“အမှိုက်”

(၁)

ဖိလစ်ပိုင်တွင် ကူးတို့သင်္ဘော နစ်မြှုပ်ရာ၌ လူ ၃၆ ဦးခန့် သေဆုံး

ဖိလစ်ပိုင်နိုင်ငံ၌ ဇူလှိုင် ၂ ရက်က ကူး တို့သင်္ဘောတစ်စင်း နစ်မြှုပ်ခဲ့ရာ အနည်းဆုံး လူ ၃၆ ဦးခန့် သေဆုံးထားပြီး ဆေးကုသခံနေရသူများ၊ ပျောက်ဆုံးနေသူများလည်း ရှိနေကြောင်း သိရသည်။

The Kim Nirvana အမည်ရှိ အဆိုပါ ကူးတို့သင်္ဘောသည် ဖိလစ်ပိုင်နိုင်ငံ၏ မြို့တစ်ဖြစ်သော Ormoc မြို့မှ Camotes ကျွန်းသို့ ခရီးသည်များအား ပို့ဆောင်ရာ၌ Ormoc Port မှ တစ်ကီလိုမီတာ (မိုင်ဝက်) အရောက် Leyte ကျွန်း၏ ကမ်းခြေမနီးမဝေးတွင် နစ်မြှုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းခရီးသည် ၁၇၃ ယောက်နှင့် သင်္ဘောဝန်ထမ်း ၁၆ ဦး စီးနင်းလိုက်ပါခဲ့ကြောင်းလည်း သိရသည်။

ရန်ကုန်နှင့် စင်ကာပူ မတူရခြင်း အကြောင်းရင်း

ရန်ကုန်နှင့် စင်ကာပူတို့သည် တစ်နှစ်လျှင် မိုးရေချိန် ၂၄၀၀ မီလီမီတာဝန်းကျင်စီ ရွာသွန်းသောအချက်နှင့် လူဦးရေ ငါးသန်းခွဲခန့်စီရှိကြသော အချက်တို့တွင် တူညီကြသည်။ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်သည် စတုရန်းကီလိုမီတာ ၆၀၀ ခန့်ရှိပြီး စင်ကာပူ၏ ဧရိယာသည် စတုရန်း ကီလိုမီတာ ၇၀၀ ခန့်ရှိသဖြင့် အကျယ်အ၀န်းချင်းလည်း များစွာမကွာခြားလှချေ။

တေးသံရှင် ဟဲလေး၏ ငယ်ဘ၀ဖြတ်သန်းရာ

ယခုတစ်ပတ်အတွက် ငယ်ဘ၀အမှတ်တရ ကဏ္ဍမှာတော့ သူ့ရဲ့သွက်လက်တက်ကြွတဲ့ ဟန်ပန်တွေနဲ့  လိုက်ဖက်စွာ ပျော်စရာသီချင်း အမြူးလေးတွေကို ကိုယ်တိုင်ရေးသား သီဆိုရင်း ပရိသတ်အားပေးမှုကို ရရှိလာခဲ့တဲ့ တေးသံရှင်ဟဲလေးရဲ့ ငယ်ဘ၀ဖြတ်သန်းမှု အမှတ်တရ အကြောင်းများကို ဖော်ပြပေးလိုက်ပါ တယ်။

IS တို့က စုန်းအတတ် စွပ်စွဲချက်ဖြင့် ဆီးရီးယားအမျိုးသမီး နှစ်ဦးကို ပထမဆုံးအကြိမ် ခေါင်းဖြတ်ကွပ်မျက်ခဲ့

IS စစ်သွေးကြွတို့သည် ဆီးရီးယားအ ရှေ့ပိုင်းရှိ ဒီယာအက်ဇော်ပြည်နယ်တွင် စုန်းအတတ်မှု စွပ်စွဲချက်ဖြင့် အမျိုးသမီးနှစ်ဦးကို ခေါင်းဖြတ်ကွပ်မျက်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ကွပ်မျက်မှုသည် IS တို့လက်ထက်တွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့ကြသည်။ ရက်စက်သော ကွပ်မျက်မှုများ၊ လူအစုပြုံလိုက် သတ်ဖြတ်မှုများ ဆောင်ရွက်ခြင်းတို့အတွက် နာမည်ဆိုးဖြင့် ကျော်ကြားလာနေသော IS တို့က အမျိုးသမီးနှစ်ဦးနှင့် ၎င်းတို့၏ ခင်ပွန်းများကို ကွပ်မျက်ခဲ့ကြောင်း လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို စိုးရိမ်နေသောကြောင့် ထိုင်းက တရားမ၀င် ငါးဖမ်းလုပ်ငန်းများကို တိုက်ဖျက်

