ဘားအံမြို့နယ် အိန္ဒဲကျေးရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် NLD ရပ်/ကျေးဥက္ကဋ္ဌ၏ ရုပ်အလောင်းအား ပြန်လည်တူးဖော်ပြီး ကော့သင်းရှူးကျေးရွာ သုသာန်တွင် မီးသင်္ဂြိုဟ်

ဘားအံမြို့နယ် အိန္ဒဲကျေးရွာ၌ သေနတ်ဖြင့် ပစ်သတ်ခံရသည့် NLD ရပ်/ကျေးဥက္ကဋ္ဌ အလောင်းအား ဇူလိုင် ၃ ရက်တွင် မြေမြုပ်ခဲ့ပြီး ကရင်ရိုးရာထုံးစံအရ ပြန်လည်တူးဖော်ကာ ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီက ကော့သင်းရှူး ကျေးရွာသုသာန်တွင် ပြန်လည်မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
 

ယခုနှစ် နှစ်ဝက်အတွင်း လူငယ်များ အုပ်စုဖွဲ့လူသတ်မှုနှင့် အခြားရာဇ၀တ်မှု ကျူးလွန်သည့်ဖြစ်စဉ် ၅၆ မှုရှိလာပြီး အများစုမှာ ငွေကြေးလိုအပ်မှုကြောင့် ကျူးလွန်နေကြခြင်းဟု ဆို

၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအတွင်း လူငယ်များ အုပ်စုဖွဲ့လူသတ်မှုကျူးလွန်ခြင်း နှင့် အခြားရာဇ၀တ်မှုများ ကျူးလွန်သည့်ဖြစ်စဉ်များမှာ ၅၆ မှုအထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
 
ယင်းကဲ့သို့ ဆယ်ကျော်သက်လူငယ်များ အပါအ၀င် ၂၀ ၀န်းကျင် လူငယ်များ ပြစ်မှုကျူးလွန်နေကြခြင်းမှာ ငွေကြေးလိုအပ်မှုများကြောင့် အများဆုံးကျူးလွန်နေခြင်း ဖြစ်ကြောင်း သိရသည်။
 

ပန်းတောင်းမြို့နယ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ကျပ် ၂၁၉ သန်းဖြင့် တည်ဆောက်ခဲ့သည့် ရွှေတံငါတံတား ဖွင့်လှစ်ပြီး နှစ်လအကြာတွင် ကျိုးကျသဖြင့် ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ပေါ်

ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ ရွှေတံငါချောင်းတံတား ကျိုးကျခဲ့ရာ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
 

ခရီးသည် ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် E-Lite Express ရန်ကုန်-ပြင်ဦးလွင် မော်တော်ယာဉ်လိုင်းပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်း

မန္တလေးတိုင်းဒေသကြီးအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး  တံတားဦးအ၀ိုင်းတွင် မေ ၃၁ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍  ခရီးသည်ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် E-Lite Express ရန်ကုန်-ပြင်ဦးလွင် မော်တော်ယာဉ်လိုင်းကို ဇူလိုင် ၁ ရက်မှစ၍ ပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
 

တရားမ၀င် လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိခြင်းကို တွေ့ရှိပါက လက်နက်များအက်ဥပဒေ ပုဒ်မအရ အရေးယူမည်ဖြစ်ပြီး တရားမ၀င် ကိုင်ဆောင်ပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအပ်နှံကြရန် ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

တရားမ၀င် လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိခြင်း တွေ့ရှိပါက ၁၈၇၈  ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး တရားမ၀င် လက်နက်ကိုင်ဆောင်ထားပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအပ်နှံကြရန် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ဇူလိုင် ၄ ရက်ထုတ်  အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြခဲ့သည်။
 

ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကသို့ လွှဲ၍ အမှိုက်သိမ်းခတိုးမြှင့်မည့် အစီအစဉ် မြို့နေလူထု ၈၀ ဒသမ ၂ ရာခိုင်နှုန်းက သဘောမတူသဖြင့် အစီအစဉ်ရပ်ဆိုင်း

ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကသို့ လွှဲပြောင်း၍ အမှိုက်သိမ်းဆည်းခ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အပေါ် ရန်ကုန်မြို့နေလူထု၏ ဆန္ဒသဘောထား ကောက်ခံရာ ၈၀ ဒသမ ၂ ရာခိုင်နှုန်းက သဘောမတူသဖြင့် လွှဲပြောင်းမည့်အစီအစဉ် အားရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
 

အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ ညီလာခံတွင် ကျန်းမာရေးဝန်ထမ်းများ အပါအ၀င် ၂၄ နှစ်အောက်လူငယ်များ အခမဲ့တက်ရောက်ခွင့်ပြုရန် စီစဉ်

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လက်ခံကျင်းပမည့် အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာညီလာခံတွင် ကျန်းမာရေးဝန်ထမ်းများအပါအ၀င် အသက် ၂၄ နှစ်အောက် လူငယ်များအား အခမဲ့တက်ရောက်နိုင်ရန်အတွက် စီစဉ်ပေးထားကြောင်း သိရသည်။
 
ယင်းညီလာခံတွင် နိုင်ငံတကာအသီးသီးမှ ပညာရှင်များ၊ လူငယ်များ တက်ရောက်မည်ဖြစ်ကာ မြန်မာနိုင်ငံမှလူငယ်များအတွက်လည်း ယင်းညီလာခံတက်ရောက်ရန် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ကာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) အဖွဲ့မှ ကုန်ကျစရိတ်များအား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
 

ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီ ၃၄ ခုကို လိုင်စင်ချထားပေးခဲ့ပြီး Network Facilities နှင့် Application Service လိုင်စင်တို့ အများဆုံးပါဝင်

ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီ ၃၄ ခုကို လိုင်စင်ချထားပေးခဲ့ပြီး  Network Facilities နှင့် Application Service လိုင်စင်တို့ အများဆုံးပါဝင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
 
မေလနှင့် ဇွန်လအတွင်း၌ ပြည်တွင်း ပြည်ပ နည်းပညာကုမ္ပဏီ ရှစ်ခုကို လိုင်စင်ချထားပြီး လိုင်စင်ရရှိသည့် နည်းပညာကုမ္ပဏီအများစုမှာ ပြည်တွင်းကုမ္ပဏီ ပိုမိုများသည်ဟု သိရသည်။
 

မြန်မာ့ဆက်သွယ်ရေးက လက်ရှိအသုံးပြုနေသည့် 2G ကွန်ရက်အစား အင်တာနက်လိုင်း ပိုမိုမြန်ဆန်သည့် 3G ကွန်ရက်ကို ယခုနှစ်အတွင်း အပြီးသတ် လုပ်ဆောင်မည်

မြန်မာ့ဆက်သွယ်ရေးမှ လက်ရှိအသုံးပြုနေသည့် 2G ကွန်ရက်အစား အင်တာနက်လိုင်း ပိုမိုမြန်ဆန်သည့် 3G မိုဘိုင်းကွန်ရက်ကို ယခုနှစ်အတွင်း အပြီးသတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် 2G မိုဘိုင်းကွန်ရက်များ တည်ဆောက်နေပြီး လက်ရှိတွင် နေပြည်တော်အမြန်လမ်းမကြီးတစ်လျှောက်တွင် 3G  မိုဘိုင်းကွန်ရက်များကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
 

ဖုန်းပြောခ တစ်မိနစ် ၂၀၊ ၂၅ ကျပ် ၊ အနိမ့်ဆုံးလုပ်ခလစာ တစ်မိနစ် ၇ ကျပ် ပြား ၅၀

အလုပ်သမားများ၏ အခြေခံလစာနှုန်းထား သတ်မှတ်နိုင်ရေးအတွက် တောင်းဆိုမှုများ၊ လှုပ်ရှားမှုများမှသည် မြန်မာနိုင်ငံဒေသအသီးသီးတွင် စစ်တမ်းများကောက်ယူခြင်းအထိ လုပ်ဆောင်ခဲ့ကြပြီး နောက်ဆုံးတွင် တစ်ရက် လုပ်ခလစာနှုန်းထားကို သတ်မှတ်နိုင်ခဲ့ပြီဖြစ်သည်။ တစ်ရက်လျှင် အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
 

Pages

Subscribe to Eleven Media Group RSS