မန္တလေးမြို့တွင် အမြွှာညီအစ်ကို နှစ်ဦးထံမှ သေနတ်များ တွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေရာ စုစုပေါင်း သေနတ် ၃၂ လက်အထိ ဖမ်းဆီးရမိ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် အမြွှာညီအစ်ကို နှစ်ဦးထံမှ ဇွန် ၂၆ ရက် ညပိုင်းတွင် သေနတ်များ တွေ့ရှိရာမှ ဆက်လက်ရှာဖွေရာ ဇွန် ၃၀ ရက်အထိ သေ နတ် ၃၂ လက်အထိ တွေ့ရှိဖမ်းဆီး ရမိထားကြောင်း သတင်းရရှိသည်။

ထိုကဲ့သို့ သေနတ်အများအပြား ထပ်မံရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်ပြီး စုံစမ်းဆေးနေကြောင်းနှင့် အမှုကွင်းဆက်များထံမှ လက်နက်များ ထပ်မံသိမ်းဆည်းရမိရန် ဆောင်ရွက်နေသဖြင့် အမှုပြီးပြတ် တရားစွဲတင်သည့် အဆင့်ရောက်မှသာ အသေးစိတ်ထုတ်ပြန်ရန် ဖြစ်နိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြောကြားသည်။

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်ပါက လာမည့်စက်တင်ဘာလတွင် စက်ရုံများပိတ်သိမ်း၍ အိမ်ပြန်မည်ဖြစ်ကြောင်း တရုတ်နှင့် ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များ ခြိမ်းခြောက်ပြောကြား

မြန်မာနိုင်ငံအနေဖြင့် တစ်ရက်အနည်းဆုံးအခကြေးငွေ တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ပါက လာမည့်စက်တင်ဘာလတွင် စက်ရုံပိတ်သိမ်း၍ အိမ်ပြန်ကြမည်ဖြစ်ကြောင်းဖြစ်ကြောင်း တရုတ်နှင့် ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များက ဇူလိုင် ၂ ရက်တွင်ပြုလုပ်သည့် အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏အစည်းအဝေးတွင် ခြိမ်းခြောက်ပြောကြားမှုပြုလုပ်ခဲ့သည်။

ဖမ်းဆီးခံကျောင်းသားနှင့် ၀န်းရံပြည်သူ ၇ ဦးကို ထောင်စည်းကမ်းဖောက်မှုဖြင့် တိုက်ပိတ်ခဲ့ပြီး အကျဉ်းထောင် ဥပဒေပုဒ်မဖြင့် တရားစွဲမည်ဟု သတင်းထွက်

မြင်းခြံဒီဂရီကောလိပ်ရှိ နိုင်ငံတော်အလံဖြုတ်ချခဲ့မှု၊ ဆန္ဒပြခဲ့မှုများကြောင့် ဖမ်းဆီးထားသူ(၈)ဦးကို ရုံးထုတ်စစ်ဆေး

ဖွဲ့စည်းပုံပြင်ဆင်ရေး၌ မူလအတိုင်း ရပ်ခံငြင်းဆိုခြင်းကြောင့် အပစ်ရပ်စဲရေးလက်မှတ် မထိုးနိုင်ဘဲ စစ်ပွဲများ ပြန်ဖြစ်မည်ကို စိုးရိမ်ဟု NLD ကိုယ်စားလှယ်ဆွေးနွေး

မြို့တော်ခန်းမ ထွက်ပေါက်ရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြခြင်းကြောင့် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ် ၆ လစီချခံခဲ့ရသည့် မိချောင်းကန်ဆန္ဒပြသူ ၁၄ ဦး ပြန်လည်လွတ်မြောက်

တနင်္သာရီတိုင်းဒေသကြီးတွင် မဲစာရင်းမှားယွင်းမှု ပြန်လည်လျှောက်ထားရန် ရက်အကန့်အသတ်မရှိ ခွင့်ပြုထားသော်လည်း မဲစာရင်းအပေါ် လူထုစိတ်ဝင်စားမှုနည်းပါး

