ချင်းတွင်းမြစ်ရေ ဆက်လက်မြင့်တက်နေပြီး ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာများတွင် ရေကြီးရေလျှံခြင်းကြောင့် ကူညီကယ်ဆယ်မှုများ လိုအပ်

မြန်မာနိုင်ငံ မြောက်ဖျားပိုင်းနှင့် အနောက်မြောက်ဒေသတို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုတို့ကြောင့် ချင်းတွင်းမြစ်ရေ ဆက်လက်တက်ခဲ့ပြီး ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်တို့ရှိ ရပ်ကွက်များ၊ ကျေးရွာများသို့ ရေ၀င်ရောက်ခဲ့ပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်လျက်ရှိသည်ဟု သိရှိရပါသည်။

ရွေးကောက်ပွဲများနှင့် နိုင်ငံရေးအကြမ်းဖက်မှု

နိုင်ငံရေး အကြမ်းဖက်မှုဟူသည် နိုင်ငံရေးဆိုင်ရာ ပန်းတိုင်တစ်ရပ် ရယူရန်အတွက် ကမ္ဘာတစ်လွှားရှိ ပြည်သူများနှင့် အစိုးရအဖွဲ့များက အသုံးပြုတတ်ကြသော နည်းလမ်းတစ်ရပ်ဖြစ်သည်။ အုပ်စုအသီးသီးနှင့် လူပုဂ္ဂိုလ် အသီးသီးတို့က ၎င်းတို့၏ နိုင်ငံရေးစနစ်များသည် ၎င်းတို့၏ နိုင်ငံရေး လိုလားချက်များကို မည်သည့်အခါမှ တုံ့ပြန်ပေးလိမ့်မည် မဟုတ်ဟု ယုံကြည်လာသည့် အခါတွင် ဖြစ်ပွားသည်။ သူတို့က အကြမ်းဖက်မှုသည်သာ မျှတအောင် လုပ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ရုံသာမက ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များကို ရရှိရန်အတွက် လိုအပ်သည်ဟု ယုံကြည်လာကြသောကြောင့် ဖြစ်သည်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့၌ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ကျင်းပသော အလှူပွဲ ဖိတ်ကြားရာတွင် NLD ပါတီအား ပုတ်ခတ်ထားသည့် မဘသအဖွဲ့ လက်ကမ်းစာများပါ ဖြန့်ဝေခဲ့ဟုဆို

စက်တင်ဘာ ၃ ရက်တွင် တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ် ပန်းတောရွာရှိ ကွမ်းအုံမော်ကျောင်း ၌ ပြုလုပ်မည့် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအတွက် ဖိတ်ကြားစာများကို စက်တင်ဘာ ၁ ရက်က ပေးဝေရာ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်အား မဘသအဖွဲ့ကြီး၏ အမျိုးစောင့်ဥပဒေကို ကန့်ကွက်ခဲ့သည့် ပါတီဖြစ်ခြင်းကြောင့် မဲပေးရွေးချယ်ခြင်းမပြုရန် အပုပ်ချရေးသားထားသည့် မဘသအဖွဲ့မှ ထုတ်ပြန်ချက် လက်ကမ်းစာများအား ဖိတ်စာနှင့်တွဲ၍ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။

စက်မှုဇုန်များတွင် အမှန်တကယ် လုပ်ကိုင်ခြင်းမရှိဘဲ မြေကွက်ရယူထားသူများ၊ ငှားရမ်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များစာရင်း မရှိမှုများမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် အလုပ်လုပ်မှု မရှိခြင်းနှင့် ကိုယ့်လိပ်ပြာ ကိုယ်မလုံ၍ ဖြစ်မည်ဟု ဒေါက်တာမြတ်ဥာဏစိုး ဝေဖန်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် အမှန်တကယ် လုပ်ကိုင်ခြင်းမရှိဘဲ မြေကွက်ရယူထားသည့် စာရင်းနှင့် ငှားရမ်းသုံးစွဲနေရသည့် လုပ်ငန်းရှင်များ စာရင်းကို ပြုစုထားခြင်းမရှိမှုမှာ တိုင်းဒေသကြီး အစိုးရအနေဖြင့် အမှန်တကယ် အလုပ် မလုပ်ခြင်းနှင့် ကိုယ့်လိပ်ပြာ ကိုယ်မလုံ၍ ဖြစ်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက ဝေဖန် ပြောကြားသည်။

ကောင်စီဝင် ၂၉ ဦးဖြင့် သတင်းမီဒီယာ ကောင်စီကို ဖွဲ့စည်းမည်ဖြစ်ပြီး ထောင်နှင့်ချီသော သတင်းမီဒီယာ သမားများ ကိုယ်စားပြုအဖြစ် ကိုးဦးနေရာသာ ယှဉ်ပြိုင်ရွေးချယ်ခွင့် ရမည်

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဖွဲ့စည်းရာတွင် ကောင်စီဝင် ၂၉ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်သော်လည်း ထောင်နှင့်ချီသော သတင်းမီဒီယာသမားများ ကိုယ်စားပြုအဖြစ် ရှစ်ဦးသာ ယှဉ်ပြိုင်ရွေးချယ်ခွင့် ရရှိမည်ဖြစ်ကြောင်း ရွေးကောက်မည့် စည်းမျဉ်းများအရ သိရသည်။

