Eleven Media Group ၏ နှစ်ပတ်လည် အခမ်းအနားတွင် ပြသခဲ့သော Eleven Media Group ၏ ၁၅ နှစ်တာဖြတ်သန်းမှု မှတ်တမ်းရုပ်ရှင်

ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်မလာရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးလည်း ဖြစ်မလာနိုင်ဘူး

ပြီးခဲ့တဲ့ တစ်ပတ်ကစပြီး လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုတွေကြောင့် ပြည်သူများ လိုလားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အခြေအနေတွေဟာ တစ်ခန်းရပ်၊ အလုံပိတ် အနေအထားမျိုး ဖြစ်သွားရပါတယ်။

အဲဒီမှာပဲ တကယ်လို့သာ ပြည်သူလိုလားနေတဲ့ ပြင်သင့်ပြင်ထိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုတွေကို လွှတ်တော်တွင်းမှာ မလုပ်နိုင်ရင် ဘာတွေဆက်ဖြစ်လာမလဲ၊ မဖြစ်မနေ ပြင်သင့်တာတွေကို လွှတ်တော်ပြင်ပကနေ ပြင်ဖို့ ကြိုးစားလာကြမယ် ဆိုရင် ဘာတွေ ဖြစ်လာတော့မလဲ စတဲ့ မေးခွန်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။

EMG '၁၅' နှစ်ပြည့် အခမ်းအနားတွင် Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် ပြောကြားခဲ့သော အမှတ်တရစကား

အာရှမှာ အာရှနွေဦးဟာ သီရိလကာင်္က အစခဲ့ပြီဆိုတာ သတိပြုရပါတယ်။ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ မကြာခင်မှာ အာရှနွေဦးရဲ့ ဂယက်ရိုက်လို့ လာပါလိမ့်မယ်။ အာရှနွေဦးဟာ အာရပ်နွေဦးလိုတော့ ပြင်းထန်မှာ မဟုတ်ဘဲနဲ့ ညင်ညင်သာသာ ပြောင်းလဲသွားပါလိမ့်မယ်။ ဒီညင်ညင်သာသာ ပြောင်းလဲမှုဟာ ရွေးကောက်ပွဲကတစ်ဆင့် မိမိလိုလားတဲ့ အစိုးရကို ပြောင်းလဲနိုင်တယ် ဆိုတာကို သီရိလကာင်္မှာ ပထမသက်သေပြခဲ့ပါတယ်။ ဒီလိုမဟုတ်ပဲ မပြောင်းလဲပဲ နေခဲ့ရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နှစ်ပေါင်း ၆၇ နှစ် ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့နိုင်ငံမှာ ဘယ်လိုအခြေအနေမျိုးတွေ ဖြစ်မလဲဆိုတာကို မှန်းဆတွက်ကြည့်လ

ရတနာပုံ-ရန်ကုန်ပွဲတွင် ပရိသတ်များ၏ အလွန်အကြူး အားပေးမှုများ ရှိခဲ့ပြီး လုံခြုံရေးနှင့် ကွင်းအတွင်း အကာအရံများ၏ အားနည်းမှုကြောင့် အရာဝတ္ထုများ အလွယ်တကူ ၀င်ရောက်

ဇူလိုင် ၅ ရက်က မန္တလေးမြို့ရှိ ဗထူးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၁၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ရတနာပုံ-ရန်ကုန် ပွဲစဉ်တွင် ပရိသတ်များ၏ အလွန်အကြူး အားပေးမှုများ ရှိခဲ့ကြောင်း သိရသည်။ ယင်းပွဲတွင် ကွင်းတွင်းလုံခြုံရေး အားနည်းမှုများ ရှိခဲ့သည့်အပြင် ကွင်းအတွင်း၌ ကာရံထားသည့် ပိုက်ကွန်များမှာလည်း ပျက်စီးမှုများ ရှိနေသောကြောင့် အရာဝတ္ထုများမှာ အလွယ်တကူ ၀င်ရောက်ခဲ့ကြောင်း သိရသည်။

အာဟာရ ချို့တဲ့ခြင်းကြောင့် နိုင်ဂျာတွင် ကလေးငယ်များ ကြောက်မက်ဖွယ် ရောဂါတစ်မျိုး ဖြစ်ပွား

မော့ဂျာအမည်ရှိ ၁၃ နှစ်အရွယ် မိန်းကလေးသည် နှာခေါင်းတစ်ခြမ်း၊ နှုတ်ခမ်းတစ်ခြမ်းနှင့် အပေါ်သွားဖုံး မရှိတော့ဘဲ ဆိုးဆိုးရွားရွား ရုပ်ပျက်လျက်ရှိသည်။ သူသည် အာဟာရ ချို့တဲ့ခြင်းကြောင့် ဖြစ်ပွားသည့် Noma အမည်ရှိ ရောဂါကို ခံစားခဲ့ရခြင်းဖြစ်သည်။

မော့ဂျာသည် အာဟာရ ချို့တဲ့ခြင်းကြောင့် ပိုးပေါင်းစုံ ၀င်ခဲ့ပြီး သွားဖုံးရောင်ကာ သွေးထွက်ခြင်း စတင်ဖြစ်ပေါ်ခဲ့သည်။ ယင်းနောက် သုံးရက်အတွင်း တစ်သျှူးများ လျင်မြန်စွာ ပျက်စီးခဲ့ခြင်းဖြစ်သည်။

