ဘာခေတ်လဲ

ကျွန်တော်တို့သည် ယနေ့ခေတ်ထဲတွင် ရုန်းကန်ဖြတ်သန်းနေကြရသည်။ ‘ခေတ်’ ဆိုသော ဝေါဟာရကို မြန်မာအဘိဓာန်တွင် နယ်ပယ်အပိုင်းအခြားဟု အဓိပ္ပာယ်တစ်ခု ဖွင့်ဆိုသလို တစ်စုံတစ်ခုသော အဖြစ်အပျက် အခြေအနေအရ သတ်မှတ်သည့် ကာလအပိုင်းအခြား (ဥပမာ-ဂျပန်ခေတ်) နှင့် ‘ကာလ၊ အခါ’ ဟု အဓိပ္ပာယ်ဖွင့်ဆိုချက်များလည်း ရှိပါသည်။ ကြိယာအချို့ နာမ်အချို့တို့နှင့်တွဲကာ ခေတ်နောက်ကျ၊ ခေတ်နှောင်း၊ ခေတ်ကောင်း၊ ခေတ်ပျက်၊ ခေတ်ဆိုး စသည်ဖြင့် ဝေါဟာရများလည်း သူ့အဓိပ္ပာယ်နှင့်သူ ရှိကြသည်။ ကျွန်တော်တို့ ရုန်းကန်ဖြတ်သန်းနေကြရသော ယနေ့ခေတ်ကို ဘာခေတ်ဟု အမည်တပ်ကြမည်နည်း။ ကျွန်တော်တို့၏ ဆရာ့ဆရာများတော့ ခေတ်သမိုင်းဟူသည် လူတို့၏သမိုင်းပဲဟု မျက်စိဖွင့်ထားပေ

လမ်းကြောင်းရွေးချယ်တတ်ပါစေ

အလုပ်တစ်ခုခုကို လုပ်ဆောင်တော့မယ်ဆိုရင် ဘာကိုပဲလုပ်လုပ် သေချာစနစ်တကျ ပြင်ဆင်ပြီး ဆောင်ရွက်မယ်ဆိုရင် အဆင်ပြေမှုတွေ ရရှိနိုင်မှာ မလွဲပါဘူး။ ကြီးမားတဲ့ လုပ်ငန်းတွေ မဆိုထားနဲ့ အသေးအဖွဲ လုပ်ဆောင်မှုလေးတွေပဲ ဖြစ်နေပါစေ စည်းစနစ်တကျနဲ့ ကြိုတင်ပြင်ဆင်မှုတွေရှိဖို့ လိုပါလိမ့်မယ်။ အဲ့ဒီလို ပြင်ဆင်ရာမှာလည်း ကိုယ်လုပ်မယ့်အလုပ်နဲ့ ပတ်သက်ပြီး လမ်းကြောင်းတစ်ခုကို သေချာရွေးချယ်ချမှတ်ဖို့ လိုမယ်ထင်ပါတယ်။ ဒါကလည်း ကိုယ်ရွေးချယ်လိုက်တဲ့ လမ်းကြောင်းပေါ်မှာ ကြုံတွေ့လာရမယ့် အကောင်းအဆိုးတွေ အားလုံးဟာ ကိုယ်နဲ့သက်ဆိုင်ပြီး ကိုယ်တိုင်ဖြေရှင်း ရင်ဆိုင်ရမှာတွေ ဖြစ်နေလို့ပါပဲ။

တော်ဝင်နှင်းဆီအမှု၌ သားဖွားမီးယပ်ဆရာဝန်မကြီးနှင့် တံတားဦးလေဆိပ်တာဝန်ခံတို့အား မေ ၅ ရက်တွင် သက်သေထွက်ဆိုရန် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းမရှိသဖြင့် မေ ၁၄ ရက်သို့ ထပ်မံချိန်းဆိုထား