စက်တင်ဘာ ၃ ရက်က ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ရွေးချယ်တင်မြှောက်ခြင်းနှင့် ပတ်သက်သည့် သတင်းမီဒီယာ ရှင်းလင်းပွဲတွင် ချပြသည့် စည်းမျဉ်းများအရ သိရသည်။

ဇနီးဖြစ်သူ၏ လိမ်လည်မှုနှင့်ပတ်သက်၍ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးအား ညဥ့်သန်းခေါင်အချိန် ၀င်ရောက်ဖမ်းဆီး

ထွက်ပြေးတိမ်းရှောင်နေသူ မိန်းမဖြစ်သူ၏ အမှုဟောင်းကို ပြန်လည်ဖော်ထုတ်ကာ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးအား ညဥ့်သန်းခေါင် အချိန်တွင် ၀င်ရောက်ဖမ်းဆီးကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် NLD အတွင်းရေးမှူး ဦးညီညီရွှေအား လွန်ခဲ့သော တစ်နှစ်ခန့်က သူ၏ မိန်းမအား စွဲထားသော ပုဒ်မ ၄၂၀ အစား အာမခံမရသော ပုဒ်မ ၄၀၆ ပြောင်းလဲဖွင့်လှစ်ပြီး၊ စက်တင်ဘာ ၂ ရက် ည ၁၂ နာရီခန့်အချိန်တွင် ရဲတပ်ဖွဲ့မှက ရှောင်တခင် ၀င်ရောက်ဖမ်းဆီးခဲ့ကာ တောင်ကြီးအမှတ် (၁) ရဲစခန်း အချုပ်ထဲသို့ ထည့်ထားကြောင်း သတင်းရရှိသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဖောက်ထွင်းခံရ

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးအား စက်တင်ဘာ ၂ ရက်တွင် ဖောက်ထွင်းခံရ၍ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

အဆိုပါ ဖောက်ထွင်းခံရမှုမှာ စက်တင်ဘာ ၂ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမှတ် (၁) မြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် ၀င်ရောက်စစ်ဆေးခဲ့ရာ ပျောက်ရှမှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

ရှားတောမြို့နယ်တွင် ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ဆွေမျိုးတော်စပ်သူများအား မဲရုံတာဝန် ထမ်းဆောင်ခိုင်းခြင်း မရှိတော့

ကယားပြည်နယ် ရှားတောမြို့နယ်တွင် ရွေးကောက်ပွဲတွင် မဲရုံ၌ တာဝန်ထမ်းဆောင်မည့် သူများအား စိစစ်ရွေးချယ်ပြီးနောက်တွင် ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်းနှင့် ဆွေးမျိုးတော်စပ် သူများအား မဲရုံတာဝန်ပေးခြင်း မပြုတော့ကြောင်း ဒေသခံတိုင်းရင်းသား ပါတီများထံမှ သိရသည်။

အကျဉ်းထောင်အက် ဥပဒေဖြင့် တရားစွဲခံရသည့် ဖမ်းဆီးခံကျောင်းသား ခုနစ်ဦးအား သာယာဝတီမြို့နယ် တရားရုံးတွင် (၈) ကြိမ်မြောက် ရုံးထုတ်

ထောင်တွင်းသို့ ယူဆောင်ခွင့် ပိတ်ပင်တားမြစ်ထားသည့် ဆေးလိပ်များ ယူဆောင်လာသောကြောင့် အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ ၄၂ ဖြင့် တရားစွဲခံထားရသည့် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများနှင့် ၀န်းရံပြည်သူများအနက် ခုနစ်ဦးကို စက်တင်ဘာ ၃ ရက်က သာယာဝတီမြို့နယ် တရားရုံးတွင် (၈) ကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သိမ်းဆည်းခံထားရသည့် လယ်ယာမြေများ ပြန်လည်ရရှိရန် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာရှိ လယ်သမား ၁၀၀ ကျော် ဆန္ဒထုတ်ဖော်

သိမ်းဆည်းခံထားရသည့် လယ်ယာမြေများ ပြန်လည်ရရှိရန် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာရှိ လယ်သမား ၁၀၀ ကျော်တို့သည် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

လယ်သမားများသည် သိမ်းဆည်းခံထားရသည့် ၎င်းတို့၏ လယ်မြေဧက ၇၀၀ ကျော်အား ပြန်လည်ရရှိရန် အတွက် ခွင့်ပြုမိန့်ဖြင့် အမှတ် (၃) လမ်းမ သင်္ဃန်းကျွန်းကြီး ကျေးရွာရှိ ညောင်ပင်မှတ်တိုင်မှ ပေါက်ကုန်းကျေးရွာ လမ်းအတိုင်း ချီတက်ဆန္ဒပြကာ ကျိုက္ကလို့ ဘောလုံးကွင်းတွင် စုဝေးကာ ဟောပြောလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Pages