သတင်းစာဆရာနှင့် သတင်းထောက်

လွန်ခဲ့သော (၇၇ နှစ်) (၂၆-၂-၁၉၃၈) နေ့စွဲဖြင့် သတင်းစာဆိုင်ရာ စာအုပ်တစ်အုပ် ထွက်ရှိလာသည်။ တိုးတက်ရေးဦးစိန် (ဦးပဂျီငို) က အခမဲ့ ထုတ်ဝေလိုက်သည့် သတင်းစာဆရာနှင့် သတင်းထောက်။

နီပေါ၌ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် လူ ၁၄၀၀ ကျော်သေဆုံး

နီပေါနိုင်ငံတွင် အင်အား ၇ ဒသမ ၈ အဆင့်ရှိသည့် အင်အားပြင်းငလျင်တစ်ခု ဧပြီ ၂၅ ရက်က လှုပ်ခတ်သွားခဲ့ရာ မြို့တော် ခတ္တမန္ဒူတွင် အဆောက်အအုံများ၊ မျှော်စင်များ ပြိုကျခဲ့ပြီး ဧ၀ရတ်တောင် အခြေစိုက်စခန်းတွင်လည်း တောင်ပြိုမှုများ ဖြစ်ပွားခဲ့သည်။ ဧပြီ ၂၅ ရက်အထိ သေဆုံးသူ ၁၄၀၀ ကျော်ရှိခဲ့ပြီး နီပေါတွင် နှစ်ပေါင်း ၈၀ ကျော်အတွင်း အဆိုးရွားဆုံးငလျင် ဖြစ်သွားခဲ့သည်။ အိမ်နီးချင်း အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်တို့တွင် လူ ၂၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက်သည် ထပ်မံမြင့်တက်လာဖွယ် ရှိသည်။
 

မလေးရှားနိုင်ငံ ကွာလာလမ်ပူ၌ ပြုလုပ်သည့် အာဆီယံပြည်သူ့ဖိုရမ်အပြီးတွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံမှ ကျောင်းသားများ လွတ်မြောက်ရေး အာဆီယံလူငယ်များ တောင်းဆို

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည့် အာဆီယံပြည်သူ့ဖိုရမ် ၂၀၁၅ သို့ တက်ရောက်သော  မြန်မာနိုင်ငံမှ လူငယ်များနှင့် နိုင်ငံတကာမှ လူငယ်များက သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော ကျောင်းသားကျောင်းသူများ လွှတ်ပေးရေး ဆန္ဒပြတောင်းဆိုမှုကို ဧပြီ ၂၄ ရက် မလေးရှားစံတော်ချိန် ညနေ ၄ နာရီက ပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။
 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန် နိုင်ငံတော်သမ္မတအပေါ် အဓိကမူတည်ပြီး ရွေးကောက်ပွဲမတိုင်မီ ကျန်ကာလအတွင်း အရေးကြီးသည့် ပုဒ်မများကိုသာ ပြင်ဆင်နိုင်မည်ဟု ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပပြေင်ဆင်နိုင်ရန် နိုင်ငံတော်သမ္မတအပေါ် အဓိကမူတည်ပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ကျန်ရှိသည့်ကာလအတွင်း အရေးကြီးသည့် ပုဒ်မများကိုသာ ပြင်ဆင်နိုင်မည်ဟု လွှတ်တော်မှ ဖွဲ့စည်းထားခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။
 

မြန်မာနိုင်ငံတွင် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ လူမျိုးရေး၊ ဘာသာရေးကွဲပြားမှုများကို အမြတ်ထုတ်အသုံးချရန် လက္ခဏာများ တွေ့ရှိလာရကြောင်း ဘန်ကီမွန်း ပြောကြား

မြန်မာနိုင်ငံတွင် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုများကို အမြတ်ထုတ်အသုံးချရန် လက္ခဏာများ တွေ့ရှိလာရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဧပြီ ၂၄ ရက်တွင် ပြောကြားသည်။
 
ထို့ပြင် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအတွက် နိုင်ငံသားဖြစ်ခွင့်အရေး ဖြေရှင်းမှုမပြုလုပ်နိုင်ပါက တည်ငြိမ်အေးချမ်းမှု ရရှိမည်မဟုတ်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆိုသည်။
 

