များ၏ မဲစာရင်းများ ကြည့်ရှုပြုပြင်ရန်အတွက် အခက်အခဲ ဖြစ်ပေါ်လျှက်ရှိကြောင်း သတင်းရရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးလျက်ရှိသော်လည်း ပြင်ဆင်နိုင်ရန် မျှော်လင့်ချက် နည်းပါးပြီး ပြင်ဆင်နိုင်ခြင်း မရှိပါက ငြိမ်းချမ်းရေးဆွေးနွေးမှု ပျက်ပြားသွားမည်ကို စိုးရိမ်ကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးလျက် ရှိသော်လည်း ပြင်ဆင်နိုင်ရန် မျှော်လင့်ချက် နည်းပါးကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောကြားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)နှင့် စပ်လျဉ်း၍ ဇူလိုင် ၃၀ ရက်မှစ၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးလျက်ရှိရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှာ လက်ရှိအချိန်အထိ ဆွေးနွေးမှုများတွင် ပြင်ဆင်ချက်များကို လက်မခံဘဲ မူလအတိုင်း ထားရှိရန်သာ ဆွေးနွေးလျက်ရှိသည်။

မြန်မာ့ဆက်သွယ်ရေး၏ ဖုန်းဆက်သွယ်ပြောဆိုခများ ဆွေသဟာ အစီအစဉ်တွင် တစ်မိနစ် ၂၃ ကျပ်အထိ ဇူလိုင် ၈ ရက်မှ စတင်လျှော့ချမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖုန်းဆက်သွယ် ပြောဆိုခများကို ဇူလိုင် ၈ ရက်မှ စတင်၍ တစ်မိနစ်လျှင် ၂၃ ကျပ်အထိ MPT ၏ ဆွေသဟာ အစီအစဉ်တွင် လျှော့ချသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ တက္ကသိုလ်ဝင်တန်း မအောင်မြင်သည့် ကျောင်းသားကျောင်းသူများအား ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအားပေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ တက္ကသိုလ်ဝင်တန်း မအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ ၇၀ ကျော်ကို ဇူလိုင် ၄ ရက်က ကော့မှူးမြို့နယ်ရှိ Ho-spitality and Catering Training Academy(HCTA) ဟိုတယ်လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းကျောင်း၌ တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပြီး ကျောင်းသားများ၏ ပညာရေးအတွက် အကူအညီပေးမှု လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲတွင် ပါဝင်သည့် ကျောင်းသားကျောင်းသူများ၏ ပြောကြားချက်အရ သိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အခမဲ့သင်ကြားပေးသည့် ဟိုတယ်လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းကျောင်းသို့ ယခုနှစ် လျှောက်ထားသူ ၁၈၀ ကျော်အနက် ၁၂၀ ခန့် ရွေးချယ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ စတင်ဖွင့်လှစ်ခဲ့သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်း အခမဲ့ သင်ကြားပေးနေသည့် Hospitality and Catering Training Academy (HCTA) ဟိုတယ်လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းကျောင်းသို့ ယခု ၂၀၁၅ ခုနှစ် သင်တန်းကာလအတွက် လျှောက်ထားသူ ၁၈၀ ကျော်အနက် ၁၂၀ ခန့် ရွေးချယ်သွားမည်ဖြစ်ကြောင်း အဆိုပါ သင်တန်းကျောင်းမှ သိရသည်။

စင်ကာပူနှင့် မလေးရှားသို့ ဖရဲသီးတင်ပို့ရန် စာချုပ်ချုပ်ဆိုမှု ယခုလကုန် ပြုလုပ်မည်

ဇွန်လမှစ၍ တရုတ်နိုင်ငံသို့ ဖရဲသီး တင်ပို့မှုကို ရပ်ဆိုင်းထားသော်လည်း ယခုလကုန်ပိုင်းတွင် စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ ဖရဲသီးတင်ပို့ရန် စာချုပ်ချုပ်ဆိုမှု ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဖရဲသခွားအစုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဆိုသည်။    

“ပြီးခဲ့တဲ့ ငါးလပိုင်းကုန်ကတည်းက တရုတ်နိုင်ငံကို ဖရဲသီးတင်ပို့မှု ရပ်ထားတာပါ။ တရုတ်နိုင်ငံမှာ ဖရဲသီးပေါ်ချိန်ဆိုတော့ တင်ပို့မှုကို ရပ်ဆိုင်းထားတာပါ။ ဒါပေမဲ့ ဒီလကုန်ပိုင်းမှာ စင်ကာပူ၊ မလေးရှားနိုင်ငံကို တင်ပို့ဖို့ ခြောက်လ စာချုပ်ချုပ်မှာပါ” ဟု ၎င်းက ဆိုသည်။

Pages

Subscribe to Eleven Media Group RSS