သြစတြေးလျတွင် သွားဆေးခန်းပြခဲ့သူ လူနာ ၁၁,၀၀၀ HIV ပိုး ကူးစက်ခံရမည်ကို စိုးရိမ်နေရ

သြစတြေးလျနိုင်ငံတွင် သွားဆေးခန်းပြခဲ့သည့် လူနာပေါင်း ၁၁,၀၀၀ အထိသည် HIV ပိုး ကူးစက်ခံရနိုင်ဖွယ် ရှိခဲ့သောကြောင့် ၎င်းတို့အား စစ်ဆေးမှုများ ပြုလုပ်ပေးရန် ဇူလိုင် ၂ ရက်တွင် ဆရာဝန်များကို တောင်းဆိုခဲ့သည်။ ဆစ်ဒနီရှိ ဆေးခန်းများတွင် သန့်ရှင်းရေး စည်းမျဉ်းများကို ချိုးဖောက်ခဲ့သောကြောင့် HIV နှင့် အသည်းရောင်ရောဂါပိုးများ ကူးစက်ခံရနိုင်သည်ဟု စိုးရိမ်နေကြသည်။

မြန်မာဘာသာဖြင့် ရေးသားထားသော မိုဘိုင်းဆိုရှယ် မီဒီယာ MySquar ၏ ရှယ်ယာများ လန်ဒန်စတော့အိတ်ချိန်းတွင် ရောင်းချမှု ပြီးစီး

မြန်မာဘာသာဖြင့် ရေးသားထားသော မိုဘိုင်းဆိုရှယ် မီဒီယာတစ်ခု ဖြစ်သည့် MySquar ၏ ရှယ်ယာများကို လန်ဒန်စတော့အိတ်ချိန်းတွင် စတင်ရောင်းချမှု ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

MySquar က လန်ဒန်စတော့အိတ်ချိန်းရှိ ဖွံ့ဖြိုးဆဲ ကုမ္ပဏီငယ်များအတွက် နိုင်ငံတကာ ဈေးကွက်ဖြစ်သော Alternative Investment Market (AIM) တွင် ၎င်း၏ ရှယ်ယာများကိုတင်ကာ ရောင်းချမှု ပြီးစီးသွားပြီဖြစ်ပြီး ရှယ်ယာအသစ်ပေါင်း ၁၆၇၇၆၈၀၀ ကို ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ရှယ်ယာအသစ်များ ရောင်းချခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများထံမှ ဒေါ်လာ ၂ ဒသမ ၆၁ သန်း ရရှိခဲ့သည်ဟု ဆိုသည်။

ယခုနှစ် ခြောက်လအတွင်း ပြည်တွင်း၌ လူကုန်ကူးခံရသူ ၂၁၁ ဦး ရှိလာပြီး ၂၀၁၄ ခုနှစ် နှစ်ဝက်ကျော်ကာလ လူကုန်ကူးခံရမှု ပမာဏထက် နှစ်ဆကျော် ပိုများ

၂၀၁၅ ခုနှစ် ဇန်န၀ါရီမှ ဇွန်အတွင်း ပြည်တွင်း၌ လူကုန်ကူးခံရသူ ဦးရေ ၂၁၁ ဦးအထိ ရှိလာခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဇွန်အထိ လူကုန်ကူးခံရသူ ဦးရေ ပမာဏထက် နှစ်ဆကျော် ပိုများလာခဲ့ကြောင်း ဇူလိုင် ၅ ရက်တွင် မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဌာနချုပ်မှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ လူကုန်ကူးခံရသူ ဦးရေမှာ ၂၀၁၄ ခုနှစ် နှစ်ဝက်ကာလအတွင်း ၉၇ ဦးသာ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်ဝက်ကာလ၌ နှစ်ဆကျော် ပမာဏဖြစ်သည့် ၂၁၁ ဦးအထိ ပိုမိုများပြားလာခဲ့ခြင်းဖြစ်ကာ လူကုန်ကူးခံရသူ အများစုမှာ တရုတ်မယားအဖြစ် အများဆုံး အရောင်းခံနေရကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ မဲစာရင်းနှင့် ပတ်သက်၍ နေပြည်တော်၌ ဆွေးနွေးညှိနှိုင်းမည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် ဇူလိုင် ၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ၍ မဲစာရင်းနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် NLD ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးထွန်းထွန်းဟိန်၊ ဦးဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့်တို့ ပါဝင်မည်ဖြစ်ကြောင်း NLD ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်သူ ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ကျောင်းသားများကို အစိုးရက ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေသည့် ကြားမှပင် 7 July အခမ်းအနား သမဂ္ဂမြက်ခင်းပြင်၌ ပြုလုပ်မည်

ကျောင်းသားများကို အစိုးရက ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေသည့် ကြားကပင် တကသများက ဦးဆောင်ပြီး ဆဲဗင်းဇူလိုင် အခမ်းအနားကို သမဂ္ဂမြက်ခင်းပြင်၌ ပြုလုပ်သွားမည်ဟု တကသ ကျောင်းသားများထံမှ သိရသည်။

Pages

Subscribe to Eleven Media Group RSS