Facebook Account အချို့တွင် ဖော်ပြထားသော ဓာတ်ပုံအရ ကိုးကန့်အဖွဲ့အနေဖြင့် ဖမ်းဆီးထားသော သုံ့ပန်းများနှင့်ပတ်သက်၍ ဂျီနီဗာကွန်ဗင်းရှင်းပါ အချက်များကို ချိုးဖောက်ရာ ရောက်နေ

Facebook Account အချို့တွင် ဖော်ပြထားသော ဓာတ်ပုံအရ ကိုးကန့်အဖွဲ့အနေဖြင့် ဖမ်းဆီးထားသော သုံ့ပန်းများနှင့် ပတ်သက်၍ ဂျီနီဗာကွန်ဗင်းရှင်းပါအချက်များကို ချိုးဖောက်ရာ ရောက်နေကြောင်း သိရသည်။
 
ဖော်ပြထားသော ဓာတ်ပုံတွင်  ဖမ်းဆီးခံ သုံ့ပန်းများ၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသည့် ပုံစံမျိုးဖြင့် ချုပ်နှောင်ထားသည်ကို တွေ့ရသည်။ ယင်းနှင့်ပတ်သက်၍ ကိုးကန့်အဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရခဲ့ပေ။
 

အင်္ဂလန်ရောက် မြန်မာဆရာဝန်တစ်ယောက်၏ အမှုကိစ္စနှင့်ပတ်သက်၍ . . .

(၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို မလေးရှားနိုင်ငံ၌ ယနေ့ စတင်မည်

(၂၆) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲများနှင့် ဆက်စပ်အစည်းအဝေးများကို မလေးရှားနိုင်ငံ၌ ဧပြီ ၂၆ ရက် (ယနေ့) မှ စတင်ပြီး နှစ်ရက်ကြာ ပြုလုပ်သွားမည် ဖြစ်ပါသည်။ 
 

ဧပြီလ ၂၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

တရားမ၀င်ငါးဖမ်းမှုများ နှိမ်နင်းရေး
 
 
တရားမ၀င်ငါးဖမ်းမှုများအား ဟန့်တားမှု တိုးမြှင့်လုပ်ဆောင်ခြင်းမရှိလျှင် ထိုင်းနိုင်ငံမှ ငါးတင်သွင်းမှုများကို ပိတ်ပင်မည်ဟု ခြိမ်းခြောက်ထားသည့်အတိုင်း ဥရောပသမဂ္ဂက လုပ်ဆောင်မည်ဆိုပါက ထိုင်းနိုင်ငံသည် တစ်နှစ်လျှင် ဒေါ်လာ တစ်ဘီလျံနီးပါး ဆုံးရှုံးနိုင်ခြေရှိသည်ဟု ထိုင်းလယ်ယာစိုက်ပျိုးရေးဝန်ကြီး ပီတီပေါင်ဖြူးအန်ဘန်နာယူရာ က ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ တရားမ၀င် ငါးဖမ်းမှုများအားနှိမ်နင်းရန် ပျက်ကွက်မှုအတွက် ဥရောပသမဂ္ဂက ဧပြီ ၂၁ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

အဖော်မဲ့သွားတဲ့အခါ

“လောကကြီးဟာ နှစ်ယောက်ရှိမှ ပျော်စရာကောင်းသတဲ့”။ ကျွန်တော် ငယ်ငယ်ကတည်းက  အဲဒီအဆိုကို ကြားခဲ့ဖူးတယ်။ ဆရာတစ်ယောက်က စာသင်ရင်းနဲ့ ထည့်ပြောသွားခဲ့တဲ့ အဆိုလေးပါ။ ဟုတ်ပါတယ်။ အမြွှာပူးတွေကလွဲရင် လူတော်တော်များများဟာ တစ်ယောက်တည်း လောကကို ခြေစချခဲ့ကြတာပါ။ တစ်ယောက်တည်း ကြာကြာမနေနိုင်တဲ့ ကျွန်တော်တို့တွေ အဖော်မိတ်ဆွေ၊ အပေါင်းအသင်း ရှာချင်လာကြပါတယ်။
 

Pages

Subscribe to Eleven Media Group RSS