အာဆီယံအနေဖြင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကိစ္စများကို လျစ်လျူရှုနေပါက ဒေသတွင်း အရေးပါ အရာရောက်မှုနှင့် စည်းလုံးမှုကို ပျက်ပြားစေနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံက ထပ်မံသတိပေး

အာဆီယံအနေဖြင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကိစ္စများကို လျစ်လျူရှုနေပါက ဒေသတွင်း အရေးပါ အရာရောက်မှုနှင့် စည်းလုံးမှုကို ပျက်ပြားစေနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံက ထပ်မံသတိပေးခဲ့သည်။

ဧပြီ ၂၆ ရက်က ပြုလုပ်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်အရေးအတွက် ၎င်းတို့၏ စိုးရိမ်မှုများကို ဖိလစ်ပိုင်နိုင်ငံက တင်ပြခဲ့သည်။ သို့သော် မလေးရှားနိုင်ငံ အပါအ၀င် အချို့သော အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့၏ သဘောထားက ၎င်းတို့နှင့် ကွဲလွဲနေသဖြင့် အစည်းအဝေးမပြီးမီ အချိန်တွင် ဖိလစ်ပိုင်နိုင်ငံ၏ ဆွေးနွေးချက် အပြည့်အစုံကို သတင်းထောက်များအား ဖွင့်ချခဲ့သည်။

ထိုင်းငါးဖမ်းစက်လှေပေါ် ရောင်းစားခံခဲ့ရပြီးနောက် လုပ်အားခမရဘဲ တစ်နေ့ ၂၃ နာရီအထိ အလုပ်လုပ်ကိုင်ခဲ့ရသော မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးအနက် ဖခင်ဖြစ်သူ ထွက်ပြေးလွတ်မြောက်လာ

ထိုင်းငါးဖမ်းစက်လှေ တစ်ခုတွင် ရောင်းစားခံရပြီးနောက် လုပ်အားခမရဘဲ တစ်နေ့ ၂၃ နာရီအထိ အလုပ်လုပ်ကိုင်ခဲ့ရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးအနက် ဖခင်ဖြစ်သူ ထွက်ပြေးလွတ်မြောက်လာကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် MWRN မှ သတင်းရရှိသည်။

အဆိုပါ ငါးဖမ်းလှေပေါ်မှ ထွက်ပြေးလွတ်မြောက်လာသည့် မြန်မာအလုပ်သမား တစ်ဦးသည် ဧပြီ ၂၆ ရက်က ထိုင်းနိုင်ငံ၊ မဟာချိုင်ရှိ  ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN ရုံးသို့  လာရောက်အကူအညီ တောင်းခံခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ကျောင်းသားများ လွတ်မြောက်ရေး တောင်းဆိုသည့် လှုပ်ရှားမှုများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများ၌ ပြုလုပ်သွားမည်ဟု အာဆီယံနိုင်ငံမှ လူငယ်များက သဘောထား ပေးခဲ့ကြောင်း သိရ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီအကျဉ်းထောင်၌ ဖမ်းဆီးခံထားရသော အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက် ကျောင်းသားများ လွတ်မြောက်ရေး တောင်းဆိုသည့် လှုပ်ရှားမှုများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် ပြုလုပ်သွားမည်ဟု အာဆီယံနိုင်ငံမှ လူငယ်များက သဘောထားပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြုလုပ်မည့်အကြောင်းကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် Asean People’s Forum 2015 သို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံမှ လူငယ်များထံမှ သိရခြင်းဖြစ်သည်။

ရန်ကုန်မြို့၏ ရေရှည်တည်တံ့သော မြို့ပြသွားလာမှု စီမံခန့်ခွဲရေး ဥရောပသမဂ္ဂ စီမံကိန်းအတွက် ဥရောပသမဂ္ဂမှ ယူရိုခြောက်သိန်းကျော် ကူညီမည်

ရန်ကုန်မြို့၏ ရေရှည်တည်တံ့သော မြို့ပြသွားလာမှု စီမံခန့်ခွဲရေး ဥရောပသမဂ္ဂ စီမံကိန်းအတွက် ဥရောပသမဂ္ဂမှ ယူရို ခြောက်သိန်းကျော် ကူညီမည်ဖြစ်ကြောင်း ဧပြီ ၂၇ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့် “ရန်ကုန်မြို့၏ ရေရှည်တည်တံ့သော မြို့ပြသွားလာမှု စီမံခန့်ခွဲရေး ဥရောပသမဂ္ဂ စီမံကိန်း” စတင်ခြင်း အခမ်းအနားတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းရေးဆွဲရေးဌာနခွဲမှ လက်ထောက်ဌာနမှူး ဦးဝင်းနိုင်ထွန်းက ပြောကြားသည်။

ဧပြီလ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

တရုတ်၏လုပ်ရပ်များကို အာဆီယံက သတိပေးပြီ

၂၆ ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲကို မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည်။ ယခု အာဆီယံ ဆွေးနွေးပွဲတွင် ထူးခြားချက်များအနက် တောင်တရုတ်ပင်လယ် အရေးကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များအပေါ် အာဆီယံအနေဖြင့် သတိပေးခဲ့ခြင်းပင်ဖြစ်သည်။ ပထမနေ့ ဆွေးနွေးပွဲများအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

စာရေးဆရာထင်လင်းဦး ရုံးချိန်းအား မန္တလေးမြို့ မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော်မှ သက်သေထွက်ဆို

 ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၃ ရက် ညပိုင်းအချိန် ချောင်းဦးမြို့နယ် သုံးပန်လှ ကျေးရွာ၌ ပြုလုပ်သည့် ဆရာတော်ဦးဝိစာရ မွေးနေ့အထိမ်းအမှတ် စာပေဟောပြောပွဲတွင် “မထူးတော့တဲ့စိတ်နှင့် မထူးတော့တဲ့ဘ၀” ခေါင်းစဉ်ဖြင့် စာပေဟောပြောခဲ့စဉ်က ဘာသာသာသနာအား စော်ကားပုတ်ခတ်ပြောဆိုမှုများ ပါဝင်ခဲ့သည်ဟု စွပ်စွဲကာတရားစွဲတင်ခဲ့သည့် အမှုအား ဧပြီ ၂၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် တရားရုံးတွင် (၁၆) ကြိမ်မြောက်ရုံးချိန်းအဖြစ် ခေါ်ယူကာ စွပ်စွဲခံထားရသည့် စာရေးဆရာ ထင်လင်းဦးဘက်မှ သက်သေအဖြစ် လိုက်ပါဆောင်ရွက်ပေးသည့် မန္တလေးမြို့ မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယာဝံသအား စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးဒေသခံများ တင်ပြသည့် အခက်အခဲများနှင့် ပတ်သက်ပြီး မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေး

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာ ၆၀ ကျော်မှ ဒေသခံများ၊ NLD ပါတီဝင်များသည် ဧပြီ ၂၇ရက် မွန်းလွဲပိုင်းက ကော့မှူးမြို့ရှိ NLD ပါတီ မြို့နယ်ရုံးတွင် တွေ့ဆုံခဲ့ရာ ယင်းတွေ့ဆုံပွဲ တွင်ဒေသခံများက ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြခဲ့ကြသည်။

တစ်နိုင်ငံလုံးရှိ မြေယာပြဿနာများကို ကော်မရှင်၊ ဗဟိုကော်မတီတို့၏ ပူးပေါင်းစစ်ဆေးမှုများအပေါ် လက်ရှိအစိုးရ အနေဖြင့် ဖြေရှင်းပေးမှု ကြန့်ကြာပါက နောက်အစိုးရသက်တမ်းသို့ ကူးသွားနိုင်ဟု လယ်ယာမြေစုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ပြောကြား

တစ်နိုင်ငံလုံးရှိ လယ်ယာမြေ ပြဿနာများကို လွှတ်တော်လယ်ယာမြေ စုံစမ်းရေးကော်မရှင်နှင့် မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီ ပူးပေါင်းအဖွဲ့၏ ပူးပေါင်းစစ်ဆေးမှုများအပေါ် လက်ရှိအစိုးရအနေဖြင့် ဖြေရှင်းရာတွင် ကြန့်ကြာမှုများ ရှိနေပါက နောက်အစိုးရသက်တမ်းသို့ ကူးသွားနိုင်ကြောင်း လယ်ယာမြေ စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးခိုင်မောင်ရည်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကိုယ်ပိုင်ကျောင်း ၁၀၀ ၀န်းကျင် ဖွင့်လှစ်ခွင့် လျှောက်ထားခဲ့ပြီး ခွင့်ပြုကျောင်းစာရင်းအား လာမည့်ပညာသင်နှစ် ကျောင်းဖွင့်ကာလမတိုင်မီ ထုတ်ပြန်ကြေညာပေးမည်

၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကိုယ်ပိုင်ကျောင်း ၁၀၀ ၀န်းကျင် ဖွင့်လှစ်ခွင့် လျှောက်ထားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အခြေခံပညာ ဦးစီးဌာနရုံးမှ သိရသည်။

ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ခွင့်ပြုမည့် ကျောင်းစာရင်းများအား လာမည့်ပညာသင်နှစ်မတိုင်မီ ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နစ်မြုပ်ခဲ့သည့် ရုရှားငါးဖမ်းသင်္ဘောမှ အသက်ရှင်ကျန်ရစ်သော သင်္ဘောသားများနှင့် သေဆုံးသူ သင်္ဘောသားများ၏ စာချုပ်စာတမ်းပါ နစ်နာကြေး၊ အသက်အာမခံကြေး၊ လစာ၊ အခြား ရသင့်ရထိုက်မှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်း

နစ်မြှုပ်ခဲ့သည့် DalniyVostok အမည်ရှိ ရုရှားငါးဖမ်းသင်္ဘော၌ ပါဝင်ခဲ့သော အသက်ရှင်ကျန်ရစ်သူ မြန်မာနိုင်ငံသား သင်္ဘောသားများ၊ သေဆုံးခဲ့သည့် သင်္ဘောသား မိသားစုဝင်များနှင့် မြန်မာပင်လယ်ကူးသဘောင်္သားများ အဖွဲ့ချုပ်တို့ ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် ယုဇနဟိုတယ် တတိယထပ်ရှိ မြန်မာပင်လယ်ကူးသင်္ဘောသားများ အဖွဲ့ချုပ်ရုံး၌ တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ရှင်းလင်းပွဲတွင် အသက်ရှင်ကျန်ရစ်သော သင်္ဘောသားများနှင့် သေဆုံးသူ သင်္ဘောသားများ၏ စာချုပ်စာတမ်းပါ နစ်နာကြေး၊ အသက်အာမခံကြေး၊ လစာနှင့် အခြား ရသင့်ရထိုက်မှုများကို မည်ကဲ့သို့ ရရှိနိုင်မည့် အကြောင်းရင်းများကို သင်္ဘောသား မိဘများမှ မေးမြန်းခဲ့ကြသည်။

Pages

Subscribe to Eleven Media Group RSS