ပိတောက်နှင့်အတူ

လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
 
ဘာလိုလိုနဲ့ တန်ခူးလရောက် ပြန်လေဦးတော့မယ်။ တန်ခူးလို့ ဆိုလိုက်တာနဲ့ ကိုယ့်စိတ်ထဲ ပိတောက်တွေကိုပဲ ပြေးမြင်မိတယ်။
 

ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းနှင့် တိုင်းရင်းသားလူမျိုးစု ပြဿနာ

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် တိုင်းရင်းသားလူမျိုးစု ပြဿနာသည် ကာလရှည်ကြာ စိန်ခေါ်မှုကြီးဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တပ်မတော်နေ့မိန့်ခွန်းတွင် တိုင်းရင်းသားလူမျိုးစုများ အရေးကို အလေးပေး ပြောကြားခဲ့ခြင်းသည် လက်ငင်းမြန်မာ့နိုင်ငံရေး၌ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့၏ ဗျူဟာမြောက် ဆက်စပ်မှုကို အလေးထားသည့်သဘောဟု ကောက်ချက်ပြုနိုင်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် တိုင်းရင်းသားလူမျိုးစု ပြဿနာ ကို ယုံကြည်မှုနှင့် နားလည်မှု တည်ဆောက်ရေးဘက်မှ မားမားမတ်မတ် ရပ်တည်လျက်၊ ပွင့်လင်းမြင်သာမှုရှိရှိ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ

မတ်လအတွင်း ဒုတိယအကြိမ်အဖြစ် မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် ရေနည်းမှတ်အောက် တစ်ပေကျော် ကျဆင်း

ယခုနှစ် ရေနည်းချိန် မတ်လအတွင်း မန္တလေးမြို့ ဧရာဝတီမြစ်ရေသည် ဒုတိယအကြိမ် ရေနည်းသတိပေးမှတ်အောက် တစ်ပေကျော် ကျဆင်းသွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မန္တလေး)မှ သိရသည်။

မန္တလေးမြို့ ဧရာဝတီမြစ် ရေနည်းသတိပေးမှတ်မှာ ၃၆၀ စင်တီမီတာဖြစ်ပြီး မတ် ၂၄ ရက်တွင် ၃၁၈ စင်တီမီတာအထိ ကျဆင်းခဲ့ကာ မတ် ၂၆ ရက်နှင့် ၂၇ ရက်များတွင် မြစ်ရေအနည်းငယ် မြင့်တက်ခဲ့သော်လည်း မတ် ၂၈ ရက်တွင် တိုင်းထွာချက်များအရ  ၃၁၈ စင်တီမီတာအထိ ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။

ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှု ကန့်ကွက်ရှုတ်ချပွဲ အင်အား ၂၀၀ ခန့်ဖြင့် မုံရွာ၌ ပြုလုပ်

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက် ဆန္ဒပြနေကြသော ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားများ ရန်ကုန်သို့ဝင်ရန်လာစဉ် ရဲတပ်ဖွဲ့မှ တားဆီးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့မှုကို ကန့်ကွက်ရှုတ်ချသည့် အနေဖြင့် ဆန္ဒထုတ်ဖော်မှုအား လူအင်အား ၂၀၀ ခန့်ဖြင့် မတ် ၂၉ ရက် နံနက် ၉ နာရီတွင် မုံရွာမြို့၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာအသင်း ဟောင်ကောင်ကို အနိုင်ယူကာ နှစ်ပွဲဆက် အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်ချက် ပိုကောင်းလာ

တရုတ်(တိုင်ပေ)တွင် ကျင်းပလျက်ရှိသည့် အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု(စ) ဒုတိယနေ့ပွဲစဉ်များကို မတ် ၂၉ ရက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ဟောင်ကောင်အသင်းကို (၂- ၁)ဂိုးဖြင့် အနိုင်ရရှိပြီး နှစ်ပွဲဆက် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် ဦးဆောင်ဂိုး ပေးခဲ့ရသလို တစ်ယောက် အထုတ်ခံခဲ့ရသော်လည်း ဒုတိယပိုင်း၌ နှစ်ဂိုးပြန်သွင်းကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

Pages

Subscribe to Eleven Media Group RSS