တနင်္သာရီတိုင်းဒေသကြီးတွင် မဲစာရင်းမှားယွင်းမှု ပြန်လည်လျှောက်ထားရန်အတွက် ရက်အကန့်အသတ်မရှိ ခွင့်ပြုထားသော်လည်း မြိတ်မြို့နယ်တွင် မဲစာရင်းအပေါ် ပြည်သူလူထု စိတ်ဝင်စားမှုနည်းပါးနေကြောင်း ခရိုင်ကော်မရှင်အရာရှိ ဦလှိုင်ဘွားကပြောကြားသည်။
    
မြိတ်ခရိုင်အတွင်း မဲဆန္ဒစာရင်းကြေညာမှုကို ပြီးခဲ့သည့် ဇွန် ၈ ရက်မှ ၂၁ ရက်အထိ ၁၄ ရက်ကြာကြေညာပေးခဲ့ပြီး အချက်အလက်မှားယွင်းမှု အများဆုံးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
    

မြိတ်ခရိုင်ရှိ မဲစာရင်းများတွင် အမည်မပါဝင်ခြင်း၊ အချက်အလက်မမှန်ခြင်း၊ ကွယ်လွန်သူများ ပါဝင်နေခြင်းအတွက် ပြန်လည်လျှောက်ထားမှု သုံးသောင်းနီးပါးရှိနေ

မြ၀တီ အာရှလမ်းသစ်တစ်တန်ကူးဂိတ်အနီးတွင် တပ်မတော်နှင့် DKBA ပစ်ခတ်မှုဖြစ်ပွား

မြ၀တီဒေါနတောင်ပတ်လမ်း အာရှလမ်းသစ်တစ်တန်ကူး(နားမကြားဂိတ်) ဂိတ်အနီးတွင် တပ်မတော်နှင့် DKBA တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တပ်မတော်ဘက်မှ သုံးဦးဒဏ်ရာရပြီး DKBA ဘက်မှ နှစ်ဦးဒဏ်ရာရရှိကြောင်း သိရပြီး မြ၀တီနယ်စပ်သို့သွားမည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များသွားလာခြင်းကို တားမြစ်ထားကြောင်းလည်း သိရသည်။

"ကားလမ်းဟောင်းတော့ဖွင့်ထားပါတယ်။ လမ်းသစ်တော့ပေးမသွားပါဘူး။ ပစ်ခတ်မှုဖြစ်နေတော့ အန္တရာယ်များတာပေါ့။ တည်ငြိမ်စပြုနေတဲ့အခြေအနေမှာ အခုလိုပြန်ဖြစ်လာတော့ ဒေသခံတွေ စီးပွားရေးလာလုပ်စားသူတွေအတွက် လုံးဝမကောင်းပါဘူး" ဟု မော်လမြိုင်-ကော့ကရိတ် ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းကို စိတ်ဝင်စားသူနည်းပါးပြီး စာရင်းမှားများမှုအပေါ် လာရောက်ပြုပြင်မှုလည်း မရှိသလောက်ဖြစ်နေသဖြင့် ရခိုင်အမျိုးသားပါတီက မဲစာရင်းတောင်းယူဖြန့်ဝေမည်

ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒရှင်များစာရင်းကို ထုတ်ပြန်ခဲ့သော်လည်း စိတ်ဝင်စားသူနည်းပါးနေပြီး စာရင်းမှားများအပေါ် လာရောက်ပြုပြင်မှုလည်း မရှိသလောက်ရှားပါးနေသဖြင့် မဲစာရင်းများကို ရခိုင်အမျိုးသားပါတီမှတောင်းယူကာ ပြည်သူများသို့ ဖြန့်ဝေမည်ကြောင်း သိရသည်။

ရပ်ကွက်ကျေးရွာများအလိုက် အခြေခံမဲဆန္ဒရှင်များစာရင်းကို  ဇွန် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း မဲဆန္ဒရှင်စာရင်းအမှားများအပေါ် ဒေသခံများ စိတ်ဝင်စားမှုနည်းပါးခြင်းသည် မဲပေးခွင့်အပေါ် အာရုံစိုက်မှုနည်းပါးခြင်းကို ပြသနေခြင်းဖြစ်ကြောင်း ဒေသခံများကသုံးသပ်ကြသည်။

Pages

Subscribe to Eleven Media Group RSS