အသက် ၈၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးအား နေပြည်တော်စည်ပင်တရားရုံးမှ ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး အသက် ၈၂ နှစ် အရွယ် အဘွားအိုတစ်ဦးအား ပုဒ်မ ၂၇ ဖြင့် ထပ်မံတရားစွဲဆိုထား

နေပြည်တော်ကောင်စီနယ်မြေ သမ္မတ တိုက်ရိုက်အုပ်ချုပ်သည့်နယ်မြေတွင် အသက် ၈၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးအား စည်ပင်ပုဒ် မ ၂၆ ဖြင့် နေပြည်တော်စည်ပင်တရားရုံးမှ တရားသူကြီး ဒေါ်မိမိသန်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး အသက် ၈၂ နှစ်အရွယ် အဘွားအိုတစ်ဦးအား ပုဒ်မ ၂၇ ဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

“မိဘပြည်သူများ”ကို တန်ဖိုးထားသော အစိုးရဆိုလျှင် 
 
“ကျွန်ုပ်တို့သည် တရားမျှတသော လုပ်ဆောင်ချက်များ ဆောင်ရွက်ရင်းသာ တရားမျှတလာကြသည်။ ဆင်ခြင်မှုရှိသော လုပ်ဆောင်ချက်များ ဆောင်ရွက်ရင်းသာ ဆင်ခြင်တုံတရား ရလာကြသည်။  ရဲရင့်သော လုပ်ဆောင်ချက်များ ဆောင်ရွက်ရင်းသာ ရဲရင့်လာကြသည်” 
အရစ္စတိုတယ် (ဂရိတွေးခေါ်ပညာရှင်)
 

မန္တလေးမြို့ရှိ ကြက်ခြံများတွင် ကြက်သေဆုံးမှုများရှိနေပြီး ဓာတ်ခွဲစစ်ဆေးခြင်း မရှိသည့်အတွက် မည်သည့်ရောဂါဖြင့် သေဆုံးကြောင်း မသိရ

မန္တလေးမြို့ရှိ မွေးမြူရေးကြက်ခြံများတွင် ယခုလအတွင်း ကြက်သေဆုံးမှုအချို့ ဖြစ်ပေါ်လျက်ရှိပြီး သေဆုံးသည့်ကြက်များအား ဓာတ်ခွဲစစ်ဆေးခြင်းများ ပြုလုပ်မှုမရှိသေးသည့်အတွက် မည်သည့်ရောဂါဖြင့် သေဆုံးသည်ကို မသိရကြောင်း သိရသည်။
 

ချင်း​ရွှေ​ဟော်​မြို့တွင်​ အ​ခြေ​အ​နေတည်​ငြိမ်​မှု ရှိ​နေသည်​ဟုဆို​သော်​လည်း လက်​ရှိအချိန်​ထိ​ ဒေသခံများမှာ မိမိတို့​နေအိမ်​များသို့ ပြန်​လည်​၀င်ရောက်​​နေထိုင်​ခြင်း မရှိ​သေး

ချင်းရွှေဟော်မြို့တွင် အခြေအနေတည်ငြိမ်မှု ရှိနေသည်ဟုဆိုသော်လည်း လက်ရှိအချိန်ထိ ဒေသခံများမှာ မိမိတို့နေအိမ်များသို့ ပြန်လည်ဝင်ရောက်နေထိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။ 
 
လောက်ကိုင်ဒေသတွင် ကိုးကန့်တိမ်းရှောင်အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် လောက်ကိုင်နှင့် အနီးဆုံးမြို့ဖြစ်သည့် ချင်းရွှေဟော်မြို့ရှိ ဒေသခံများမှာ မိမိတို့နေအိမ်များကို စွန့်ခွာထွက်ပြေးနေပြီး အများစုမှာ တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးနေကြောင်း သိရသည်။
 

ပညာရေးဝန်ထမ်းများအတွက် မအူပင် မြန်မာ့စီးပွားရေးဘဏ်မှ လစာငွေထုတ်ယူရာတွင် ကျပ်ငါးထောင်တန် ငွေစက္ကူအုပ်များအတွင်း စက္ကူဖြူများ ပါဝင်နေဟုဆို

မအူပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအတွက် လစာငွေများကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁ဝ နာရီခန့်တွင် မအူပင်မြို့နယ် ဒုမြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ သွားရောက်ထုတ်ယူရာ ယူဆောင်လာသည့် လစာငွေကျပ် သိန်းနှစ်ထောင်ကျော်အနက် ငါးထောင်ကျပ်တန် ငွေစက္ကူဆယ်ထုတ်တွင် စက္ကူအဖြူများပါ ရောနှောပါဝင်နေသည်ဟု မအူပင်မြို့နယ်ပညာရေးဌာနမှ သတင်းရရှိသည်။
 

Pages

Subscribe to Eleven Media Group RSS