တော်ဝင်နှင်းဆီ၌ တရုတ်နိုင်ငံသားများ တရားမ၀င်ဆေးကုသမှုတွင် တော်ဝင်နှင်းဆီဆေးရုံမှာ ပူးပေါင်းပါဝင် အကျိုးတူဆောင်ရွက်မှုများရှိခဲ့သည်ဟု မန္တလေးဆေးရုံကြီးမှ မှုခင်းဆရာဝန်ကြီး ဒေါက်တာသောင်းလင်းက ဧပြီ ၂၉ ရက်က ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ထွက်ဆိုခဲ့သည်။  ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ်ဆရာဝန်မကြီး ဒေါက်တာမြသီတာနှင့် တံတားဦးလေဆိပ်တာဝန်ခံ ဦးထူးအောင်အား မေ ၅ ရက် တွင် သက်သေထွက်ဆိုရန် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းရှိသဖြင့် မေ ၁၄ ရက် သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။ 
 

မေလ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

အနိမ့်ဆုံးလုပ်ခ သတ်မှတ်ခြင်းနှင့် ပတ်သက်၍ 
 
 
အနိမ့်ဆုံးလုပ်ခဟူသည် အလုပ်ရှင်က အလုပ်သမားများအား နေ့စဉ် သို့မဟုတ် လစဉ် ဥပဒေအရ အနည်းဆုံးပေးချေရမည့် လုပ်အားခဖြစ်သည်။ အလုပ်သမားများအနေဖြင့်လည်း ၎င်းတို့လုပ်အားအတွက် ရယူရမည့် အနည်းဆုံး လုပ်ခငွေဖြစ်သည်။ အနိမ့်ဆုံးလုပ်ခ ဥပဒေများကို နိုင်ငံများစွာတို့၌ သတ်မှတ်ထားသော်လည်း အနိမ့်ဆုံးလုပ်ခ သတ်မှတ်ခြင်းနှင့် ပတ်သက်သည့် အကျိုးနှင့်အပြစ်များအပေါ် ထင်မြင်ချက်အမျိုးမျိုးဖြင့် ငြင်းခုံနေကြဆဲဖြစ်သည်။ 
 

အံဒင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအား ရေးမြို့နယ် ဒေသခံ ၆၀၀၀ ကျော် ကန့်ကွက်ဆန္ဒထုတ်ဖော်

မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာ ဖာလိန်ဒေသတွင် တည်ဆောင်ရန်စီစဉ်နေသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအား ဒေသခံများက ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ဟော ပြောပွဲကို ဧပြီ ၅ ရက် နံနက် ၇ နာရီက အဆိုပါကျေးရွာရှိ ကျေးရွာဘောလုံးကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 

လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရသည့် အမျိုးသားနှစ်ဦးအလောင်းအား အင်းတကော်မြို့ရွှေပြည်ဆည်သွားရာ ကားလမ်းနံဘေးတွင် လာရောက်စွန့်ပစ်မှု ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့တွင် လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရသည့် အမည်မသိ အမျိုးသားနှစ်ဦးအလောင်းကို လာရောက်စွန့်ပစ်မှု မေ ၅ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။
 
အသတ်ခံထားရသည့် အမျိုးသားနှစ်ဦးမှာ အသက် ၄၀ ၀န်းကျင်ခန့်ရှိပြီး ၎င်းတို့ကို ပရိုဘောက်ယာဉ်အဖြူရောင်ဖြင့် လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ပြီး မန္တလေး-ရန်ကုန် ကားလမ်းမအတိုင်း ရန်ကုန်ဘက်သို့ ထွက်ပြေးသွားကြောင်း မျက်မြင်တွေ့ရှိရသူ၏ ထွက်ဆိုချက်ကို ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
 

“၀” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ခေါင်းဆောင် ဦးပေါက်ယူချမ်းနှင့် မီဒီယာများ အင်တာဗျူး


