ယူနီဖောင်းဝတ် ဗိုလ်ကြီးအယောင်ဆောင်သူက သေနတ်ဖြင့် ခြိမ်းခြောက်ကာ ကားအရောင်းစင်တာရှိ ယာဉ်အား လုယက်မှု မရမ်းကုန်းမြို့နယ်တွင် ဖြစ်ပွား

ယူနီဖောင်းဝတ် ဗိုလ်ကြီးအယောင်ဆောင်သူတစ်ဦး သေနတ်ဖြင့် ခြိမ်းခြောက်ကာ ကားအရောင်းစင်တာရှိ ယာဉ်အား လုယက်မောင်းနှင်မှု ဧပြီ ၁၈ ရက် ညဦးပိုင်းက မရမ်းကုန်းမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မင်္ဂလာဒုံမြို့နယ်၌ ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ရပ်ကွက်အတွင်းရှိ ဆံပင်ညှပ်ဆိုင်အား ၀င်တိုက်ရာ ကိုးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန်စွာ ဒဏ်ရာရ

မင်္ဂလာဒုံမြို့နယ်၌ ၅၁ ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ရပ်ကွက်အတွင်းရှိ လမ်းဘေးဆံပင်ညှပ်ဆိုင်အား ၀င်တိုက်မှုဖြစ်ပွားခဲ့ရာ ကိုးနှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး သုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိမှု ဧပြီ ၂၀ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆူးလေမှ မင်္ဂလာဒုံပြေးဆွဲ သော ၅၁ ခရီးသည်တင်ယာဉ်သည် ဘရိတ်ပေါက်ပြီး ပေါက်ကုန်းရပ်ကွက် အတွင်းသို့ အရှိန်ဖြင့် ရောက်ရှိလာပြီး အပိုင်း ၅ ခုံးတံတားအဆင်း သုခိတာလမ်း အရောက်၌ စက်ဘီးတစ်စီးအား အရှိန်ဖြင့်ဝင်တိုက်ကာ ထပ်မံလမ်းဘေးရှိ အေးမေတ္တာ ဆံပင်ညှပ်ဆိုင်အား ၀င်တိုက်ခဲ့ကြောင်း သိရသည်။

အလုပ်သမားများ အကြမ်းဖက်ဖမ်းဆီးခံရမှု နှစ်လပြည့်နေ့တွင် အကြမ်းဖက် ဖမ်းဆီးခံရသည့် အလုပ်သမားများ၏ မိသားစုဝင်များက ဆူးလေစေတီတော်၌ ဆုတောင်းပွဲ ပြုလုပ်

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က အလုပ်သမားများ အကြမ်းဖက်ဖမ်းဆီးခံခဲ့ရမှုနှင့် ပတ်သက်၍ နှစ်လပြည့်သည့်နေ့ဖြစ်သည့် ၂၀၁၅ ခုနှစ် ဧပြီ ၂၀ ရက်တွင် အကြမ်းဖက် ဖမ်းဆီးခံရသည့် အလုပ်သမားများ၏ မိသားစုဝင်များက ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် ဆူးလေစေတီတော်၌ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆုတောင်းပွဲကို ဖယောင်းတိုင်၊ အမွှေးတိုင်များထွန်းကာ ဆူးလေစေတီတော် တနင်္ဂနွေထောင့်၌ ပြုလုပ်ခဲ့ပြီး ယင်းဆုတောင်းပွဲတွင် ဖမ်းဆီးခံ အလုပ်သမားနှစ်ဦး၏ သမီးနှစ်ဦးအပါအ၀င် ဖမ်းဆီးခံရသူများ၏ မိသားစုဝင် ၁၆ ဦးက ပါဝင်ဆုတောင်းခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံကျောင်းသားများနှင့် ပြည်သူများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ဗကသကျောင်းသားများ သွေးဆေးကန်တွင် ဇီဝိတဒါန ငါးလွှတ်ကုသိုလ်ပြု

သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ၀န်းရံပြည်သူများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ဗကသကျောင်းသားများက သွေးဆေးကန်တွင် ဇီဝိတဒါန ငါးလွှတ်ကာ ကုသိုလ်ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဇိဝိတဒါနငါးလွှတ်မှုကို ရွှေတိဂုံဘုရား မြောက်ဘက်မုခ်ရှိ သွေးဆေးကန်၌ ဧပြီ ၂၀ ရက် ညနေ ၄ နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လှော်ကားငါးသားပေါက်ရေး စခန်းမှ ငါးအကောင်ရေ တစ်ထောင်ကျော်ကို ဘေးမဲ့လွှတ်ပေး ခဲ့ကြခြင်းဖြစ်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခအတွင်း ဒေါ်ခင်ဝင်း သေဆုံးမှုကို ဆားလင်းကြီးမြို့မရဲစခန်းက လူသတ်မှုဖြင့် အမှုပြန်ဖွင့်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ခြံစည်းရိုးခတ်ရာမှ မြေပိုင်ရှင်ဒေသ ခံများနှင့်ပဋိပက္ခ ဖြစ်ပွားရာတွင် ရဲတပ်ဖွဲ့မှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည် မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်းသေဆုံးခဲ့မှုကို လူသတ်မှုအဖြစ် ဆားလင်းကြီးမြို့နယ် ရဲစခန်းက ပြင်ဆင်အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

၂၀၁၆ ခုနှစ်တွင် ပုဂံဒေသဖွံ့ဖြိုးစေရေး ညဈေးတန်းဖွင့်လှစ်ရန် ရှေးဟောင်းသုတေသနဌာနနှင့် ညှိနှိုင်းနေ

လာမည့် ၂၀၁၆ ခုနှစ်တွင် ပုဂံဒေသဖွံ့ဖြိုးစေရန် ညဈေးတန်းအတွက် မြေနေရာ တိုင်းတာမှုများကို သက်ဆိုင်ရာ ခရိုင်ဥက္ကဋ္ဌသို့ တင်ပြထားပြီး ရှေးဟောင်းသုတေသနဌာနနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ပုဂံ) မှ ဥက္ကဋ္ဌ ဦးတင့်ဆွေက ပြောကြားသည်။

ထို့ပြင် ပုဂံဒေသ၌ ညဈေးတန်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည့်အပြင် ဧပြီလနောက်ပိုင်း၌ နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း အရည်အသွေးပြည့်မီသည့် စားသောက်ဆိုင်များကိုလည်း ဖွင့်လှစ်သွားရန်ရှိကြောင်း သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သေတ္တာတင် သင်္ဘော ၅၀၀ ကျော်ဖြင့် ပို့ကုန် ကုန်သေတ္တာ သုံးသိန်းကျော်တင်ပို့

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ ရန်ကုန် ဆိပ်ကမ်းသို့ ကုန်သေတ္တာတင် သင်္ဘောစင်းရေ ၅၀၀ ကျော်ဖြင့် ပို့ကုန်ကုန်သေတ္တာ အလုံးရေ ၃၀၀၀၀၀ ကျော် သယ်ဆောင်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော သတင်းအချက်လက်များအရ သိရသည်။

ဧပြီလ ၂၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

မီးနှင့် ရေ

မီးနှင့် ရေသည် လူသားများအတွက် “သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး” ဟူသော ဆိုရိုးကဲ့သို့ပင် မဖြစ်မနေ လိုအပ်သော အရာများဖြစ်သလို အချိန်မရွေး ဘေးအန္တရာယ် ဖြစ်စေနိုင်သော အရာများလည်း ဖြစ်သည်။

ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ လယ်ယာမဲ့များအတွက် လယ်ယာမြေဖော်ထုတ်ရန် ကျပ်သန်း ၅၀၀ နှင့် အိမ်ရာစီမံကိန်း ဖော်ဆောင်ရန် ကျပ်သန်း ၂၀၀၀၀ ပြည်ထောင်စုအစိုးရ၏ ထောက်ပံ့ငွေ ရရှိ

ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်ယာမဲ့များအတွက် လယ်ယာမြေဖော်ထုတ်ရန် ကျပ်သန်း ၅၀၀ နှင့် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် ကျပ်သန်း ၂၀၀၀၀ အား ပြည်ထောင်စုအစိုးရအဖွဲ့၏ ထောက်ပံ့ငွေ ရရှိခဲ့ကြောင်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေရသုံး စာရင်းအရ သိရသည်။

တပ်မတော်နှင့် KIA တို့အကြား ဖားကန့်ဒေသတွင် ပစ်ခတ်မှုဖြစ်ပွား

အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့အကြား ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်များတွင် ကချင်ပြည်နယ် ဖားကန့်ဒေသ၊ KIA တပ်ရင်း(၆) တည်ရှိရာ အောင်ဘာလေကျေးရွာ ၀န်းကျင်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

Pages

Subscribe to Eleven Media Group RSS