“ဝ” ဒေသ ပန်ဆန်းမြို့ (ပန်ခမ်း) ပတ်ဝန်းကျင်ရှိ အင်္ဂလိပ်ခေတ်က ဘိန်းစတင်စိုက်ပျိုးခဲ့သည့် ဒေသအား ခရီးသွားများ လေ့လာလည်ပတ်နိုင်မည့် နေရာအဖြစ် ပြုလုပ်သွားရန် စီစဉ်နေဟုဆို

ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ပတ်သက်သော ထုတ်ပြန်ကြေညာချက်များအား သတင်းမီဒီယာများတွင် ထည့်သွင်းဖော်ပြခြင်း မပြုရန် တပ်မတော် သတိပေး

ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ ထုတ်ပြန်ကြေညာချက်များအား သတင်းမီဒီယာများတွင် ထည့်သွင်းဖော်ပြမှု မရှိစေရေးနှင့် ပတ်သက်၍ မေ ၃ ရက်တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

နီပေါတွင် ငလျင်ကြောင့် သေဆုံးသူ ၇၂၀၀ ကျော်လာချိန်၌ ကြိုးနီစနစ်ကြောင့် အကူအညီရရှိမှု နှေးကွေး

နီပေါနိုင်ငံ၏ အကောက်ခွန်ဦးစီးဌာနမှ အာဏာပိုင်များသည် ငလျင်ဒဏ်သင့် ပြည်သူတို့အတွက် အကူအညီများကို နှေးကွေးစွာ ပေးဝေနေသဖြင့် အလွန်စိုးရိမ်မိသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူက ပြောကြားခဲ့သည်။ တစ်ဘက်တွင်လည်း နီပေါတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြီးကြောင့် သေဆုံးသူဦးရေမှာ မေ ၃ ရက်တွင် ၇၂၀၀ ကျော်သွားပြီဖြစ်သည်။

မြို့တော်ခတ္တမန္ဒူရှိ အပျက်အစီးများအောက်တွင် အသက်ရှင်လျက်ရှိသူများ ထပ်မံရှာဖွေတွေ့ရှိနိုင်မည်ဆိုသည့် မျှော်လင့်ချက်ကို အာဏာပိုင်များက စွန့်လွှတ်လိုက်ကြပြီးနောက် ငလျင်ဒဏ်သင့်ဒေသမှ မိသားစုများထံသို့ အကူအညီများ ပေးဝေရေးကို ဦးတည်လုပ်ဆောင်နေကြသည်။

တာချီလိတ်မြို့တွင် အသတ်ခံရသည့် အမျိုးသမီးအမှုမှ ကျူးလွန်သူအား တစ်လကျော် ကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေး

မြန်မာ-ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အသတ်ခံရသည့် အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ်၏အမှုမှ ကျူးလွန်သူအား တစ်လကျော် ကြာမြင့်သည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မေ ၃ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာ မြို့မရဲစခန်းမှ စုံစမ်းသိရသည်။

ပက်ကီယောင်းကို အမှတ်ဖြင့် အနိုင်ယူပြီး မေ၀ယ်သာ ၄၈ ပွဲဆက် ရှုံးပွဲမရှိစံချိန် ထိန်းသိမ်း WBA (စူပါ)နှင့် WBC ခါးပတ်များ ကာကွယ်နိုင်ခဲ့ပြီး WBO ခါးပတ်ကိုပါ ရယူနိုင်ခဲ့

ရာစုနှစ်၏ အကောင်းဆုံးလက်ဝှေ့ပွဲဟု သတ်မှတ်ခံထားရသည့် အမေရိကန် လက်ဝှေ့သမား ဖလွိုက်မေ၀ယ်သာနှင့် ဖိလစ်ပိုင် လက်ဝှေ့သမား ပက်ကီယောင်းတို့၏ ပွဲစဉ်ကို အမေရိကန်နိုင်ငံ လတ်စ်ဗီးဂတ်စ်မြို့ရှိ MGM Grand Garden Arena ၌ (မြန်မာစံတော်ချိန်) မေ ၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ မေ၀ယ်သာက အမှတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