“၀” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) စစ်သေနာပတိချုပ် ဦးပေါက်ယူချမ်းနှင့် ပန်ဆန်း(ပန်းခမ်း) ထိပ်သီးအစည်းအဝေးသို့ သတင်းလာရောက်ရယူသည့် မီဒီယာသမားများ မေ ၄ ရက် ညနေပိုင်းက ပန်ဆန်းမြို့ရှိ အစည်းအဝေးကျင်းပရာနေရာ၌ တွေ့ဆုံခဲ့ပြီး ဦးပေါက်ယူချမ်းက သတင်းမီဒီယာများ၏ မေးမြန်းချက်များကို UWSP/UWSA ဗဟိုရုံး အတွင်းရေးမှူး ဦးအောင်မြင့်၏ ဘာသာပြန်ဖြေကြားမှုမှတစ်ဆင့် ပြန်လည်ဖြေကြားခဲ့သည်များကို ဖော်ပြပါသည်။
 
 
“၀” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ခေါင်းဆောင် ဦးပေါက်ယူချမ်းနှင့် မီဒီယာများ အင်တာဗျူး
 
 

ဖမ်းဆီးခံထားရသည့် ကျောင်းသားများနှင့် ၀န်းရံပြည်သူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် ရမည်းသင်းမြို့တွင် လက်ပတ်ဖြူလှုပ်ရှားမှုပြုလုပ်

ဒီမိုကရေစီပညာရေးအတွက် မန္တလေးမှရန်ကုန်သို့ လမ်းလျှောက်ချီတက်ကာ ဆန္ဒပြတောင်းဆိုခဲ့သည့် ဒီမိုကရေစီပညာရေးပင်မစစ်ကြောင်းမှ ကျောင်းသားကျောင်းသူများနှင့် ၀န်းရံသူစုစုပေါင်း ၇၀ ကို ပြန်လည်လွှတ်ပေးရန်အတွက် ရမည်းသင်းမြို့၌ မေ ၅ ရက် နံနက်ပိုင်းတွင် လက်ပတ်ဖြူလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်အထိ နေ့အပူချိန်မြင့်တက်နေပြီး မန္တလေးဆေးရုံကြီးသို့ အပူလွန်ကဲ၍ ရောက်ရှိလာသောလူနာများရှိလာ

မန္တလေးမြို့တွင် မေလဆန်းပိုင်းမှစတင်ကာ နေ့အပူချိန်များ သိသာစွာမြင့်တက်လျက်ရှိပြီး လက်ရှိတွင် မန္တလေးမြို့ နေ့အပူချိန်မှာ ၄၃ ဒီဂရီစင်တီဂရိတ်အထိရှိလာရာ မန္တလေးဆေးရုံကြီးသို့ အပူလွန်ကဲ၍ ရောက်ရှိလာသော လူနာရှိလာကြောင်း သိရသည်။

မန္တလေးမြို့နေ့အပူချိန်များမှာ မေလတစ်ရက်နေ့မှစတင်၍ သိသာစွာမြင့်တက်လာပြီး ယခုရက်ပိုင်းအတွင်း နေ့အပူချိန်မှာ မေ ၄ ရက်တွင် ၄၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ကြောင်း မေ ၅ ရက်တွင် ၄၂ ဒသမ  ၅ ဒီဂရီစင်တီဂရိတ်ရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် ၀န်ကြီးဌာနသုံးစွဲငွေ၏ ၂၅ ရာခိုင်နှုန်းနှင့် ကုသရေးဦးစီးဌာနအတွက် ၀န်ကြီးဌာနသုံးစွဲငွေ၏ ၆၆ ရာခိုင်နှုန်းကျော်သုံးစွဲမည်

ကျန်းမာရေးဝန်ကြီးဌာနတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနများကို ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ၀န်ကြီးဌာနတစ်ခုလုံး သုံးစွဲငွေ၏ ၂၅ ရာခိုင်နှုန်း၊ ကုသရေးဦးစီးဌာနမှ ၆၆ ရာခိုင်နှုန်းကျော် သုံးစွဲသွားမည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက မေ ၄ ရက်တွင် မီဒီယာများအား ပြောကြားသည်။

Pages

Subscribe to Eleven Media Group RSS