တစ်နှစ်လျှင် ဒေါ်လာ ၁ ဘီလျံထိ ပို့ကုန်ဝင်ငွေ ရရှိနေသော ထိုင်းငါးဖမ်းလုပ်ငန်းကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူရန် ကြိုးပမ်းမှုများအား ရှောင်ရှားရန်အတွက် ထိုင်းနိုင်ငံက တရားမ၀င် ငါးဖမ်းလုပ်ငန်းများကို နှိမ်နင်းနေပြီ ဖြစ်သည်။

ထိုင်းသည် ကမ္ဘာတွင် တတိယအကြီးဆုံး ပင်လယ်စာ ထုတ်လုပ်သည့်နိုင်ငံ ဖြစ်သည်။ တရားမ၀င် ငါးဖမ်းလုပ်ငန်းကို ထိုင်းက အချိန်လွန်မှ နှိမ်နင်းမှုကြောင့် လိုင်စင်မရှိသော ငါးဖမ်းရေယာဉ်များ ကမ်းကပ်ထားရပြီး ထိုင်းငါးဖမ်းလုပ်ငန်း တုံ့ဆိုင်းသွားမည့် အန္တရာယ်ရှိနေသည်။

ပုဇွန်တောင်မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်များအား ဖောက်ထွင်းခိုးယူသည့် မျက်နှာဖုံးစွပ် ကျူးလွန်သူကို သာကေတမြိုနယ်၌ ဖမ်းဆီးရမိ

ပုဇွန်တောင်မြို့နယ်အတွင်း ရွှေဆိုင် တစ်ဆိုင်မှ ရွှေထည်များအား ဖောက်ထွင်းခိုးယူခဲ့သည့် မျက်နှာဖုံးစွပ် ကျူးလွန်သူကို သာကေတမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး မြင့်ထွေးထံမှ ဇူလိုင် ၁ ရက်တွင် စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့  ဖောက်ထွင်းကျူးလွန်သူမှာ သာကေတမြို့နယ်နေ ဇေလင်းထက် (ခေါ်) ဖားသိုး (၂၀) နှစ်ဆိုသူ ဖြစ်ကြောင်းသိရပြီး ယခင်က ပုဇွန်တောင်မြို့နယ်အတွင်း စည်ပင်နေ့စားဝန်ထမ်း လုပ်ခဲ့ဖူးကာ ခိုးမှုနှစ်ကြိမ် ကျူးလွန်ဖူးသူဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးချက်များ

၃၀-၆-၂၀၁၅ နေ့နှင့် ၁-၇-၂၀၁၅ နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဆွေးနွေးချက်များအား ပြန်လည်ကောက်နုတ် ဖော်ပြအပ်ပါသည်။

■ လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့် (၀က်လက်မဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်းဒေသကြီး)

ဖွဲ့စည်းပုံပြင်ဆင်ရေးအား ကျဉ်းထဲကျပ်ထဲရောက်မှ မပြင်ဆင်ပေးပါက မဖြစ်တော့သည့် အခြေအနေရောက်မှ ပြင်ဆင်ပေးခြင်းထက် ပြင်ဆင်ပေးသင့်သည့် အချိန်တွင် အချိန်ကိုက် ပြင်ဆင်ပေးခြင်းသည် အကျိုးရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဆွေးနွေး

ဖွဲ့စည်းပုံပြင်ဆင်ရေးအား ကျဉ်းထဲကျပ်ထဲရောက်မှ မပြင်ဆင်ပေးပါက မဖြစ်တော့သည့် အခြေအနေရောက်မှ ပြင်ဆင်ပေးခြင်းထက် ပြင်ဆင်ပေးသည့် အချိန်တွင် အချိန်ကိုက် ပြင်ဆင်ပေးခြင်းသည် အကျိုးရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးစံပြည့်က ဇူလိုင် ၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသည်။

လွှတ်တော်ကိုယ်စားလှယ်အား ဖြုတ်ချနိုင်သည့် အခွင့်အာဏာကို ပြည်သူကို ပေးအပ်ထားရန် လိုအပ်ကြောင်းနှင့် တစ်ရာခိုင်နှုန်းအစား ရာခိုင်နှုန်း ၂၀ ပြင်ဆင်ရန် NLD လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

လွှတ်တော်ကိုယ်စားလှယ်အား ဖြုတ်ချနိုင်သည့် အခွင့်အာဏာကို ပြည်သူသို့ ပေးအပ်ထားရန် လိုအပ်ကြောင်းနှင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းအစား ရာခိုင်နှုန်း ၂၀ အဖြစ် ပြင်ဆင်ရန် NLD လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးသည်။

နေပြည်တော်တွင် ဇူလိုင် ၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ) နှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရာတွင် NLD ကိုယ်စားလှယ်က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Pages

Subscribe to Eleven Media Group RSS