နီပေါငလျင်နဲ့ ဧ၀ရတ် နည်းပညာ

လွန်ခဲ့တဲ့ သီတင်းပတ်အကုန်က ဧ၀ရတ်တောင်ကနေ ရေခဲတွေပြိုကျတော့ လမ်းညွှန်တွေက Twitter ကနေ အကူအညီတောင်းပြီး ဗီဒီယိုဖိုင်တွေ တင်လိုက်တဲ့အခါ  အလျင်အမြန် ပျံ့နှံ့သွားခဲ့တယ်။ ခြေလျင်တောင်တက်သမားတွေဟာ ကမ္ဘာ့အမြင့်ဆုံးနေရာမှာ Wifi သုံးနိုင်ကြတာကိုး။

လွန်ခဲ့တဲ့ ၆၂ နှစ်တုန်းကတော့ အက်ဒမွန်ဟီလာရီနဲ့ တန်ဇင်းနော်ဂေးတို့ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်ကိုရောက်တော့ နောက်ထပ်လေးရက်ကြာတဲ့အထိ ပြင်ပကမ္ဘာကို သတင်းတွေ မရောက်ခဲ့ဘူး။ တောင်ထိပ်မှာ ဟီလာရီတစ်ယောက် ဘာဓာတ်ပုံမှလည်း မရိုက်ခဲ့ရဘူး။

လျာထားချက်ကျော်လွန်ခြင်း မရှိသော်လည်း မြ၀တီနယ်စပ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် ဒေါ်လာ ၁၈၉ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့

ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု အများဆုံးဖြစ်သော မြ၀တီနယ်စပ် ကုန်သွယ်ရေးမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် လျာထားချက်ကို ကျော်လွန်ခဲ့ခြင်း မရှိသော်လည်း ယခင်နှစ်ကထက် ဒေါ်လာ ၁၈၉ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်သည့် မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ ထီးခီး၊ မောတောင် စသည့် နယ်စပ်များအနက် မြတီနယ်စပ်စခန်းမှ အများဆုံး ဒေါ်လာ ၄၄၇  သန်းကျော် ကုန်သွယ်မှု ပြုနိုင်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်မှုသည် ရှေ့ဆက်သွားရန် အများကြီး လိုသေးကြောင်း ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်မှုသည် ရှေ့ဆက်သွားရန် အများကြီးလိုသေးကြောင်း ၂၀၁၅ ခုနှစ် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အင်းရေညစ်ညမ်းလျက်ရှိသော တောင်သမန်အင်းမှ ငါးထုတ်လုပ်ရောင်းချခြင်း သုံးလခန့် ရပ်နားမည်

ရေဆိုးဝင်ရောက်မှုများကြောင့် အင်းရေညစ်ညမ်းလျက်ရှိသော တောင်သမန်အင်းအတွင်းမှ ငါးဖမ်းယူထုတ်လုပ်ရောင်းချခြင်းအား သုံးလခန့် ရပ်နားမည်ဖြစ်ကြောင်း အင်းသူကြီးထံမှ သိရသည်။

‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့နယ်ရှိ ယခင် ဗကပ ဗဟိုဌာနချုပ်နေရာအား ပြည်ပဧည့်သည်များ အပါအ၀င် ခရီးသွားများ လာရောက်ကြည့်ရှုနိုင်ရန် ပြင်ဆင်မွမ်းမံရန်ရှိ

‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့နယ်ရှိ ယခင် ဗကပ ဗဟိုဌာနချုပ်နေရာအား ပြည်ပဧည့်သည်များ အပါအ၀င် ခရီးသွားများ လာရောက်လည်ပတ် ကြည့်ရှုနိုင်ရန် ပြင်ဆင်မွမ်းမံသွားရန် အစီအစဉ်ရှိကြောင်း ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Pages

Subscribe to Eleven Media Group RSS