လူမွဲတွေက မနှေးခေတ်မီ

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် ပြည်သူလူထု ဘဝင်အတွေ့ဆုံး စကားလုံးမှာ ဆင်းရဲမွဲတေမှုပပျောက်ရေးဟူသည့် သမ္မတကြီး၏ မိန့်ခွန်းပါ စကားလုံးပင် ဖြစ်သည်။ မြန်မာပြည်သူတို့သည် “လူမွဲတွေက မနှေးခေတ်မီ သူဋ္ဌေးဖြစ်တော့မည်” ဟူသည့် ရှေးခေတ်ဟောင်း နဂါးနီသီချင်းကိုပင် ကြားယောင်လာကြမည် ထင်သည်။ သမ္မတကြီး၏ လှိုင်းမဟာဗျူဟာများ ပေါ်ထွက်လာပြီးသည့်နောက်တွင် သမ္မတရုံးတာဝန်ရှိသူတစ်ဦးက ပထမလှိုင်းတွင် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို အမျိုးသားအဆင့်အထိ ဦးစားပေး ဆောင်ရွက်ခဲ့သည်ဟုပင် ရေးသားခဲ့သည်။  နေရာတကာ သူ့ချည်းသာဟူသော စီးပွားရေးအခွင့်အလမ်းသည် အများစုသို့ မျှဝေရောက်ရှိလာစေခဲ့သည်ဟုပင် ပထမလှိုင်း၏ အောင်မြင်စွမ်းဆောင်နိုင်မှုများ

ဒီမိုကရေစီကို မျှော်လင့်နေသူများအတွက်

(၁)

Eleven Media Group Website အား အသုံးပြုခွင့် ပိတ်ပင်ထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ၄င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့မှုနှင့် ပတ်သက်၍ ပြန်ကြားချက်

၁။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်မှ ၄င်း၏ Facebook တွင် Eleven Media Group ၏ Website ဖြစ်သော www.news-eleven.com မှ ၄င်းအား အသုံးပြုခွင့်ပိတ်ပင်ထားကြောင်း မတ်လ ၂၇ ရက်နေ့က ရေးသားဖေါ်ပြခဲ့ပါသည်။

၂။မြန်မာနိုင်ငံတွင် အင်တာနက် Website များအနေဖြင့် Facebook အကောင့်များကဲ့သို့ လူတစ်ဦးချင်းစီကို သီသန့်ပိတ်ပင်၍ မရနိုင်ပါ။ ထို့အတူ မြန်မာနိုင်ငံတွင် မည်သည့် IP ကို မည်သူက အသုံးပြုနေသည်ကို Eleven Media Group အနေဖြင့် မသိနိင်သလို သိခွင့်ရှိသည့် အခွင့်အရေးလည်းမရှိပါ။

လောက်ကိုင်ဒေသတွင် သေနတ်ထိမှန်ခဲ့သူ ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦး မန္တလေးဆေးရုံကြီး၌ ကွယ်လွန်

လောက်ကိုင်ဒေသတွင် သေနတ်ထိမှန်ခဲ့သူ ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးမှာ မန္တလေးဆေးရုံကြီး၌ မတ် ၂၇ ရက်က ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။
 

မပြီးဆုံးသေးသော တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို တပ်မတော်အင်အားစုများ ပူးပေါင်းပါဝင်ခြင်းဖြင့် အောင်မြင်သည်အထိ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုဟု NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားမျိုးနွယ်စုများ၊ ပြည်သူလူထုများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့သော ပြည်သူ့တပ်မတော်အစဉ်အလာကို ဆက်ခံလျက် မပြီးဆုံးသေးသော တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို တပ်မတော်အင်အားစုများ ပူးပေါင်းပါဝင်ခြင်းဖြင့် အောင်မြင်သည်အထိ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ၂ဝ၁၅ ခုနှစ် မတ် ၂၇ ရက်တွင်  ကျရောက်သည့် နှစ် ၇ဝ မြောက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
 

Pages

Subscribe to Eleven Media Group RSS